ဗီလာကို အနိုင်ရအပြီးမှာ သူရဲကောင်းသဖွယ်အသင်းဖော်တွေရဲ့ဂုဏ်ပြုခြင်းခံခဲ့ရတဲ့ ဘိုင်လီ

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ အက်စတွန်ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ မာရှယ်၊ဘရူနိုဖာနန်ဒက်စ် တို့ရဲ့သွင်းဂိုးတွေ နဲ့ (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး လီဗာပူးလ် အသင်း ကို ရမှတ်တူ အမှတ်ပေးဇယား ဒုတိယနေရာက ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ အက်စတွန်ဗီလာ အသင်းရရှိခဲ့တဲ့ အခွင့်အရေးကို အရေးပါတဲ့ဖျက်ထုတ်မှုပြုလုပ်ခဲ့တဲ့ နောက်ခံလူ အဲရစ်ဘိုင်လီ ကို အသင်းဖော်တွေက ပွဲအပြီးမှာ ပွေ့ဖက်ပြီး သူရဲကောင်းသဖွယ်ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။အဲရစ်ဘိုင်လီ ဟာ ဒီပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာ အက်စတွန်ဗီလာ အသင်းကစားသမား ဒါဗစ်ရဲ့အပိုင်ကန်သွင်းခွင့်ရမယ့် အခွင့်အရေးကို ရှင်းလင်းပစ်ဖို့ သူရဲ့ခန္ဓာကိုယ်ကို လဲချပစ်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဘောလုံးဟာ သူနဲ့ထိပြီး ယူနိုက်တက် အသင်း ချေပဂိုးပေးရမယ့် အခြေအနေကနေ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ပွဲအပြီးမှာ အသင်းဖော်တွေအားလုံးက သူ့ကို ဝိုင်းပြီး ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။နည်းပြ ဆိုးလ်ရှားကလည်း အဲရစ်ဘိုင်လီ ဟာ အံဩဖွယ်ကောင်းမွန်တဲ့ ကာကွယ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်လို့ ချီးကျုးခဲ့ပါတယ်။အဲရစ်ဘိုင်လီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၄)ပွဲဆက်တိုက် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ပရိသတ်တွေက ဒီပွဲမှာ အဲရစ်ဘိုင်လီ ရဲ့တုံ့ပြန်မှုကို ချီးကျုးမှုတွေပြုလုပ်ခဲ့ကြပြီး သူဟာ ဒီရာသီ အသင်းအတွက် အကျိုးရှိဆုံးအရာတွေထဲက တစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ မန်စီးတီး အသင်းနဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ ဒီမနက္က ကစားခဲ့တဲ့ အက္စတြန္ဗီလာ အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲမွာ မာရွယ္၊ဘ႐ူနိုဖာနန္ဒက္စ္ တို႔ရဲ့သြင္းဂိုးေတြ နဲ႔ (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး လီဗာပူးလ္ အသင္း ကို ရမွတ္တူ အမွတ္ေပးဇယား ဒုတိယေနရာက ဖိအားေပးနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီပြဲစဥ္ရဲ့နာက်င္အခ်ိန္ပိုမွာ အက္စတြန္ဗီလာ အသင္းရရွိခဲ့တဲ့ အခြင့္အေရးကို အေရးပါတဲ့ဖ်က္ထုတ္မႈျပဳလုပ္ခဲ့တဲ့ ေနာက္ခံလူ အဲရစ္ဘိုင္လီ ကို အသင္းေဖာ္ေတြက ပြဲအၿပီးမွာ ေပြ႕ဖက္ၿပီး သူရဲေကာင္းသဖြယ္ဂုဏ္ျပဳခဲ့ၾကတာျဖစ္ပါတယ္။အဲရစ္ဘိုင္လီ ဟာ ဒီပြဲစဥ္ရဲ့ေနာက္ဆုံးမိနစ္မွာ အက္စတြန္ဗီလာ အသင္းကစားသမား ဒါဗစ္ရဲ့အပိုင္ကန္သြင္းခြင့္ရမယ့္ အခြင့္အေရးကို ရွင္းလင္းပစ္ဖို႔ သူရဲ့ခႏၶာကိုယ္ကို လဲခ်ပစ္ခဲ့တာျဖစ္ပါတယ္။အဲဒါေၾကာင့္ ေဘာလုံးဟာ သူနဲ႔ထိၿပီး ယူနိုက္တက္ အသင္း ေခ်ပဂိုးေပးရမယ့္ အေျခအေနကေန ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ပြဲအၿပီးမွာ အသင္းေဖာ္ေတြအားလုံးက သူ႔ကို ဝိုင္းၿပီး ဂုဏ္ျပဳခဲ့ၾကတာျဖစ္ပါတယ္။နည္းၿပ ဆိုးလ္ရွားကလည္း အဲရစ္ဘိုင္လီ ဟာ အံဩဖြယ္ေကာင္းမြန္တဲ့ ကာကြယ္မႈတစ္ခုကို ျပဳလုပ္နိုင္ခဲ့တယ္လို႔ ခ်ီးက်ဳးခဲ့ပါတယ္။အဲရစ္ဘိုင္လီ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္(၄)ပြဲဆက္တိုက္ ပါဝင္ကစားခဲ့ၿပီး ေျခစြမ္းျပသေနတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္း ပရိသတ္ေတြက ဒီပြဲမွာ အဲရစ္ဘိုင္လီ ရဲ့တုံ႔ျပန္မႈကို ခ်ီးက်ဳးမႈေတြျပဳလုပ္ခဲ့ၾကၿပီး သူဟာ ဒီရာသီ အသင္းအတြက္ အက်ိဳးရွိဆုံးအရာေတြထဲက တစ္ခုကို ျပဳလုပ္ခဲ့တယ္လို႔ ထင္ျမင္ယူဆခဲ့ၾကပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၾကားရက္မွာ မန္စီးတီး အသင္းနဲ႔ ကာရာေဘာင္းဖလား အႀကိဳဗိုလ္လုပြဲယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။