လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမား (၄)ဦး ကိုပြောလိုက်တဲ့ ကော့တွိုက်စ်

ရီးရယ်လ် အသင်း ဂိုးသမား ကော့တွိုက်စ် က အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံးဂိုးသမား (၄)ဦးနာမည်ကို ထုတ်ဖော်ခဲ့ရာ သူ့ရဲ့နာမည်ကို ထည့်သွင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ Sportsbible က ဖော်ပြခဲ့ပါတယ်။ကော့တွိုက်စ် ဟာ (၂၀၁၈) က ချယ်လ်ဆီး အသင်းကနေ ထွက်ခွာပြီး ရီးရယ်လ် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ကော့တွိုက်စ် ဟာ ရီးရယ်လ် အသင်းနဲ့ ပွဲဦးထွက်ရာသီမှာတော့ ပွဲထွက်ခွင့်ရဖို့ နာဗတ်စ် နဲ့ အပြိုင်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။

ကော့တွိုက်စ် ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ရီးရယ်လ် အသင်းရဲ့နံပတ်(၁)ဂိုးသမားဖြစ်လာခဲ့ပြီး အသင်းကို လာလီဂါဖလား ရယူနိုင်အောင် အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘယ်လ်ဂျီယံ ဂိုးသမား ဟာ ရီးရယ်လ် အသင်းမှာ တည်ငြိမ်တဲ့ လက်စွမ်းနေတဲ့ အကောင်းဆုံးလုပ်ပြနေတာကြောင့် ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာပါ။

ဒါပေမယ့် ကော့တွိုက်စ် ကတော့ သူ့ကိုယ်သူ ထိပ်တန်းဂိုးသမားအဖြစ် မသတ်မှတ်ထားတာဖြစ်ပါတယ်။ကော့တွိုက်စ် က ဘိုင်ယန်မြူးနစ် အသင်းဂိုးသမား နူအာ၊ အသလက်တီကို အသင်းက အိုဘလက်၊ ဘာစီလိုနာ အသင်းက တာစတီဂျန် နဲ့ လီ‌ဗာပူးလ် အသင်းက အလီဆန် တို့ကို ကမ္ဘာ့အကောင်းဆုံးဂိုးသမား(၄)ဦးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကော့တွိုက်စ် ရဲ့ရီးရယ်လ် အသင်းဟာ လက်ရှိအချိန်မှာ ပုံမှန်ခြေစွမ်းပြန်ရနေပြီး ရလဒ်ပိုင်းတွေ ပြန်လည်ကောင်းမွန်လာခဲ့တာလည်းဖြစ်ပါတယ်။လာလီဂါ အမှတ်ပေးဇယား အဆင့်(၂)နေရာ ကို ရောက်ရှိနေတဲ့ ရီးရယ်လ် အသင်းဟာ မနက်ဖြန်မှာ လာလီဂါပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂို အသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

Zawgyi

ရီးရယ္လ္ အသင္း ဂိုးသမား ေကာ့တြိဳက္စ္ က အခုလက္ရွိ ကမၻာ့အေကာင္းဆုံးဂိုးသမား (၄)ဦးနာမည္ကို ထုတ္ေဖာ္ခဲ့ရာ သူ႔ရဲ့နာမည္ကို ထည့္သြင္းဖို႔ ျငင္းဆန္ခဲ့တယ္လို႔ Sportsbible က ေဖာ္ျပခဲ့ပါတယ္။ေကာ့တြိဳက္စ္ ဟာ (၂၀၁၈) က ခ်ယ္လ္ဆီး အသင္းကေန ထြက္ခြာၿပီး ရီးရယ္လ္ အသင္းကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ေကာ့တြိဳက္စ္ ဟာ ရီးရယ္လ္ အသင္းနဲ႔ ပြဲဦးထြက္ရာသီမွာေတာ့ ပြဲထြက္ခြင့္ရဖို႔ နာဗတ္စ္ နဲ႔ အၿပိဳင္ႀကိဳးစားခဲ့ရတာျဖစ္ပါတယ္။

ေကာ့တြိဳက္စ္ ဟာ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ရီးရယ္လ္ အသင္းရဲ့နံပတ္(၁)ဂိုးသမားျဖစ္လာခဲ့ၿပီး အသင္းကို လာလီဂါဖလား ရယူနိုင္ေအာင္ အေကာင္းဆုံးလက္စြမ္းျပသနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဘယ္လ္ဂ်ီယံ ဂိုးသမား ဟာ ရီးရယ္လ္ အသင္းမွာ တည္ၿငိမ္တဲ့ လက္စြမ္းေနတဲ့ အေကာင္းဆုံးလုပ္ျပေနတာေၾကာင့္ ကမၻာ့အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာပါ။

ဒါေပမယ့္ ေကာ့တြိဳက္စ္ ကေတာ့ သူ႔ကိုယ္သူ ထိပ္တန္းဂိုးသမားအျဖစ္ မသတ္မွတ္ထားတာျဖစ္ပါတယ္။ေကာ့တြိဳက္စ္ က ဘိုင္ယန္ျမဴးနစ္ အသင္းဂိုးသမား ႏူအာ၊ အသလက္တီကို အသင္းက အိုဘလက္၊ ဘာစီလိုနာ အသင္းက တာစတီဂ်န္ နဲ႔ လီ‌ဗာပူးလ္ အသင္းက အလီဆန္ တို႔ကို ကမၻာ့အေကာင္းဆုံးဂိုးသမား(၄)ဦးအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ေကာ့တြိဳက္စ္ ရဲ့ရီးရယ္လ္ အသင္းဟာ လက္ရွိအခ်ိန္မွာ ပုံမွန္ေျခစြမ္းျပန္ရေနၿပီး ရလဒ္ပိုင္းေတြ ျပန္လည္ေကာင္းမြန္လာခဲ့တာလည္းျဖစ္ပါတယ္။လာလီဂါ အမွတ္ေပးဇယား အဆင့္(၂)ေနရာ ကို ေရာက္ရွိေနတဲ့ ရီးရယ္လ္ အသင္းဟာ မနက္ျဖန္မွာ လာလီဂါပြဲစဥ္အျဖစ္ ဆယ္လ္တာဗီဂို အသင္းကို အိမ္ကြင္းမွာ ကစားရမွာျဖစ္ပါတယ္။