ဘရူနိုဖာနန်ဒက်စ် ကို မသိမသာထပ်မံတိုက်ခိုက်လိုက်ပြန်တဲ့ မော်ရင်ဟို

စပါးအသင်းနည်းပြ မော်ရင်ဟို ဟာ မန်ချက်စတာယူနိုက်တက် အသင်း ကွင်းလယ်ကစား သမား ဘရူနိုဖာနန်ဒက်စ် ရဲ့ပင်နယ်တီသွင်းဂိုးစံချိန်တွေကို ထပ်မံတိုက်ခိုက်လိုက်ပါတယ်။ဘရုနိုဖာနန်ဒက်စ် ဟာမန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီထဲက အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပြီး အသင်းအတွက် မယုံကြည်နိုင်လောက်အောင် အကျိုးသက်ရောက်မှုတွေရှိခဲ့တဲ့သူပါ။

ပေါ်တူဂီ ကစားသမား ဟာ အက်စတွန်ဗီလာ အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပင်နယ်တီကနေ အနိုင်ဂိုးသွင်းယူပြီး အခုရာသီမှာလည်း အသင်းအတွက် (၁၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။စပါး အသင်းဟာ မနေ့က လိဒ်စ် အသင်းကို ဂိုးပြတ်အနိုင်ရတဲ့ ပွဲဟာ ဆွန်ဟောင်မင် အသင်းအတွက်ရာပြည့်ဂိုးသွင်းယူအပြီးမှာ မော်ရင်ဟို က အသင်းဟောင်းရဲ့ကစားသမားကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို က ” ဆွန်ဟာ ပွတ်စ်ကတ်ဆုလည်း ရထားပြီး စပါး အသင်းအတွက်လည်း သွင်းဂိုး(၁၀၀)ပြည့်သွားပါပြီ။သူဟာ ပင်နယ်တီမပါဘဲ ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင် (၃)ဦးလည်း ဖြစ်နိုင်ပါတယ်။တချို့ကစားသမားတွေကျတော့ တစ်ရာသီကို ပင်နယ်တီ(၁၀)ဂိုးလောက်သွင်းယူကြပါတယ်။ကျွန်တော်အခုပြောနေတာ ဟာရီကိန်းရဲ့အကြောင်းမဟုတ်ပါဘူး။ကျွန်တော် ဆွန်အတွက် အလွန်ပျော်ရွှင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ လထဲက မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီ (၉)ဂိုးအထိသွင်းယူထားတာလည်း ဖြစ်ပါတယ်။မော်ရင်ဟို က ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီကန်သွင်းရာမှာ အလွန်ကောင်းမွန်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပြောဆိုထားပါတယ်။

Zawgyi

စပါးအသင္းနည္းၿပ ေမာ္ရင္ဟို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္း ကြင္းလယ္ကစား သမား ဘ႐ူနိုဖာနန္ဒက္စ္ ရဲ့ပင္နယ္တီသြင္းဂိုးစံခ်ိန္ေတြကို ထပ္မံတိုက္ခိုက္လိုက္ပါတယ္။ဘ႐ုနိုဖာနန္ဒက္စ္ ဟာမန္ခ်က္စတာယူနိုက္တက္ အသင္းကို ေရာက္ရွိခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီထဲက အသင္းအတြက္ အေကာင္းဆုံးစြမ္းေဆာင္ေပးနိုင္ခဲ့တာလည္းျဖစ္ၿပီး အသင္းအတြက္ မယုံၾကည္နိုင္ေလာက္ေအာင္ အက်ိဳးသက္ေရာက္မႈေတြရွိခဲ့တဲ့သူပါ။

ေပၚတူဂီ ကစားသမား ဟာ အက္စတြန္ဗီလာ အသင္းကို အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ပင္နယ္တီကေန အနိုင္ဂိုးသြင္းယူၿပီး အခုရာသီမွာလည္း အသင္းအတြက္ (၁၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။စပါး အသင္းဟာ မေန႔က လိဒ္စ္ အသင္းကို ဂိုးျပတ္အနိုင္ရတဲ့ ပြဲဟာ ဆြန္ေဟာင္မင္ အသင္းအတြက္ရာျပည့္ဂိုးသြင္းယူအၿပီးမွာ ေမာ္ရင္ဟို က အသင္းေဟာင္းရဲ့ကစားသမားကို တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟို က ” ဆြန္ဟာ ပြတ္စ္ကတ္ဆုလည္း ရထားၿပီး စပါး အသင္းအတြက္လည္း သြင္းဂိုး(၁၀၀)ျပည့္သြားပါၿပီ။သူဟာ ပင္နယ္တီမပါဘဲ ပရီးမီးယားလိဂ္ရဲ့ထိပ္တန္းဂိုးသြင္းရွင္ (၃)ဦးလည္း ျဖစ္နိုင္ပါတယ္။တခ်ိဳ႕ကစားသမားေတြက်ေတာ့ တစ္ရာသီကို ပင္နယ္တီ(၁၀)ဂိုးေလာက္သြင္းယူၾကပါတယ္။ကၽြန္ေတာ္အခုေျပာေနတာ ဟာရီကိန္းရဲ့အေၾကာင္းမဟုတ္ပါဘူး။ကၽြန္ေတာ္ ဆြန္အတြက္ အလြန္ေပ်ာ္ရႊင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီ လထဲက မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပင္နယ္တီ (၉)ဂိုးအထိသြင္းယူထားတာလည္း ျဖစ္ပါတယ္။ေမာ္ရင္ဟို က ဘ႐ူနိုဖာနန္ဒက္စ္ ပင္နယ္တီကန္သြင္းရာမွာ အလြန္ေကာင္းမြန္ၿပီး ကမၻာေပၚမွာ အေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက ေျပာဆိုထားပါတယ္။