၂၀၁၈-၂၀၁၉ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာအသင်းက လီဗာပူးကို အိမ်ကွင်းအန်းဖီးမှာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် ဒုတိယအကျော့မှာ လီဗာပူးအသင်းက ၄-၀ နဲ့ ပြန်လာနိုင်ခဲ့တာကြောင့် လွယ်လွယ်ကူကူနဲ့ မေ့လို့ရနိုင်တဲ့ပွဲစဉ်မဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။

လီဗာပူးကြယ်ပွင့်ဟောင်း ဆွာရက်ဇ်က ပထမပိုင်းမှာ အသင်းဟောင်းကို အဖွင့်ဂိုး သွင်းယူခဲ့ပြီး လီယွန်နယ်မက်ဆီက ၂ ဂိုးသွင်းယူပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ၎င်းရဲ့ကစားသမားဘဝတလျှောက် အလှပဆုံးအလွတ်တည်ကန်ဘောတွေထဲက တစ်ဂိုးကို မသွင်းယူမီ အနီးကပ်ပိတ်သွင်းယူပြီး ဘာစီလိုနာအသင်းကို ၂-၀ နဲ့ ဦးဆောင်ခွင့်ရယူပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ တတိယမြောက်သွင်းဂိုးကို ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်တဲ့ အယ်လီဆင် ဘယ်လိုမှ ဖမ်းလို့မရအောင် ညာဘက်ဂိုးအပေါ်ထောင့်ကို ကိုက် ၃၀ အကွာကနေ လှလှပပဝေ့ဝိုက်ကန်သွင်းယူပြီး သွင်းဂိုး ၆၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ အားလုံးက ယင်းဂိုးဟာ ဘာစီလိုနာအသင်းကို ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးလိုက်နိုင်ပြီလို့ ကြိုတင်ယူဆခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယင်းပွဲစဉ်က စိတ်ဝင်စားဖွယ် ရုပ်သံဖိုင်အချို့ ထွက်ပေါ်လာခဲ့ပြီး ဘာစီလိုနာကြယ်ပွင့် မက်ဆီဟာ ၎င်းရဲ့အလွတ်တည်ကန်ဘောကို သွင်းယူပြီးနောက် ကိုယ့်ဂိုးဘက်ပြန်သွားဖို့ထက် အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ အောင်ပွဲခံဖို့ အချိန်ယူခဲ့တာကို နားလည်မှုပေးရမှာဖြစ်ပါတယ်။ အချိန်ကလည်း ပွဲကစားချိန်ပြည့်ဖို့ သိပ်မလိုတော့ဘဲ လီဗာပူးအသင်းအတွက် အဝေးဂိုးသွင်းဖို့ကလည်း အချိန်က နည်းသည်ထက် နည်းလာနေပြီဖြစ်ပါတယ်။
မက်ဆီနေရာမှာ ဘယ်လိုကစားသမားမဆို အဲဒီလိုပဲ ပြုမူကြမှာဖြစ်ပေမယ့် ကွင်းလယ်ဒိုင် ဘီယွန်ကိုက်ပါစ်က မက်ဆီ နေရာပြန်ယူဖို့အတွက် ယူခဲ့တဲ့ အချိန်ပမာဏနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တာကြောင့် အာဂျင်တီးနားတိုက်စစ်မှူးကို လှမ်းခေါ်ပြီး လီဗာပူးကို လေးစားမှုပြသဖို့ ပြောခဲ့တာဖြစ်ပါတယ်။
The Referee in charge of Liverpool’s UCL game against Barcelona at the Camp Nou, Björn Kuipers telling Lionel Messi to hurry things up and show #LFC some respect after celebrating scoring his free-kick.
— Watch LFC (@Watch_LFC) November 16, 2020
1 week later, he’s going out the UCL.
pic.twitter.com/RU5VBeTH62
“မက်ဆီရေ။ ဘာကြောင့်လဲ။ လုပ်စမ်းပါ။ သူတို့ကို လေးစားမှုအချို့ ပြသလိုက်စမ်းပါ။ သွား”
“အချိန်တိုင်း မင်း အဲဒါကို လုပ်တယ်။ လုပ်စမ်းပါ။ ဘာကြောင့် အဲဒါကို လုပ်နေရတာလဲ”လို့ ကွင်းလယ်ဒိုင်က ပြောကြားခဲ့တာကို ရုပ်သံဖိုင်မှာ ကြားနိုင်ပါတယ်။
မက်ဆီက ၎င်းမှာ အပြစ်မရှိကြောင်း ကိုက်ပါစ်ကို တောင်းပန်ဖို့ ကြိုးစားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လုံးဝကို လက်မခံဘဲ “အခု ချက်ချင်းသွား”လို့ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။ လူးဝစ္စဆွာရက်ဇ်ဟာ အသင်းဖော် မက်ဆီကို ပြောဆိုနေတဲ့စကားတွေကို ကြားခဲဲ့ပြီး ကိုက်ပါစ်ရဲ့ ပြင်းထန်တဲ့အမိန့်ကို မနှစ်မြို့ဟန်နဲ့ လက်ကို မြှောက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။