ဖွားဘက်တော်ပေါ်အောင်အထိ ဆိုးဆိုးရွားရွားအောင်ပွဲခံခဲ့တဲ့ ရာအူးလ်ဘိုဘာဒီလာ

ရာအူးလ်ဘိုဘာဒီလာ ဆိုတဲ့ ကစားသမား ဟာ ဂိုးသွင်းအပြီးမှာ သူရဲ့ဖွားဘက်‌တော် ပေါ်အောင် ဆိုးဆိုးရွားရွားအောင်ပွဲခံခဲ့တဲ့ အတွက် အရေးယူခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။အသက်(၃၃)နှစ်အရွယ်ရှိ ကစားသမား ဟာ သူ့ရဲ့ကလပ် ဂူယာနီ အသင်းက လီဘာတက် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ရာအူးလ်ဘိုဘာဒီလာ ဟာ ပါရာဂွေးပရီးမီးယား ကွာတားဖိုင်နယ်မှာ သူ့ရဲ့ကလပ်အသင်းအတွက်နောက်ကျ အနိုင်ဂိုးသွင်းပြီး အခုလို အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။အဆိုပါ ကစားသမား ဟာ ဂိုးသွင်းအပြီးမှာ သူ့ရဲ့ဂျာစီ နဲ့ GPS ကို ချွတ်ခဲ့ပါတယ်။ဒါ့အပြင် ကင်မရာအနားထိသွားရောက်ပြီး ဘောင်းဘီကို အောက်အထိလျှော့ချခဲ့တာလည်းဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီးက မြင်တွေ့ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒိုင်လူကြီးက ဒီအဖြစ်အပျက်ကို ရှင်းရှင်း
လင်းလင်း တွေ့မြင်ခဲ့ခြင်းမရှိတာကြောင့် ပွဲချိန်အတွင်းမှာ အရေးယူမခံခဲ့ရတာလည်းဖြစ်ပါတယ်။ပွဲအပြီး ဒေသခံမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ သူ့ရဲ့အပြုအမူကို သူ့ဇနီး စိတ်မဆိုးဖို့ မျှော်လင့်တယ်လို့ မိုချန်ဂလာဘတ် ကစားသမားဟောင်း က ဆိုခဲ့ပါတယ်။

ရာအူးလ်ဘိုဘာဒီလာ က “ကျွန်တော့်ရဲ့အောင်ပွဲခံမှုကို နောင်တရမိပါတယ်။ဒီလိုလုပ်တာကို ကျွန်တော့်ဇနီး မမြင်တွေ့ဖို့ မျှော်လင့်ပါတယ်။သူမ တည်တည်ငြိမ်ငြိမ်ရှိသင့်ပါတယ်။ဒါတွေအားလုံးက သူမအတွက်ပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ပါရာဂွေး ဘောလုံးအဖွဲက ဒါနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီး ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်လည်း ရှိနေတာဖြစ်ပါတယ်။

Zawgyi

ရာအူးလ္ဘိုဘာဒီလာ ဆိုတဲ့ ကစားသမား ဟာ ဂိုးသြင္းအၿပီးမွာ သူရဲ့ဖြားဘက္‌ေတာ္ေပၚေအာင္ ဆိုးဆိုးရြားရြားေအာင္ပြဲခံခဲ့တဲ့ အတြက္ အေရးယူခံရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။အသက္(၃၃)ႏွစ္အရြယ္ရွိ ကစားသမား ဟာ သူ႔ရဲ့ကလပ္ ဂူယာနီ အသင္းက လီဘာတက္ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ ပြဲမွာ အသင္းအတြက္ အနိုင္ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။

ရာအူးလ္ဘိုဘာဒီလာ ဟာ ပါရာေဂြးပရီးမီးယား ကြာတားဖိုင္နယ္မွာ သူ႔ရဲ့ကလပ္အသင္းအတြက္ေနာက္က် အနိုင္ဂိုးသြင္းၿပီး အခုလို ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။အဆိုပါ ကစားသမား ဟာ ဂိုးသြင္းအၿပီးမွာ သူ႔ရဲ့ဂ်ာစီ နဲ႔ GPS ကို ခၽြတ္ခဲ့ပါတယ္။ဒါ့အျပင္ ကင္မရာအနားထိသြားေရာက္ၿပီး ေဘာင္းဘီကို ေအာက္အထိေလၽွာ့ခ်ခဲ့တာလည္းျဖစ္ပါတယ္။ဒီအျဖစ္အပ်က္ကို ကြင္းလယ္ဒိုင္လူႀကီးက ျမင္ေတြ႕ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

ဒိုင္လူႀကီးက ဒီအျဖစ္အပ်က္ကို ရွင္းရွင္း လင္းလင္း ေတြ႕ျမင္ခဲ့ျခင္းမရွိတာေၾကာင့္ ပြဲခ်ိန္အတြင္းမွာ အေရးယူမခံခဲ့ရတာလည္းျဖစ္ပါတယ္။ပြဲအၿပီး ေဒသခံမီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ သူ႔ရဲ့အျပဳအမူကို သူ႔ဇနီး စိတ္မဆိုးဖို႔ ေမၽွာ္လင့္တယ္လို႔ မိုခ်န္ဂလာဘတ္ ကစားသမားေဟာင္း က ဆိုခဲ့ပါတယ္။

ရာအူးလ္ဘိုဘာဒီလာ က “ကၽြန္ေတာ့္ရဲ့ေအာင္ပြဲခံမႈကို ေနာင္တရမိပါတယ္။ဒီလိုလုပ္တာကို ကၽြန္ေတာ့္ဇနီး မျမင္ေတြ႕ဖို႔ ေမၽွာ္လင့္ပါတယ္။သူမ တည္တည္ၿငိမ္ၿငိမ္ရွိသင့္ပါတယ္။ဒါေတြအားလုံးက သူမအတြက္ပါပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။ပါရာေဂြး ေဘာလုံးအဖြဲက ဒါနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနၿပီး ပြဲပယ္ျပစ္ဒဏ္က်ခံရဖြယ္လည္း ရွိေနတာျဖစ္ပါတယ္။