တစ်နှစ်တာအကောင်းဆုံးဖိုက်တာဆုနဲ့ လွဲချော်ခဲ့တဲ့ အောင်လအန်ဆန်း

One championship ရဲ့လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ မြန်မာပြည်ဖွား အောင်လအန်ဆန်း ဟာ (၂၀၂၀) အတွက် တစ်နှစ်တာအကောင်းဆုံးဖိုက်တာဆုနဲ့ လွဲချော်သွားခဲ့ပါတယ်။(၂၀၂၀) အတွက် ချီးမြှင့်တဲ့ ကမ္ဘာ့ MMA ဆုပေးပွဲရဲ့တစ်နှစ်တာအကောင်းဆုံးဖိုက်တာဆုကိုတော့ နိုင်ဂျီးရီးယား-နယူးဇီလန် ဖိုက်တာ အ‌က်ဒီဆန်ညာ က ရရှိသွားခဲ့တာဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိ UFC မစ်ဒယ်ဝိတ်ချန်ပီယံဟာ ပြီးခဲ့တဲ့နှစ်ကလည်း တစ်နှစ်တာ အကောင်းဆုံးဖိုက်တာဆုကို ရရှိခဲ့တာဖြစ်ပါတယ်။အက်ဒီဆန်ညာ ဟာ အခုနှစ်ထဲမှာ ရိုမဲရိုး နဲ့ ကော်စတာ တို့ကို အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့် အက်ဒီဆန်ညာ ဟာ (၂)နှစ်ဆက်တိုက် ဒီဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။အောင်လအန်ဆန်း ဟာ ဒီဆုရဲ့ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့မဲပေးမှုနဲ့ ရွေးချယ်သွားခဲ့တာပါ။

အောင်လအန်ဆန်း ဟာ အခုနှစ်အတွင်း ထိုးခဲ့တဲ့ ပွဲမှာ နယ်သာလန်နိုင်ငံသား ရီဒါ ကို အရေးနိမ့်သွားခဲ့တာကြောင့် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ‌ဆုကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အဲဒါကြောင့်လည်း မြန်မာပြည်ဖွားဖိုက်တာ ဟာ အခုလို တစ်နှစ်တာ အကောင်းဆုံးဖိုက်တာဆုကို လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အောင်လအန်ဆန်း ဟာ (၂၀၁၈) က တစ်နှစ်တာအကောင်းဆုံးဖိုက်တာဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အောင်လအန်ဆန်း ဟာ ပြီးခဲ့တဲ့နှစ်ဟာ သူတို့ရဲ့နှစ်မဖြစ်ခဲ့ပေမယ့် (၂၀၂၁) မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုထားပါတယ်။အောင်လအန်ဆန်း ဟာ အခုနှစ်အတွင်းမှာ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက် မကျေပွဲပြန်လည်ထိုးသတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

Zawgyi

One championship ရဲ့လိုက္ဟဲဗီးဝိတ္ကမၻာ့ခ်န္ပီယံ ျမန္မာျပည္ဖြား ေအာင္လအန္ဆန္း ဟာ (၂၀၂၀) အတြက္ တစ္ႏွစ္တာအေကာင္းဆုံးဖိုက္တာဆုနဲ႔ လြဲေခ်ာ္သြားခဲ့ပါတယ္။(၂၀၂၀) အတြက္ ခ်ီးျမႇင့္တဲ့ ကမၻာ့ MMA ဆုေပးပြဲရဲ့တစ္ႏွစ္တာအေကာင္းဆုံးဖိုက္တာဆုကိုေတာ့ နိုင္ရ်ီးရီးယား-နယူးဇီလန္ ဖိုက္တာ အ‌က္ဒီဆန္ညာ က ရရွိသြားခဲ့တာျဖစ္ပါတယ္။

အသက္(၃၁)ႏွစ္အရြယ္ရွိ UFC မစ္ဒယ္ဝိတ္ခ်န္ပီယံဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း တစ္ႏွစ္တာ အေကာင္းဆုံးဖိုက္တာဆုကို ရရွိခဲ့တာျဖစ္ပါတယ္။အက္ဒီဆန္ညာ ဟာ အခုႏွစ္ထဲမွာ ရိုမဲရိုး နဲ႔ ေကာ္စတာ တို႔ကို အနိုင္ရခဲ့တာလည္းျဖစ္ပါတယ္။အဲဒါေၾကာင့္ အက္ဒီဆန္ညာ ဟာ (၂)ႏွစ္ဆက္တိုက္ ဒီဆုကို ရရွိသြားခဲ့တာျဖစ္ပါတယ္။ေအာင္လအန္ဆန္း ဟာ ဒီဆုရဲ့ဆန္ကာတင္စာရင္းမွာ ပါဝင္ခဲ့ၿပီး ပရိသတ္ေတြရဲ့မဲေပးမႈနဲ႔ ေရြးခ်ယ္သြားခဲ့တာပါ။

ေအာင္လအန္ဆန္း ဟာ အခုႏွစ္အတြင္း ထိုးခဲ့တဲ့ ပြဲမွာ နယ္သာလန္နိုင္ငံသား ရီဒါ ကို အေရးနိမ့္သြားခဲ့တာေၾကာင့္ မစ္ဒယ္ဝိတ္ကမၻာ့ခ်န္ပီယံ‌ဆုကို ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။အဲဒါေၾကာင့္လည္း ျမန္မာျပည္ဖြားဖိုက္တာ ဟာ အခုလို တစ္ႏွစ္တာ အေကာင္းဆုံးဖိုက္တာဆုကို လက္လႊတ္ခဲ့ရတာလည္းျဖစ္ပါတယ္။

ေအာင္လအန္ဆန္း ဟာ (၂၀၁၈) က တစ္ႏွစ္တာအေကာင္းဆုံးဖိုက္တာဆုကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ေအာင္လအန္ဆန္း ဟာ ၿပီးခဲ့တဲ့ႏွစ္ဟာ သူတို႔ရဲ့ႏွစ္မျဖစ္ခဲ့ေပမယ့္ (၂၀၂၁) မွာ အေကာင္းဆုံးစြမ္းေဆာင္နိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း ဆိုထားပါတယ္။ေအာင္လအန္ဆန္း ဟာ အခုႏွစ္အတြင္းမွာ မစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္အတြက္ မေက်ပြဲျပန္လည္ထိုးသတ္ဖို႔ ရွိေနတာျဖစ္ပါတယ္။