လှုမှုကွန်ယက်မှာ ပို့စ်တင်မယ်ဆိုရင် သတိထားတက်အောင် ကာဗာနီကို သင်ပေးလိုက်တဲ့ အက်ဖ်အေ

မန်ချက်စတာယူနိုက်တက် အသင်း တိုက်စစ်မှုး ကာဗာနီ ဟာ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပို့စ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ကာဗာနီ တင်ခဲ့တဲ့ ပို့စ်မှာ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ အသုံးအနှုန်းပါဝင်တယ်ဆိုပြီး အက်ဖ်အေ (၃)ပွဲပယ်နဲ့ ဒဏ်ကြေးငွေပေါင်(၁)သိန်းပေးဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကာဗာနီ ဟာ နိုဝင်ဘာလ(၂၉)ရက်က ဆောက်သမ်တန် အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ negrito ဆိုတဲ့ စာသားနဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ ပုံကို တင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ ကာဗာနီ ဟာ ဒီပို့စ်ကို အလျင်အမြန်ဖျက်ပြီး တောင်းပန်ကြောင်းလည်း ဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အက်ဖ်အေက ပွဲပယ်နဲ့ ဒဏ်ကြေးငွေအပါအဝင် မျက်နှာချင်းဆိုင် ပညာပေးတဲ့အစီအစဉ်ကိုလည်း ပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ကာဗာနီ ဟာ (၃)ပွဲပယ်ပြစ်ဒဏ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုတစ်ပတ် အက်စတွန်ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။ဒါ့အပြင် ဥရုဂွေးတိုက်စစစ်မှုးကြီးဟာ မန်စီးတီး နဲ့ ကစားမယ့် ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ၊ ဝက်ဖိုဒ့် နဲ့ ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တို့ကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ကာဗာနီ ပွဲပယ်ခံရတာဟာ ပွဲကျပ်တွေယှဉ်ပြိုင်ရမယ့် မန်ချက်စတာယူနိုက်တက် အတွက် သတင်းဆိုးလည်းဖြစ်ခဲ့ရပါတယ်။

အက်ဖ်အေဟာ အရင်ကလည်း လူမျိုးရေးခွဲခြားတယ်ဆိုပြီး ပွဲပယ်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။အဲ့ဒါကတော့ (၂၀၁၁) က အီဗရာ ကို လူမျိုးရေးခွဲခြားခဲ့တယ်ဆိုပြီး လီဗာပူးလ် တိုက်စစ်မှုးဟောင်း ဆွာရက်စ် ကို (၈)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ရာသီကလည်း မန်စီးတီး အသင်းဖော် မန်ဒီ ကို စနောက်ပြီး ပို့စ်တင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗား ကိုလည်း တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း တိုက္စစ္မႈး ကာဗာနီ ဟာ အင္စတာဂရမ္မွာ တင္ခဲ့တဲ့ ပို႔စ္ေၾကာင့္ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရပါတယ္။ကာဗာနီ တင္ခဲ့တဲ့ ပို႔စ္မွာ လူမ်ိဳးေရးခြဲျခားတယ္ဆိုတဲ့ အသုံးအႏႈန္းပါဝင္တယ္ဆိုၿပီး အက္ဖ္ေအ (၃)ပြဲပယ္နဲ႔ ဒဏ္ေၾကးေငြေပါင္(၁)သိန္းေပးဖို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ကာဗာနီ ဟာ နိုဝင္ဘာလ(၂၉)ရက္က ေဆာက္သမ္တန္ အသင္းကို အနိုင္ရတဲ့ပြဲအၿပီးမွာ negrito ဆိုတဲ့ စာသားနဲ႔ ဂိုးသြင္းအၿပီး ေအာင္ပြဲခံေနတဲ့ ပုံကို တင္ခဲ့တာျဖစ္ပါတယ္။အဲဒီေနာက္ပိုင္းမွာ ကာဗာနီ ဟာ ဒီပို႔စ္ကို အလ်င္အျမန္ဖ်က္ၿပီး ေတာင္းပန္ေၾကာင္းလည္း ဆိုခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ အက္ဖ္ေအက ပြဲပယ္နဲ႔ ဒဏ္ေၾကးေငြအပါအဝင္ မ်က္ႏွာခ်င္းဆိုင္ ပညာေပးတဲ့အစီအစဥ္ကိုလည္း ၿပီးေျမာက္ေအာင္ေဆာင္ရြက္ရမွာျဖစ္ပါတယ္။

ကာဗာနီ ဟာ (၃)ပြဲပယ္ျပစ္ဒဏ္က်ခံဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ အခုတစ္ပတ္ အက္စတြန္ဗီလာ အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို စတင္ပြဲပယ္ခံရေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္ ဥ႐ုေဂြးတိုက္စစစ္မႈးႀကီးဟာ မန္စီးတီး နဲ႔ ကစားမယ့္ ကာရာေဘာင္းဖလား အႀကိဳဗိုလ္လုပြဲ၊ ဝက္ဖိုဒ့္ နဲ႔ ကစားမယ့္ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္တို႔ကိုလည္း ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္ေတာ့မွာမဟုတ္ပါဘူး။ကာဗာနီ ပြဲပယ္ခံရတာဟာ ပြဲက်ပ္ေတြယွဥ္ၿပိဳင္ရမယ့္ မန္ခ်က္စတာယူနိုက္တက္ အတြက္ သတင္းဆိုးလည္းျဖစ္ခဲ့ရပါတယ္။

အက္ဖ္ေအဟာ အရင္ကလည္း လူမ်ိဳးေရးခြဲျခားတယ္ဆိုၿပီး ပြဲပယ္ခဲ့တဲ့ ျဖစ္ရပ္ေတြရွိခဲ့ပါတယ္။အဲ့ဒါကေတာ့ (၂၀၁၁) က အီဗရာ ကို လူမ်ိဳးေရးခြဲျခားခဲ့တယ္ဆိုၿပီး လီဗာပူးလ္ တိုက္စစ္မႈးေဟာင္း ဆြာရက္စ္ ကို (၈)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ဒါ့အျပင္ ၿပီးခဲ့တဲ့ရာသီကလည္း မန္စီးတီး အသင္းေဖာ္ မန္ဒီ ကို စေနာက္ၿပီး ပို႔စ္တင္ခဲ့တဲ့ တိုက္စစ္ကစားသမား ဘာနာဒိုေဆးလ္ဗား ကိုလည္း တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။