မက်ဆီ ရဲ့ငြင်းပယ်မှုကို ခံလိုက်ရတယ်လို့ နောက်ပြောင်ပြီး တွစ်တာမှာ တင်ခဲ့တဲ့ ရုရှားကလပ်

ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ဟာ ရုစပါးတပ်မော်စကို အသင်းက တွစ်တာကနေ စကားပြောဆိုလာတာကို ချက်ခြင်းပဲ ငြင်းပယ်လိုက်တယ်လို့ ရုရှားကလပ် က သူတို့ရဲ့တွစ်တာမှာ နောက်ပြောင်ပြီး ဖော်ပြထားပါတယ်။စပါးတပ်မော်စကို အသင်းက မက်ဆီ ဟာ ဇန်နဝါရီ(၁)ရက်ကစပြီး ကြိုက်နှစ်သက်ရာအသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးလို့ရတယ်ဆိုတဲ့ သတင်းနဲ့ အတူ မက်ဆီ က ငြင်းလိုက်တာကို ဖော်ပြထားတာဖြစ်ပါတယ်။

မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။အဲဒါကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ စပိန်ပြင်ပက အသင်းတွေနဲ့ စိတ်ကြိုက် ဆွေးနွေးမှုတွေပြုလုပ်လို့ ရတာဖြစ်ပါတယ်။မက်ဆီ ကို ခေါ်ယူချင်နေတဲ့ အသင်းတွေဟာ အများအပြားရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီ နဲ့ မန်စီးတီး အသင်းတို့ကတော့ ကစားသမားကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတာဖြစ်ပါတယ်။

စပါးတပ်မော်စကို အသင်းကလည်း သူတို့က မက်ဆီ ကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုပြီး တွစ်တာမှာ ပျော်ရွှင်စရာတွေဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။စပါးတပ်မော်စကို အသင်းက မက်ဆီ ကို “Hi, Leo!” ဆိုပြီး စကားပြောသွားရာမှာ မက်ဆီ က ချက်ခြင်းပဲ “no”ဆိုပြီး ပြန်ပြောခဲ့တာကို ဝမ်းနည်းတယ်ဆိုတဲ့ စာသားနဲ့ စခရင်ရှော့ပြီး တွစ်တာမှာ တင်ခဲ့တာဖြစ်ပါတယ်။

ဒီပို့စ်တင်ပြီး နာရီပိုင်းအကြာမှာပဲ like (၈)သောင်းကျော်၊ ပြန်လည်မျှဝေတာ (၁၅၀၀)ကျော်အထိ ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေအများအပြားက စပါးတပ်မော်စကို ရဲ့နောက်ပြောင်ခဲ့တာကို ပျော်ရွှင်စွာ ပြန်လည်ပြီး စနောက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။မက်ဆီ ကတော့ အခုနှစ်အကုန်ထိ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘယ်အသင်းနဲ့မှ ဆွေးနွေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီ ဟာ ႐ုစပါးတပ္ေမာ္စကို အသင္းက တြစ္တာကေန စကားေျပာဆိုလာတာကို ခ်က္ျခင္းပဲ ျငင္းပယ္လိုက္တယ္လို႔ ႐ုရွားကလပ္ က သူတို႔ရဲ့တြစ္တာမွာ ေနာက္ေျပာင္ၿပီး ေဖာ္ျပထားပါတယ္။စပါးတပ္ေမာ္စကို အသင္းက မက္ဆီ ဟာ ဇန္နဝါရီ(၁)ရက္ကစၿပီး ႀကိဳက္ႏွစ္သက္ရာအသင္းေတြနဲ႔ လြတ္လပ္စြာေဆြးေႏြးလို႔ရတယ္ဆိုတဲ့ သတင္းနဲ႔ အတူ မက္ဆီ က ျငင္းလိုက္တာကို ေဖာ္ျပထားတာျဖစ္ပါတယ္။

မက္ဆီ နဲ႔ ဘာစီလိုနာ အသင္းတို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာလည္းျဖစ္ပါတယ္။အဲဒါေၾကာင့္ သူ႔ကို ေခၚယူခ်င္ေနတဲ့ စပိန္ျပင္ပက အသင္းေတြနဲ႔ စိတ္ႀကိဳက္ ေဆြးေႏြးမႈေတြျပဳလုပ္လို႔ ရတာျဖစ္ပါတယ္။မက္ဆီ ကို ေခၚယူခ်င္ေနတဲ့ အသင္းေတြဟာ အမ်ားအျပားရွိေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီ နဲ႔ မန္စီးတီး အသင္းတို႔ကေတာ့ ကစားသမားကို ေခၚယူနိုင္ဖို႔ ထိပ္ဆုံးကေန ေရပန္းစားေနတာျဖစ္ပါတယ္။

စပါးတပ္ေမာ္စကို အသင္းကလည္း သူတို႔က မက္ဆီ ကို ေခၚယူဖို႔ ႀကိဳးစားခဲ့တယ္ဆိုၿပီး တြစ္တာမွာ ေပ်ာ္ရႊင္စရာေတြဖန္တီးခဲ့တာလည္းျဖစ္ပါတယ္။စပါးတပ္ေမာ္စကို အသင္းက မက္ဆီ ကို “Hi, Leo!” ဆိုၿပီး စကားေျပာသြားရာမွာ မက္ဆီ က ခ်က္ျခင္းပဲ “no”ဆိုၿပီး ျပန္ေျပာခဲ့တာကို ဝမ္းနည္းတယ္ဆိုတဲ့ စာသားနဲ႔ စခရင္ေရွာ့ၿပီး တြစ္တာမွာ တင္ခဲ့တာျဖစ္ပါတယ္။

ဒီပို႔စ္တင္ၿပီး နာရီပိုင္းအၾကာမွာပဲ like (၈)ေသာင္းေက်ာ္၊ ျပန္လည္မၽွေဝတာ (၁၅၀၀)ေက်ာ္အထိ ရွိသြားခဲ့တာလည္းျဖစ္ပါတယ္။ပရိသတ္ေတြအမ်ားအျပားက စပါးတပ္ေမာ္စကို ရဲ့ေနာက္ေျပာင္ခဲ့တာကို ေပ်ာ္ရႊင္စြာ ျပန္လည္ၿပီး စေနာက္ေနခဲ့ၾကတာလည္းျဖစ္ပါတယ္။မက္ဆီ ကေတာ့ အခုႏွစ္အကုန္ထိ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ၿပီး ဘယ္အသင္းနဲ႔မွ ေဆြးေႏြးမွာမဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။