ရော်နယ်ဒိုရဲ့ဂိုးကန်သွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့ဖူးတဲ့ ကာဘာလီရို

တကယ်လို့ သင်သာဂိုးသမားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ပင်နယ်တီ ကာကွယ်လိုက်ရတာလောက် စိတ်ကျေနပ်စရာကောင်းတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။

ဘလွန်းဒီအော် ၅ ဆုရှင် ခရစ်စတီယာနိုရော်နယ်ဒိုကန်တဲ့ ပင်နယ်တီကိုသာ ကာကွယ်နိုင်ခဲ့တာဆိုရင် ဘယ်လောက်တောင် စိတ်ထဲမှာ ခံစားရမလဲဆိုတာ ပြောပြတတ်မှာမဟုတ်ပါဘူး။ ဂိုးသမားတော်တော်များများက ရော်နယ်ဒိုရဲ့ ပင်နယ်တီကို မကာကွယ်နိုင်ခဲ့ပေမယ့် မန်စီးတီးနဲ့ မာလာဂါဂိုးသမားဟောင်း ကာဘာလီရိုကတော့ ကာကွယ်နိုင်ခဲ့တဲ့ဂိုးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ကာဘာလီရိုဟာ ရော်နယ်ဒိုရဲ့ ပင်နယ်တီကို ကာကွယ်ပြီး သူရဲကောင်းဖြစ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ရော်နယ်ဒိုရဲ့ ရီးရဲမက်ဒရစ်အသင်းကို ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်က မာလာဂါကို ရီးရဲမက်ဒရစ်အသင်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီဝင်အောင် ကန်သွင်းယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ကစားသမားဘဝသက်တမ်းမှာ ပင်နယ်တီ ၁၅၉ လုံးမှာ ၁၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ကာဘာလီရိုက ရော်နယ်ဒိုရဲ့ ပြင်းထန်အားပါတဲ့ ပင်နယ်တီကန်သွင်းချက်ကို ဘယ်ဖက််ခြေထောက်နဲ့ တားဆီးနိုင်ခဲ့လို့ ပျော်ရွှင်ခဲ့ရပေမယ့်လည်း သိပ်မကြာခင်မှာပဲ လူစားလဲလှယ်ခံခဲ့ရပြီး အပျော်ကနေ အပျက်ဖြစ်သွားခဲ့ပါတယ်။ ကာဘာလီရိုဟာ ရော်နယ်ဒိုရဲ့ ပင်နယ်တီကန်သွင်းချက်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပေမယ့် ယင်းဖြစ်စဉ်အပြီး သိပ်မကြာမီမှာပဲ ဒဏ်ရာရရှိပြီး ဆက်ကစားနိုင်ခြင်းမရှိတော့တာကြောင့် လူစားလဲလှယ်ခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ နောက်ဆုံးမှာတော့ ဆာဂျီယိုဆန်းချက်ဇ်၊ မာတင်ဒီမစ်ချယ်လစ်တို့ ထုတ်ပယ်ခံခဲ့ရတဲ့ မာလာဂါအသင်းကို ၆-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။