အဆင့်(၄)နေရာက အသင်းနဲ့ (၆)မှတ်အကွာထိ ရောက်အောင်ပြန်လာနိုင်တဲ့ အာဆင်နယ်အသင်း

အာဆင်နယ် အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဘရွမ်း အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။အာဆင်နယ် အသင်းအတွက်တော့ အခုရာသီအတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် (၃)ပွဲဆက်နိုင်ပွဲရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးပွဲတွေမှာ ရလဒ်တွေပြန်ကောင်းမွန်လာတဲ့ အာဆင်နယ် အသင်းဟာ နှစ်သစ်ကို နိုင်ပွဲနဲ့ စတင်နိုင်ဖို့ အတွက် အကောင်းဆုံးပြင်ဆင်လာခဲ့တာဖြစ်ပြီး ဝက်စ်ဘရွမ်း အသင်းကလည်း ပြီးခဲ့တဲ့ပွဲက ရလဒ်ဆိုးကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ ရည်မှန်းလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ခြေစွမ်းပိုင်းသိသိသာသာကွဟခဲ့ပြီး အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာတင် (၂)ဂိုးရယူနိုင်ခဲ့ပါတယ်။အာဆင်နယ် အသင်းအတွက် ဂိုးတွေကို တီယာနေး နဲ့ ဆာကာ က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ် အသင်းကပဲ ပွဲကို ဆက်လက်ကြီးစိုးထားပြီး ဂိုးတွေဆက်လက်သွင်းယူနိုင်ဖို့ ဖိအားပေးခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ဒုတိယပိုင်းမှာ နောက်ထပ်(၂)ဂိုးထပ်ရခဲ့ပြီး လာကာဇတ်တီ က (၄)မိနစ်အတွင်း (၂)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၂၁)ကြိမ်၊ ဂိုးပေါက်တည့်မှု (၁၂)ကြိမ်အထိရှိခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဘရွမ်း အသင်းကတော့ ဂိုးပေါက်ကို (၇)ကြိမ်ကန်ပြီး (၃)ကြိမ်သာတည့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့်(၁၁)နေရာအထိ ရောက်ရှိလာခဲ့ပြီး အဆင့်(၄)နေရာက လက်စတာ အသင်းနဲ့ (၆)မှတ်သာကွာဟတော့တာလည်းဖြစ်ပါတယ်။ဝက်စ်ဘရွမ်း အသင်းကတော့ တန်းဆင်းဇုန် အဆင့်(၁၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ အသင္းကေတာ့ ဒီမနက္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဝက္စ္ဘရြမ္း အသင္းကို (၄)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရရွိသြားခဲ့ပါတယ္။အာဆင္နယ္ အသင္းအတြက္ေတာ့ အခုရာသီအတြင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ (၃)ပြဲဆက္နိုင္ပြဲရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးပြဲေတြမွာ ရလဒ္ေတြျပန္ေကာင္းမြန္လာတဲ့ အာဆင္နယ္ အသင္းဟာ ႏွစ္သစ္ကို နိုင္ပြဲနဲ႔ စတင္နိုင္ဖို႔ အတြက္ အေကာင္းဆုံးျပင္ဆင္လာခဲ့တာျဖစ္ၿပီး ဝက္စ္ဘရြမ္း အသင္းကလည္း ၿပီးခဲ့တဲ့ပြဲက ရလဒ္ဆိုးကေန ျပန္လည္႐ုန္းထြက္နိုင္ဖို႔ ရည္မွန္းလာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ေျခစြမ္းပိုင္းသိသိသာသာကြဟခဲ့ၿပီး အာဆင္နယ္ အသင္းဟာ ပထမပိုင္းမွာတင္ (၂)ဂိုးရယူနိုင္ခဲ့ပါတယ္။အာဆင္နယ္ အသင္းအတြက္ ဂိုးေတြကို တီယာေနး နဲ႔ ဆာကာ က သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္ အသင္းကပဲ ပြဲကို ဆက္လက္ႀကီးစိုးထားၿပီး ဂိုးေတြဆက္လက္သြင္းယူနိုင္ဖို႔ ဖိအားေပးခဲ့ပါတယ္။အာဆင္နယ္ အသင္းဟာ ဒုတိယပိုင္းမွာ ေနာက္ထပ္(၂)ဂိုးထပ္ရခဲ့ၿပီး လာကာဇတ္တီ က (၄)မိနစ္အတြင္း (၂)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။အာဆင္နယ္ အသင္းဟာ ဒီပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ(၂၁)ႀကိမ္၊ ဂိုးေပါက္တည့္မႈ (၁၂)ႀကိမ္အထိရွိခဲ့တာလည္းျဖစ္ပါတယ္။ဝက္စ္ဘရြမ္း အသင္းကေတာ့ ဂိုးေပါက္ကို (၇)ႀကိမ္ကန္ၿပီး (၃)ႀကိမ္သာတည့္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ အမွတ္ေပးဇယား အဆင့္(၁၁)ေနရာအထိ ေရာက္ရွိလာခဲ့ၿပီး အဆင့္(၄)ေနရာက လက္စတာ အသင္းနဲ႔ (၆)မွတ္သာကြာဟေတာ့တာလည္းျဖစ္ပါတယ္။ဝက္စ္ဘရြမ္း အသင္းကေတာ့ တန္းဆင္းဇုန္ အဆင့္(၁၉)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။