ဇန်နဝါရီမှာ ကစားသမားအများအပြားထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက ၎င်းရဲ့လူစာရင်းဟာ ကြီးမားလွန်းေ်နပြီး ကစားသမားအများအပြားဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကို စွန့်ခွာကြလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ဝီလီယံ၊ ဂက်ဘရီရယ်နဲ့ သောမတ်စ်ပါတေးတို့လိုကစားသမားတွေကို ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့ပေမယ့် လစာပေးချေနေရတဲ့ပမာဏကို မလျှော့ချနိုင်တဲ့အသင်းကို စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်၊ ကိုလာစီနက်၊ ဆိုခရေးတစ်၊ ကယ်လန်ချန်ဘာတို့အားလုံးဟာ အသင်းမှာ လူပိုတွေအဖြစ် ယူဆခြင်းခံထားရသူတွေဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ပါရမီရှိတဲ့လူငယ်ကစားသမားအများအပြားကို အငှားချသွားချင်နေတာဖြစ်ပါတယ်။

အာတီတာက လာမယ့်လမှာ ၎င်းရဲ့ လူရွေးချယ်စရာထဲကို ကစားသမားသစ်တွေ ထည့်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေပေမယ့် အသင်းရဲ့ ပထမဦးစားပေးက ပထမအသင်းလူစာရင်းထဲက ကစားသမားအများအပြားကို အရင်ဆုံး လျှော့ချဖို့ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်တို့မှာ ကြီးမားတဲ့လူစာရင်းရှိနေတယ်။ ကျွန်တော်တို့ အဲဒါကို သိပါတယ်”

“နွေရာသီမှာ ကိစ္စအများကြီးဖြစ်ပျက်ခဲ့သင့်ပေမယ့် ကျွန်တော်တို့ မတူညီတဲ့အကြောင်းအရင်းတွေကြောင့် အပြီးမသတ်နိုင်ခဲ့ပါဘူး။ အငှားနဲ့ထွက်ကစားမယ့် ကစားသမားတွေကလည်း အများကြီးရှိနေပါတယ်။ သူတို့တွေ ထွက်ခွာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။