နှစ်သစ်မှာ အနိုင်(၃)မှတ်နဲ့ ထိပ်ဆုံးက လီဗာပူးလ် ကို ရမှတ်တူဖိအားပေးလိုက်တဲ့ ယူနိုက်တက်

ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ အက်စတွန်ဗီလာ အသင်းတို့ ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၂)ဂိုး-(၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက လီဗာပူးလ် အသင်းနဲ့ ရမှတ်တူသွားပြီး ဂိုးကွာဟချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

(၂)သင်းလုံးဟာ နှစ်သစ်မှာ ကစားတဲ့ ပထမဆုံးပွဲဖြစ်တာကြောင့် လူစာရင်းအတောင့်တင်းဆုံးနဲ့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းကတော့ ပွဲစထဲက ဦးဆောင်ဂိုးရယူနိုင်ဖို့ အလျင်အမြန်ကြိုးစားခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းကသာ ဂိုးကန်သွင်းချက် အသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး ဗီလာ အသင်းက ရံဖန်ရံခါမှသာ ထိုးဖောက်နိုင်ခဲ့တာပါ။ဒီလိုနဲ့ ပွဲချိန်မိနစ်(၄၀)မှာ မန်ချက်စတာယူနိုက်တက် အသင်း ဦးဆောင်ဂိုးရရှ်ိသွားခဲ့ပါတယ်။ဒီဂိုးကို ဝမ်ဘစ်စကာ ရဲ့တိကျတဲ့ဖြတ်တင်ဘောကို မာရှယ်က ခေါင်းတိုက်ပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

မာရှယ်ရဲ့သွင်းဂိုးနဲ့ပဲ ပထမပိုင်းကို ပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ဗီလာ အသင်းက ချေပဂိုးရဖို့ ပိုမိုဖိအားပေးလာခဲ့ပြီး ပွဲချိန်(၅၈)မှာ ဂရီလစ်ခ်ျ ရဲ့တိကျတဲ့ ပေးပို့မှုကနေ ထရာအိုရေး က ဧရိယာထဲမှာ အပိုင်ပိတ်သွင်းပြီး ဗီလာ အတွက်ချေပဂိုးရယူနိုင်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲ မန်ချက်စတာယူနိုက်တက် အသင်းက ဦးဆောင်ဂိုးရယူဖို့ ပြန်လည်ကြိုးစားခဲ့ပြီး ပွဲချိန်(၆၁)မိနစ်မှာ ပေါ့ဘာ ကြောင့်ရတဲ့ ပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ် က အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဗီလာ က ချေပဂိုးရဖို့ ပြန်လည်ကြိုးစားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်း ဂိုးသမားနဲ့ နောက်ခံလူတွေက အကောင်းဆုံးကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့အပိုင်ကန်သွင်းချက်တွေကိုလည်း ဗီလာ အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့ အတွက် ဒီရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပြီး ယူနိုက်တက်တို့ လီဗာပူးလ် ကို ဖိအားပေးလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi

ဒီမနက္ပိုင္းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၇) ရဲ့ပြဲစဥ္တစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္ နဲ႔ အက္စတြန္ဗီလာ အသင္းတို႔ ပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက (၂)ဂိုး-(၁) ဂိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ထိပ္ဆုံးေနရာက လီဗာပူးလ္ အသင္းနဲ႔ ရမွတ္တူသြားၿပီး ဂိုးကြာဟခ်က္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။

(၂)သင္းလုံးဟာ ႏွစ္သစ္မွာ ကစားတဲ့ ပထမဆုံးပြဲျဖစ္တာေၾကာင့္ လူစာရင္းအေတာင့္တင္းဆုံးနဲ႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ ပြဲစထဲက ဦးေဆာင္ဂိုးရယူနိုင္ဖို႔ အလ်င္အျမန္ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ပထမပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းကသာ ဂိုးကန္သြင္းခ်က္ အသာနဲ႔ ဖိအားေပးကစားနိုင္ခဲ့ၿပီး ဗီလာ အသင္းက ရံဖန္ရံခါမွသာ ထိုးေဖာက္နိုင္ခဲ့တာပါ။ဒီလိုနဲ႔ ပြဲခ်ိန္မိနစ္(၄၀)မွာ မန္ခ်က္စတာယူနိုက္တက္ အသင္း ဦးေဆာင္ဂိုးရရွ္ိသြားခဲ့ပါတယ္။ဒီဂိုးကို ဝမ္ဘစ္စကာ ရဲ့တိက်တဲ့ျဖတ္တင္ေဘာကို မာရွယ္က ေခါင္းတိုက္ၿပီး အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

မာရွယ္ရဲ့သြင္းဂိုးနဲ႔ပဲ ပထမပိုင္းကို ၿပီးဆုံးခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ ဗီလာ အသင္းက ေခ်ပဂိုးရဖို႔ ပိုမိုဖိအားေပးလာခဲ့ၿပီး ပြဲခ်ိန္(၅၈)မွာ ဂရီလစ္ခ္် ရဲ့တိက်တဲ့ ေပးပို႔မႈကေန ထရာအိုေရး က ဧရိယာထဲမွာ အပိုင္ပိတ္သြင္းၿပီး ဗီလာ အတြက္ေခ်ပဂိုးရယူနိုင္ခဲ့ပါတယ္။ခ်က္ခ်င္းဆိုသလိုပဲ မန္ခ်က္စတာယူနိုက္တက္ အသင္းက ဦးေဆာင္ဂိုးရယူဖို႔ ျပန္လည္ႀကိဳးစားခဲ့ၿပီး ပြဲခ်ိန္(၆၁)မိနစ္မွာ ေပါ့ဘာ ေၾကာင့္ရတဲ့ ပင္နယ္တီကို ဘ႐ူနိုဖာနန္ဒက္စ္ က အေကာင္းဆုံးအဆုံးသတ္နိုင္ခဲ့တာေၾကာင့္ ယူနိုက္တက္တို႔ ပြဲကို ျပန္လည္ဦးေဆာင္နိုင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာ ဗီလာ က ေခ်ပဂိုးရဖို႔ ျပန္လည္ႀကိဳးစားခဲ့ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ အသင္း ဂိုးသမားနဲ႔ ေနာက္ခံလူေတြက အေကာင္းဆုံးကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့အပိုင္ကန္သြင္းခ်က္ေတြကိုလည္း ဗီလာ အသင္း ဂိုးသမား ကာကြယ္နိုင္ခဲ့တဲ့ အတြက္ ဒီရလဒ္အတိုင္းပဲ ပြဲၿပီးဆုံးခဲ့ၿပီး ယူနိုက္တက္တို႔ လီဗာပူးလ္ ကို ဖိအားေပးလိုက္နိုင္ခဲ့ၿပီျဖစ္ပါတယ္။