၁၉၈၀ ပြည့်နှစ်ဝန်းကျင်က လီဗာပူးရဲ့စံချိန်ကို လိုက်မီဖို့ နီးစပ်လာတဲ့ မန်စီးတီး

အင်္ဂါနေ့ညက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးက ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ ရာသီဆက်တိုက် လိဂ်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီး အသင်းဟာ ယခုနှစ်မှာပါ ချန်ပီယံထပ်ဖြစ်ခဲ့မယ်ဆိုရင် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တုန်းက လီဗာပူးအသင်းတင်ထားတဲ့ ၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့ စံချိန်ကို လိုက်မီတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပုံစံကောင်းတွေ ပျောက်ဆုံးနေတဲ့ အာတီတာရဲ့ အာဆင်နယ်အသင်းကို အညှာအတာကင်းမဲ့စွာနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အယ်နီနီ၊ ဆီဘယ်လို့စ်၊ မစ်လန်း နီးလက်စ် စတဲ့ ကွင်းလယ်လူတွေအပြင် ဝီလော့ခ်၊ မာတီနယ်လီ၊ လာကာဇက်တို့နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ခံစစ်မှာ မူစတာဖီ၊ ဂါဘရီရယ်တို့အတွဲနဲ့ မန်ချက်စတာစီးတီးကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပွဲစကတည်းက အပြန်အလှန်တိုက်စစ်ဆင်ကစားနိုင်ခဲ့ကြပြီး မန်စီးတီးအသင်းက ပွဲစဉ်တစ်လျှောက် လွှမ်းမိုးကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုအပိုင်းမှာလည်း အာဆင်နယ်အသင်းထက် ထက်ဝက်ကျော် ရရှိခဲ့ပါတယ်။

မန်ချက်စတာစီးတီးအတွက် အဖွင့်ဂိုးကိုတော့ ပွဲအစ ၃ မိနစ်မှာ ဂျီးဆပ်က စတင်သွင်းယူပေးနိုင်ခဲ့ပြီး ပွဲကစားချိန် ၃၂ မိနစ်မှာ လာကာဇက်တီက ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားမြှင့်လာတဲ့ မန်စီးတီးအသင်းအတွက် ၅၅ မိနစ်၊ ၅၉ မိနစ်နဲ့ ၇၃ မိနစ်တို့မှာ မာရက်ဇ်၊ ဖို်ဒန်၊ လာပို့တ်တို့က ဂိုးတွေ အသီးသီး သွင်းယူပေးသွားခဲ့ကြတာဖြစ်ပါတယ်။