ဆိုးလ်ရှားဆိုရင် ကစားသမားတွေကို အပြစ်မတင်ဘူးလို့ နှိုင်းယှဉ်ပြီး ဒေါသထွက်ခံနေရတဲ့ လမ်းပတ်

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ ၎င်းရဲ့ကစားသမားတွေခြေစွမ်းပတ်သက်ပြီး အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ လမ်းပတ်ကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ဆိုးလ်ရှားဟာ ဘယ်တော့မှ ကစားသမားတွေကို မီဒီယာ‌ေ‌တွရှေ့မှာ ပြစ်တင်တာမျိုးမပြုလုပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဟန်ဗေးဘန်းစ်နဲ့ ဂျေမီဗာဒီတို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားက လက်စတာစီးတီးရဲ့သွင်းဂိုးတွေနဲ့ပတ်သက်ပြီး အသင်းရဲ့ခံစစ်ပိုင်းကို စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ၎င်းရဲ့ကစားသမားတွေအနေနဲ့ နေရာလွတ်တွေ မရှိအောင် ပိုပြီး ပိတ်ဆို့ထားသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နည်းတူ ကစားသမားတွေကို ရှားရှားပါးပါး လူသိရှင်ကြား ပြစ်တင်ဝေဖန်ဖို့ ရွေးချယ်ခဲ့ပြီး ၎င်းရဲ့ခံစားချက်ကို အဝတ်လဲခန်းထဲမှာသာ အားလုံးသိအောင် ပြောကြားတတ်သူဖြစ်ပါတယ်။ တစ်ဖက်မှာတော့ လမ်းပတ်ဟာ အာဆင်နယ်နဲ့ပွဲအပြီးအင်တာဗျူးမှာ ၎င်းအသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အပြင်ဘက်ကိစ္စတွေကို တာဝန်ယူမှာဖြစ်ပေမယ့် ကစားသမားတွေလည်း တာဝန်ယူရမှာပါ။ ဘာလို့လဲဆိုတော့ သတင်းစကားက ရှင်းလင်းနေလို့ပါ။ ဘောလုံးမှာက အဲဒါက အခြေခံတွေပဲ။ အဲဒါက နည်းဗျူဟာတွေ ဒါမှမဟုတ် စနစ်တွေ မဟုတ်ပါဘူး။ အဲဒါက ခင်ဗျားကို ပြေးလွှားချင်အောင်လုပ်တယ်။ ခင်ဗျား အသင်းဖော်တွေကို ထောက်ပံ့ပေးချင်လား။ ခင်ဗျား အမြန်ပြေးချင်လား ဒါမှမဟုတ် ရွရွလေးပြေးမလား ဒါမှမဟုတ် မပြေးချင်ဘူးလား။ ကျွန်တော်တို့က မှန်ကန်တဲ့တစ်ခုဆိုတာမျိုးထက် အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ဆိုးလ်ရှားရဲ့ကစားသမားတွေကို မီဒီယာတွေရှေ့မှာ ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့အရာတစ်ခုလို့ ယုံကြည်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တစ်ဦးက “လူတွေက သူ့ရဲ့အင်တာဗျူးတော်တော်များများကို နားမလည်နိုင်ကြဘူး။ ဆိုးလ်ရှားက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနည်းပြဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အမြဲတမ်း သူ့ကစားသမားတွေကို ကာကွယ်ပေးပြီး ဒီလိုမျိုး လူသိရှင်ကြားကြီး ဘယ်တော့မှ သူတို့ကို ဝေဖန်မှာမဟုတ်ပါဘူး”လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။