အသက်အရွယ်နဲ့မလိုက်ဖက်ဘဲ သားရဲတစ်ကောင်လိုဖြစ်နေတဲ့ အို၀င်အိုတာဆိုဝီ

ဝုလ်ဗ် အသင်းရဲ့နောက်ခံလူ အိုဝင်အိုတာဆိုဝီ ဟာ အသက်(၁၉)နှစ်အရွယ်သာရှိသေးပေမယ့် အသက်အရွယ်နဲ့ မလိုက်ဘဲ သားရဲတစ်ကောင်လို ဖြစ်နေတယ်လို့ Sportsbible က ဖော်ပြလိုက်ပါတယ်။ဝုလ်ဗ်အသင်းရဲ့လူငယ်စီမံကိန်း က ထွက်ပေါ်လာတဲ့ အိုဝင်အိုတာဆိုဝီ ဟာ ပြီးခဲ့တဲ့လက ချယ်လ်ဆီး အသင်းနဲ့ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်အသင်းခေါင်းဆောင် ကိုအာဒီ ကတော့ အဆိုပါကစားသမားဟာ စွမ်းအားအပြည့်ရှိတယ်သူလို့ ဆိုခဲ့ပါတယ်။အွန်လိုင်းပေါ်မှာ တက်လာတဲ့ အဆိုပါ ဆယ်ကျော်သက်ကစားသမားရဲ့ဓါတ်ပုံတွေဟာ နောက်ပြောင်နေတာမဟုတ်ဘူးဆိုတာ တွေ့မြင်နိုင်ပါတယ်။အိုဝင်အိုတာဆိုစီ ဟာ ချယ်လ်ဆီး အသင်းကို အနိုင်ရတဲ့ ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီး ဘန်လေ အသင်းနဲ့ ပွဲမှာတော့ ပွဲစထဲက ပါဝင်ခွင့်ရခဲ့ပါတယ်။

စပါးအသင်းနဲ့ သရေကျတဲ့ ပွဲမှာတော့ အသက်(၁၉)နှစ်အရွယ်ကစားသမား ဟာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။အိုဝင်အိုတာဆိုစီ ဟာ ကွင်းလယ်မှာလည်း ကစားနိုင်သလို နောက်ခံလူအဖြစ်နဲ့လည်း ပါဝင်ကစားခဲ့ပါတယ်။သူဟာ နိုဝင်ဘာလက အမေရိကန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် နိုင်ဂျီးရီးယား ဒါမှမဟုတ် အင်္ဂလန်လက်ရွေးစင် အတွက်လည်း ကိုယ်စားပြုခွင့်ရှိနေတာလည်းဖြစ်ပါတယ်။

ကိုအာဒီ က “သူပြသခဲ့တဲ့ သူ့ရဲ့ယုံကြည်မှုဟာ အလွန်ကောင်းမွန်ပါတယ်။ဘောလုံးနဲ့ အတူ အစွမ်းထက်ကြောင်းကိုလည်း ပြသထားပါတယ်။သူ့ရဲ့တိုးတက်မှုတွေကို လေ့ကျင့်ရေးကွင်းမှာနေ့တိုင်းမြင်နေရပါတယ်။သူဟာ ပိုကောင်းမွန်လာအောင် ကြိုးစားနေပါတယ်။ကျွန်‌ တော်တို့ ဟာ လူငယ်အများအပြားနဲ့ ကစားခဲ့ကြပြီး သူဟာ နောက်ထပ်တစ်ယောက်ပါ။သူဟာသူ့ရဲ့ပုံသဏ္ဍာန်ကို အကောင်းဆုံးထိန်းသိမ်းထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

Zawgyi

ဝုလ္ဗ္ အသင္းရဲ့ေနာက္ခံလူ အိုဝင္အိုတာဆိုဝီ ဟာ အသက္(၁၉)ႏွစ္အရြယ္သာရွိေသးေပမယ့္ အသက္အရြယ္နဲ႔ မလိုက္ဘဲ သားရဲတစ္ေကာင္လို ျဖစ္ေနတယ္လို႔ Sportsbible က ေဖာ္ျပလိုက္ပါတယ္။ဝုလ္ဗ္အသင္းရဲ့လူငယ္စီမံကိန္း က ထြက္ေပၚလာတဲ့ အိုဝင္အိုတာဆိုဝီ ဟာ ၿပီးခဲ့တဲ့လက ခ်ယ္လ္ဆီး အသင္းနဲ႔ ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာ အသင္းႀကီးအတြက္ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္အသင္းေခါင္းေဆာင္ ကိုအာဒီ ကေတာ့ အဆိုပါကစားသမားဟာ စြမ္းအားအျပည့္ရွိတယ္သူလို႔ ဆိုခဲ့ပါတယ္။အြန္လိုင္းေပၚမွာ တက္လာတဲ့ အဆိုပါ ဆယ္ေက်ာ္သက္ကစားသမားရဲ့ဓါတ္ပုံေတြဟာ ေနာက္ေျပာင္ေနတာမဟုတ္ဘူးဆိုတာ ေတြ႕ျမင္နိုင္ပါတယ္။အိုဝင္အိုတာဆိုစီ ဟာ ခ်ယ္လ္ဆီး အသင္းကို အနိုင္ရတဲ့ ပြဲမွာ ဂိုးဖန္တီးမႈျပဳလုပ္နိုင္ခဲ့ၿပီး ဘန္ေလ အသင္းနဲ႔ ပြဲမွာေတာ့ ပြဲစထဲက ပါဝင္ခြင့္ရခဲ့ပါတယ္။

စပါးအသင္းနဲ႔ သေရက်တဲ့ ပြဲမွာေတာ့ အသက္(၁၉)ႏွစ္အရြယ္ကစားသမား ဟာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခဲ့ပါတယ္။အိုဝင္အိုတာဆိုစီ ဟာ ကြင္းလယ္မွာလည္း ကစားနိုင္သလို ေနာက္ခံလူအျဖစ္နဲ႔လည္း ပါဝင္ကစားခဲ့ပါတယ္။သူဟာ နိုဝင္ဘာလက အေမရိကန္အသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ နိုင္ဂ်ီးရီးယား ဒါမွမဟုတ္ အဂၤလန္လက္ေရြးစင္ အတြက္လည္း ကိုယ္စားျပဳခြင့္ရွိေနတာလည္းျဖစ္ပါတယ္။

ကိုအာဒီ က “သူျပသခဲ့တဲ့ သူ႔ရဲ့ယုံၾကည္မႈဟာ အလြန္ေကာင္းမြန္ပါတယ္။ေဘာလုံးနဲ႔ အတူ အစြမ္းထက္ေၾကာင္းကိုလည္း ျပသထားပါတယ္။သူ႔ရဲ့တိုးတက္မႈေတြကို ေလ့က်င့္ေရးကြင္းမွာေန႔တိုင္းျမင္ေနရပါတယ္။သူဟာ ပိုေကာင္းမြန္လာေအာင္ ႀကိဳးစားေနပါတယ္။ကၽြန္‌ ေတာ္တို႔ ဟာ လူငယ္အမ်ားအျပားနဲ႔ ကစားခဲ့ၾကၿပီး သူဟာ ေနာက္ထပ္တစ္ေယာက္ပါ။သူဟာသူ႔ရဲ့ပုံသ႑ာန္ကို အေကာင္းဆုံးထိန္းသိမ္းထားပါတယ္”လို႔ ဆိုခဲ့ပါတယ္။