ဒွန်နာရမ်မာ ကို ခေါ်ယူဖို့ ချယ်လ်ဆီး အသင်းကို အမိန့်ပေးခဲ့ကြတဲ့ ပရိသတ်များ

ချယ်လ်ဆီး အသင်း ပရိသတ်‌တွေကတော့ အေစီမီလန် အသင်းဂိုးသမား ဒွန်နာရမ်မာ ကို ခေါ်ယူဖို့ နဲ့ ပတ်သက်ပြီး အလွန်စိတ်လှုပ်ရှားကြနေတယ်လို့ Sportsbible က ဖော်ပြပါတယ်။ချယ်လ်ဆီး အသင်းဟာ အသက်(၂၁)နှစ်အရွယ်ဂိုးသမားကို ခေါ်ယူဖို့ ချိတ်ဆတ်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ပရိသတ်တွေက ပရိသတ်တွေက ဒီအပြောင်းအရွှေ့ကို စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ အခုရာသီမှာ ရီးနတ်စ် အသင်းကနေ ဂိုးသမား မန်ဒီ ကို ခေါ်ယူထားပြီး သူဟာ ပုံမှန်ပွဲထွက်ခွင့်ရနေတာဖြစ်ပါတယ်။အသင်းရဲ့ပေါင်သန်း(၇၀)ကျော် ဂိုးသမား ကီပါ ဟာ လက်စွမ်းပြဖို့ ရုန်းကန်နေရပြီး အမှားအယွင်းများတာကြောင့် မန်ဒီ ကို ခေါ်ယူပြီး ပွဲထွက်ခွင့်ပေးနေတာဖြစ်ပါတယ်။ဒွန်နာရမ်မာ ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

ဒွန်နာရမ်မာ နဲ့ အေစီမီလန် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ချယ်လ်ဆီး အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးမပေးရဘဲ အလွတ်နဲ့ ခေါ်ယူလို့ ရမှာလည်းဖြစ်ပါတယ်။အေစီမီလန် အသင်းကတော့ အီတလီလက်ရွေးစင် ဂိုးသမား ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ချယ်လ်ဆီး ပရိသတ်တွေကတော့ ဒွန်နာရမ်မာ ကို ခေါ်ယူနိုင်ဖို့ အိမ်မက်တွေ မက်နေကြတာဖြစ်ပါတယ်။

ချယ်လ်ဆီး ပရိသတ်တွေကတော့ ဒွန်နာရမ်မာ လို ဂိုးသမားမျိုးကို အလွတ်နဲ့ ရမှာကို လက်မလွှတ်သင့်ဘူးလို့ တွစ်တာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။အသက်(၂၁)နှစ်အရွယ်ရှိ ဂိုးသမား ဟာ အေစီမီလန် အသင်းအတွက် ပွဲပေါင်း(၂၀၀)ကျော်ပါဝင်ကစားထားပြီး အီတလီ လက်ရွေးစင် အသင်းအတွက် (၂၂)ပွဲပါဝင်ကစားထားပါတယ်။

Zawgyi

ခ်ယ္လ္ဆီး အသင္း ပရိသတ္‌ေတြကေတာ့ ေအစီမီလန္ အသင္းဂိုးသမား ဒြန္နာရမ္မာ ကို ေခၚယူဖို႔ နဲ႔ ပတ္သက္ၿပီး အလြန္စိတ္လႈပ္ရွားၾကေနတယ္လို႔ Sportsbible က ေဖာ္ျပပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ အသက္(၂၁)ႏွစ္အရြယ္ဂိုးသမားကို ေခၚယူဖို႔ ခ်ိတ္ဆတ္မႈေတြရွိေနတယ္လို႔ သတင္းေတြထြက္ေပၚၿပီးေနာက္ ပရိသတ္ေတြက ပရိသတ္ေတြက ဒီအေျပာင္းအေရႊ႕ကို စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီး အသင္းဟာ အခုရာသီမွာ ရီးနတ္စ္ အသင္းကေန ဂိုးသမား မန္ဒီ ကို ေခၚယူထားၿပီး သူဟာ ပုံမွန္ပြဲထြက္ခြင့္ရေနတာျဖစ္ပါတယ္။အသင္းရဲ့ေပါင္သန္း(၇၀)ေက်ာ္ ဂိုးသမား ကီပါ ဟာ လက္စြမ္းျပဖို႔ ႐ုန္းကန္ေနရၿပီး အမွားအယြင္းမ်ားတာေၾကာင့္ မန္ဒီ ကို ေခၚယူၿပီး ပြဲထြက္ခြင့္ေပးေနတာျဖစ္ပါတယ္။ဒြန္နာရမ္မာ ဟာ ကမၻာေပၚမွာ အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာလည္းျဖစ္ပါတယ္။

ဒြန္နာရမ္မာ နဲ႔ ေအစီမီလန္ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုေႏြရာသီမွာ ကုန္ဆုံးေတာ့မွာ ျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီး အသင္းအေနနဲ႔ ေျပာင္းေရႊ႕ေၾကးမေပးရဘဲ အလြတ္နဲ႔ ေခၚယူလို႔ ရမွာလည္းျဖစ္ပါတယ္။ေအစီမီလန္ အသင္းကေတာ့ အီတလီလက္ေရြးစင္ ဂိုးသမား ကို သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုနိုင္ဖို႔ ႀကိဳးစားေနတာလည္းျဖစ္ပါတယ္။ခ်ယ္လ္ဆီး ပရိသတ္ေတြကေတာ့ ဒြန္နာရမ္မာ ကို ေခၚယူနိုင္ဖို႔ အိမ္မက္ေတြ မက္ေနၾကတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီး ပရိသတ္ေတြကေတာ့ ဒြန္နာရမ္မာ လို ဂိုးသမားမ်ိဳးကို အလြတ္နဲ႔ ရမွာကို လက္မလႊတ္သင့္ဘူးလို႔ တြစ္တာေတြမွာ ေရးသားေဖာ္ျပေနၾကပါတယ္။အသက္(၂၁)ႏွစ္အရြယ္ရွိ ဂိုးသမား ဟာ ေအစီမီလန္ အသင္းအတြက္ ပြဲေပါင္း(၂၀၀)ေက်ာ္ပါဝင္ကစားထားၿပီး အီတလီ လက္ေရြးစင္ အသင္းအတြက္ (၂၂)ပြဲပါဝင္ကစားထားပါတယ္။