ဗီလာရဲ့ဂိုးဧရိယာအတွင်းမှာ လုပ်ခ်ရှော ကို ဒိုင်ဗင်ထိုးဖို့ အမူအယာနဲ့ ပြခဲ့တဲ့ ပေါ့ဘာ

ပရိသတ်တွေက အက်စတွန်ဗီလာ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ပေါ့ဘာ က နောက်ခံလူ လုပ်ခ်ရှော ကို ဧရိယာထဲမှာ ဒိုင်ဗင်ထိုးဖို့ ပြောခဲ့တယ်လို့ ထင်နေကြောင်း SportBible က ဖော်ပြခဲ့ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာက လီဗာပူးလ် အသင်းကို ရမှတ်တူ ဒုတိယနေရာမှာ ရပ်တည်ကာ ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့‌ဒုတိယပိုင်းမှာ လုပ်ခ်ရှော ဟာ အက်စတွန်‌ဗီလာ အသင်းရဲ့ဧရိယာထဲဝင်ရောက်တဲ့ အချိန်မှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။အက်စတွန်ဗီလာ အသင်းနောက်ခံလူ မတ်တီကတ်ရှ် ဟာ လုပ်ခ်ရှော ဧရိယာထဲဝင်ရောက်ချိန်မှာ ဖြတ်တားခဲ့ရာ ယူနိုက်တက် နောက်ခံလူဟာ လဲမကျပဲ ပြိုင်ဘက်အသင်းဧရိယာကနေ ပြန်ထွက်လာခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာ ပေါ့ဘာ က လုပ်ခ်ရှော ကို ဒိုင်ဗင်ထိုးဖို့ အမူအယာပြုလုပ်ခဲ့တာကို ကင်မရာတွေက မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ပေါ့ဘာ ကြောင့် မန်ချက်စတာယူနိုက်တက် အသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် က အမှားအယွင်းမရှိကန်သွင်းခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်း နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။အက်စတွန်ဗီလာ အသင်းနည်းပြအပါအဝင် အချို့ကတော့ ပေါ့ဘာ ဟာ သူ့ဘာသာသူခလုတ်တိုက်ပြီး ပင်နယ်တီရယူခဲ့တာလို့ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေရယူထားပြီး လက်ကျန်ပွဲစဉ်တစ်ပွဲလည်း ရှိတာကြောင့် ထိပ်ဆုံးနေရာက လီဗာပူးလ် အသင်းကို အကောင်းမွန်ဆုံးဖိအားပေးနေတာဖြစ်ပါတယ်။
အခုလ(၁၇)ရက်မှာ ကစားမယ့် သူတို့ (၂)သင်း ပွဲစဉ်ကတော့ ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲစဉ်လည်းဖြစ်လာမှာဖြစ်ပါတယ်။

Zawgyi

ပရိသတ္ေတြက အက္စတြန္ဗီလာ အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲမွာ ေပါ့ဘာ က ေနာက္ခံလူ လုပ္ခ္ေရွာ ကို ဧရိယာထဲမွာ ဒိုင္ဗင္ထိုးဖို႔ ေျပာခဲ့တယ္လို႔ ထင္ေနေၾကာင္း SportBible က ေဖာ္ျပခဲ့ပါတယ္။ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး အမွတ္ေပးဇယား ထိပ္ဆုံးေနရာက လီဗာပူးလ္ အသင္းကို ရမွတ္တူ ဒုတိယေနရာမွာ ရပ္တည္ကာ ဖိအားေပးနိုင္ခဲ့ပါတယ္။

ဒီပြဲစဥ္ရဲ့‌ဒုတိယပိုင္းမွာ လုပ္ခ္ေရွာ ဟာ အက္စတြန္‌ဗီလာ အသင္းရဲ့ဧရိယာထဲဝင္ေရာက္တဲ့ အခ်ိန္မွာ ဒီအျဖစ္အပ်က္ျဖစ္ခဲ့တာပါ။အက္စတြန္ဗီလာ အသင္းေနာက္ခံလူ မတ္တီကတ္ရွ္ ဟာ လုပ္ခ္ေရွာ ဧရိယာထဲဝင္ေရာက္ခ်ိန္မွာ ျဖတ္တားခဲ့ရာ ယူနိုက္တက္ ေနာက္ခံလူဟာ လဲမက်ပဲ ၿပိဳင္ဘက္အသင္းဧရိယာကေန ျပန္ထြက္လာခဲ့တာျဖစ္ပါတယ္။အဲဒီအခ်ိန္မွာ ေပါ့ဘာ က လုပ္ခ္ေရွာ ကို ဒိုင္ဗင္ထိုးဖို႔ အမူအယာျပဳလုပ္ခဲ့တာကို ကင္မရာေတြက မွတ္တမ္းတင္နိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းမွာ ေပါ့ဘာ ေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္း ပင္နယ္တီကန္သြင္းခြင့္ရခဲ့ၿပီး ဘ႐ူနိုဖာနန္ဒက္စ္ က အမွားအယြင္းမရွိကန္သြင္းခဲ့တာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္း နိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။အက္စတြန္ဗီလာ အသင္းနည္းျပအပါအဝင္ အခ်ိဳ႕ကေတာ့ ေပါ့ဘာ ဟာ သူ႔ဘာသာသူခလုတ္တိုက္ၿပီး ပင္နယ္တီရယူခဲ့တာလို႔ ေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လက္ရွိအခ်ိန္မွာ ရလဒ္ေကာင္းေတြရယူထားၿပီး လက္က်န္ပြဲစဥ္တစ္ပြဲလည္း ရွိတာေၾကာင့္ ထိပ္ဆုံးေနရာက လီဗာပူးလ္ အသင္းကို အေကာင္းမြန္ဆုံးဖိအားေပးေနတာျဖစ္ပါတယ္။
အခုလ(၁၇)ရက္မွာ ကစားမယ့္ သူတို႔ (၂)သင္း ပြဲစဥ္ကေတာ့ ပရိသတ္ေတြအတြက္ ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ ပြဲစဥ္လည္းျဖစ္လာမွာျဖစ္ပါတယ္။