မက်ဆီရဲ့အခက်ခဲဆုံးပြိုင်ဘက်က ဘယ်သူမှ မထင်မှတ်ထားသူဖြစ်နေ

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက်လုံး ခံစစ်မှူးပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး ခံစစ်မှူးအချို့ကတော့ အခြားကစားသမားတွေထက်ပိုပြီးတော့ ဉာဏ်များတာလည်း ကြုံခဲ့ရမှာဖြစ်ပါတယ်။

ဘလွန်းဒီအော် ၆ ဆုရှင် မက်ဆီက DAZN နဲ့ စကားပြောဆိုခဲ့ရာမှာ ၎င်းရဲ့အခက်ခဲဆုံးပြိုင်ဘက်ကို ပြောပြခဲ့ရာမှာ အံ့အားသင့်ဖွယ်ကောင်းစွာပဲ ဆာဂျီယိုရာမို့စ်နဲ့ ဒီယေဂိုဂိုဒင်တို့လို ကစားသမားတွေကို ငြင်းပယ်ပြီး စပိန်ညာနောက်ခံကစာသးမား ပါဘလိုမက်ဖီအိုကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ၎င်းရင်ဆိုင်ခဲ့ရသမျှ ကစားသမားတွေထဲမှာ ဂျီရိုနာနောက်ခံကစားသမားဟာ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုမျိုး ရှိသူလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လူကပ်ကစားတာက ကျွန်တော့်ကို အနှောင့်အယှက်မဖြစ်စေပါဘူး။ ခက်ခဲတဲ့ပွဲစဉ်တွေ ရှိလိမ့်မယ်ဆိုတာကို ခင်ဗျား သိပြီး အဲဒါက ခင်ဗျားအနားမှာ အမြဲရှိနေတဲ့ တစ်စုံတယောက်ကို ထူးဆန်းအောင် လုပ်နိုင်ပါတယ်”

“အမှန်တော့ အဲဒါက ကျွန်တော် မကြာခဏဖြစ်ပျက်လေ့ရှိတဲ့ဟာမဟုတ်ပါဘူး။ အဲဒါက ကျွန်တော့်ကို အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒါပေမယ့် ထူးတော့ထူးဆန်းပါတယ်”

“ဂျီရိုနာက ပါဘလိုမက်ဖီအိုက လူကပ်ကစားတာ အကြမ်းဆုံးပဲ။ လူကပ်တာက တော်တော်လေးကို ပြင်းထန်ပါတယ်”

“ကျွန်တော်က ဘယ်တုန်းကမှ စောဒကတက်ခဲ့ဖူးတဲ့သူမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနဲ့ ကန်သွင်းမှုတွေက ဘောလုံးရဲ့အစိတ်အပိုင်းပဲလို့ ကျွန်တော် ထင်တယ်”

“ကျွန်တော် ကောင်းကောင်းမကစားနိုင်ရင် ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လာပြီး နည်းနည်းပိုပြီးလည်း ဒေါသဖြစ်လာတယ်။ ဒါပေမယ့် ကျွန်တော် ကောင်းကောင်းကစားနိုင်နေရင်တော့ အဲဒါက ပြဿနာမဟုတ်တော့ပါဘူး။ အဲဒါက ပွဲစဉ်ရဲ့တစ်စိတ်တပိုင်းပဲဖြစ်ပြီး ကျွန်တော် ပုဂ္ဂိုလ်ရေးဆန်ဆန် သဘောမထားပါဘူး”လို့ ပြောကြားခဲ့ပါတယ်။