မိုင်ယာမီ မှာ တိုက်ခန်းဝယ်ပြီး အနာဂတ်အစီအစဉ်ကို ထုတ်ဖော်လိုက်တဲ့ မက်ဆီ

ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ဟာ မိုင်ယာမီ မှာ ပေါင်(၇ ဒသမ၂၅)သန်း နဲ့ တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့ပေမယ့် အဲဒီကို မပြောင်းရွှေ့ခင် နူးကမ့်မှာ (၂၀၂၃) အထိဆက်ရှိမယ်လို့ သတင်းတွေမှာ ဆိုထားပါတယ်။မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို အခုထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

ကာဒီနာဆား ရဲ့ဖော်ပြချက်မှာတော့ မက်ဆီ ဟာ အမေရိကန်ကို မပြောင်းရွှေ့ခင် ဘာစီလိုနာ အသင်းမှာ (၂၀၂၃)အထိ ဆက်ရှိဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုထားပါတယ်။မက်‌‌ဆီ ဝယ်ယူထားတဲ့ တိုက်ခန်း ဟာ ပေါ်ရှေးဒီဇိုင်းတာဝါမှာ တည်ရှိနေဝာာဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့် က ဝယ်ယူခဲ့တာလို့ လည်း သိရပါတယ်။မက်ဆီ ဟာ သူ့ရဲ့ကလေးတွေ တက္ကသိုလ် မတက်ခင် အမေရိကန်မှာ ရှိတဲ့ အထက်တန်းကျောင်းမှာ တက်ရောက်နေတာကို မြင်ချင်နေတာဖြစ်ပါတယ်။

မက်ဆီ ကိုယ်တိုင်က အမေရိကန်မှာ ကစားဖို့ စိတ်ဝင်စားတယ်လို့ la Sexta နဲ့ တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်။”ကျွန်တော့်ရဲ့အစီအစဉ်က ကလပ်အသင်းအတွက် ပေးနိုင်တဲ့အရာအားလုံးကို ပေးဆပ်ဖို့ဖြစ်ပါတယ်။ကျွန်တော် အမေရိကန်မှာ ကစားချင်ပါတယ်။သူတို့မှာ ရှိတဲ့ လိဂ်ရဲ့အတွေ့အကြုံကိုလည်းခံစားချင်ပါတယ်။ဒါပေမယ့် နောက်ဆုံးမှာ အချို့သော စွမ်းရည်တွေအတွက် ဘာစီလိုနာ ကို ပြန်လာကြရမှာပါ။အခုအချိန်မှာ အဝေးကြီးအကြောင်းကို မစဉ်းစားသေးပဲ ရာသီကုန်ဆုံးဖို့အတွက်ပဲ ကြည့်ချင်ပါတယ်”လို့ မက်ဆီ က ဆိုထားတာဖြစ်ပါတယ်။

ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းဟာ မက်ဆီ အပါအဝင် နာမည်ကြီးကစားသမားအများအပြားကို အသင်းမှာ လာရောက်ကစားဖို့ ဆွဲဆောင်နေတာလည်းဖြစ်ပါတယ်။လက်ရှိ အင်တာမိုင်ယာမီ အသင်းမှာ ရီးရယ်လ် နဲ့ ဂျုဗင်တပ်စ် တိုက်စစ်မှုးဟောင်း ဟီဂူအင် နဲ့ မာတွီဒီ တို့ပါဝင်ကစားနေတာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီ ဟာ မိုင္ယာမီ မွာ ေပါင္(၇ ဒသမ၂၅)သန္း နဲ႔ တိုက္ခန္းတစ္ခန္းကို ဝယ္ယူခဲ့ေပမယ့္ အဲဒီကို မေျပာင္းေရႊ႕ခင္ ႏူးကမ့္မွာ (၂၀၂၃) အထိဆက္ရွိမယ္လို႔ သတင္းေတြမွာ ဆိုထားပါတယ္။မက္ဆီ နဲ႔ ဘာစီလိုနာ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုႏွစ္ရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ သူ႔ရဲ့အနာဂတ္နဲ႔ ပတ္သက္တဲ့ အစီအစဥ္ကို အခုထိ ထုတ္ေဖာ္ေျပာၾကားျခင္း္ရွိေသးတာလည္းျဖစ္ပါတယ္။

ကာဒီနာဆား ရဲ့ေဖာ္ျပခ်က္မွာေတာ့ မက္ဆီ ဟာ အေမရိကန္ကို မေျပာင္းေရႊ႕ခင္ ဘာစီလိုနာ အသင္းမွာ (၂၀၂၃)အထိ ဆက္ရွိဖို႔ ဆုံးျဖတ္ထားတယ္လို႔ ဆိုထားပါတယ္။မက္‌‌ဆီ ဝယ္ယူထားတဲ့ တိုက္ခန္း ဟာ ေပၚေရွးဒီဇိုင္းတာဝါမွာ တည္ရွိေနဝာာျဖစ္ၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲခန႔္ က ဝယ္ယူခဲ့တာလို႔ လည္း သိရပါတယ္။မက္ဆီ ဟာ သူ႔ရဲ့ကေလးေတြ တကၠသိုလ္ မတက္ခင္ အေမရိကန္မွာ ရွိတဲ့ အထက္တန္းေက်ာင္းမွာ တက္ေရာက္ေနတာကို ျမင္ခ်င္ေနတာျဖစ္ပါတယ္။

မက္ဆီ ကိုယ္တိုင္က အေမရိကန္မွာ ကစားဖို႔ စိတ္ဝင္စားတယ္လို႔ la Sexta နဲ႔ ေတြ႕ဆုံရာမွာ ေျပာဆိုထားပါတယ္။”ကၽြန္ေတာ့္ရဲ့အစီအစဥ္က ကလပ္အသင္းအတြက္ ေပးနိုင္တဲ့အရာအားလုံးကို ေပးဆပ္ဖို႔ျဖစ္ပါတယ္။ကၽြန္ေတာ္ အေမရိကန္မွာ ကစားခ်င္ပါတယ္။သူတို႔မွာ ရွိတဲ့ လိဂ္ရဲ့အေတြ႕အၾကဳံကိုလည္းခံစားခ်င္ပါတယ္။ဒါေပမယ့္ ေနာက္ဆုံးမွာ အခ်ိဳ႕ေသာ စြမ္းရည္ေတြအတြက္ ဘာစီလိုနာ ကို ျပန္လာၾကရမွာပါ။အခုအခ်ိန္မွာ အေဝးႀကီးအေၾကာင္းကို မစဥ္းစားေသးပဲ ရာသီကုန္ဆုံးဖို႔အတြက္ပဲ ၾကည့္ခ်င္ပါတယ္”လို႔ မက္ဆီ က ဆိုထားတာျဖစ္ပါတယ္။

ကမၻာေက်ာ္ေဘာလုံးသမား ေဒးဗစ္ဘက္ခမ္း ပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီ အသင္းဟာ မက္ဆီ အပါအဝင္ နာမည္ႀကီးကစားသမားအမ်ားအျပားကို အသင္းမွာ လာေရာက္ကစားဖို႔ ဆြဲေဆာင္ေနတာလည္းျဖစ္ပါတယ္။လက္ရွိ အင္တာမိုင္ယာမီ အသင္းမွာ ရီးရယ္လ္ နဲ႔ ဂ်ဳဗင္တပ္စ္ တိုက္စစ္မႈးေဟာင္း ဟီဂူအင္ နဲ႔ မာတြီဒီ တို႔ပါဝင္ကစားေနတာျဖစ္ပါတယ္။