ပါရာဂွေးသမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကမ္ဘာကျော်ဂိုးသမား ချီလာဗတ်

ပါရာဂွေးလက်ရွေးစင် အသင်းရဲ့ဂန္တဝင်ဂိုးသမားကြီး ချီလာဗတ် ဟာ ပါရာဂွေးနိုင်ငံမှာ ကျင်းပမယ့် (၂၀၂၃) ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ 90min က ဖော်ပြထားပါတယ်။ချီလာဗတ် ဟာ သူကစားနေတဲ့ အချိန်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဂိုးသွင်းစွမ်းရည်မြင့်မားတဲ့ ဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။

ချီလာဗတ် ဟာ ပြစ်ဒဏ်ဘောနဲ့ ပင်နယ်တီတွေကို ပင်တိုင်ကန်တဲ့သူဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် (၆၇)ဂိုးသွင်းယူကာ သမိုင်းတစ်လျှောက် ဒုတိ‌ယမြောက်သွင်းဂိုးအများဆုံး ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။ချီလာဗတ် ဟာ ပါရာဂွေးလက်ရွေးစင် အတွက် (၇၄)ပွဲပါဝင်ကစားပြီး (၈)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ချီလာဗတ် ဟာ (၂၀၀၂) ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ (၄)ဂိုးသွင်းယူခဲ့ပါတယ်။

နောက်တစ်နှစ်မှာ လက်ရွေးစင် အသင်းက အနားယူခဲ့တဲ့ ချီလာဗတ် ဟာ ပါရာဂွေးဘောလုံးသမိုင်းမှာ အကျော်ကြားဆုံးပုဂ္ဂိုလ်တွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။ချီလာဗတ် ဟာ ကစားသမားတစ်ဦး အနေနဲ့ နိုင်ငံရေးအမြင်ကို ဘယ်တော့မှ မဖုံးကွယ်ခဲ့ပဲ သူ့ကို ချီဂွေဗားရား နဲ့ တောင် နှိုင်းယှဉ်ခဲ့ကြပါတယ်။ပရိသတ်တွေနဲ့ အသင်းဖော်ဟောင်းတွေက သူ့ကို အနာဂတ်သမ္တအဖြစ် ပြောဆိုလေ့ရှိကြပါတယ်။အခုအချိန်မှာတော့ ချီလာဗတ် က (၂၀၂၃) ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ချီလာဗတ် ဟာ အာဂျင်တီးနားကလပ် ဗီလတ်ဇ် ဆာစဗီးလ် အသင်းနဲ့ အတူ အောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ ပြင်သစ်ကလပ် စထရာဘောင်း၊ စပိန်ကလပ် ဇာရာဂိုဇာ အသင်းတွေမှာလည်း ကစားခဲ့တာပါ။ချီလာဗတ် ဟာ တစ်ဦးချင်းအောင်မြင်မှုတွေလည်း အများကြီးရရှိခဲ့တဲ့ ဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။

Zawgyi

ပါရာေဂြးလက္ေရြးစင္ အသင္းရဲ့ဂႏၲဝင္ဂိုးသမားႀကီး ခ်ီလာဗတ္ ဟာ ပါရာေဂြးနိုင္ငံမွာ က်င္းပမယ့္ (၂၀၂၃) ေရြးေကာက္ပြဲမွာ သမၼတျဖစ္ဖို႔ ရည္ရြယ္ထားတယ္လို႔ 90min က ေဖာ္ျပထားပါတယ္။ခ်ီလာဗတ္ ဟာ သူကစားေနတဲ့ အခ်ိန္အတြင္းမွာ ကမၻာ့အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ဂိုးသြင္းစြမ္းရည္ျမင့္မားတဲ့ ဂိုးသမားတစ္ဦးလည္းျဖစ္ပါတယ္။

ခ်ီလာဗတ္ ဟာ ျပစ္ဒဏ္ေဘာနဲ႔ ပင္နယ္တီေတြကို ပင္တိုင္ကန္တဲ့သူျဖစ္ၿပီး ကလပ္နဲ႔ နိုင္ငံအသင္းအတြက္ (၆၇)ဂိုးသြင္းယူကာ သမိုင္းတစ္ေလၽွာက္ ဒုတိ‌ယေျမာက္သြင္းဂိုးအမ်ားဆုံး ဂိုးသမားအျဖစ္လည္း မွတ္တမ္းဝင္ထားတာျဖစ္ပါတယ္။ခ်ီလာဗတ္ ဟာ ပါရာေဂြးလက္ေရြးစင္ အတြက္ (၇၄)ပြဲပါဝင္ကစားၿပီး (၈)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ခ်ီလာဗတ္ ဟာ (၂၀၀၂) ကမၻာ့ဖလား ေျခစစ္ပြဲမွာ (၄)ဂိုးသြင္းယူခဲ့ပါတယ္။

ေနာက္တစ္ႏွစ္မွာ လက္ေရြးစင္ အသင္းက အနားယူခဲ့တဲ့ ခ်ီလာဗတ္ ဟာ ပါရာေဂြးေဘာလုံးသမိုင္းမွာ အေက်ာ္ၾကားဆုံးပုဂၢိဳလ္ေတြထဲကတစ္ဦးလည္းျဖစ္ပါတယ္။ခ်ီလာဗတ္ ဟာ ကစားသမားတစ္ဦး အေနနဲ႔ နိုင္ငံေရးအျမင္ကို ဘယ္ေတာ့မွ မဖုံးကြယ္ခဲ့ပဲ သူ႔ကို ခ်ီေဂြဗားရား နဲ႔ ေတာင္ ႏွိုင္းယွဥ္ခဲ့ၾကပါတယ္။ပရိသတ္ေတြနဲ႔ အသင္းေဖာ္ေဟာင္းေတြက သူ႔ကို အနာဂတ္သမၲအျဖစ္ ေျပာဆိုေလ့ရွိၾကပါတယ္။အခုအခ်ိန္မွာေတာ့ ခ်ီလာဗတ္ က (၂၀၂၃) ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

ခ်ီလာဗတ္ ဟာ အာဂ်င္တီးနားကလပ္ ဗီလတ္ဇ္ ဆာစဗီးလ္ အသင္းနဲ႔ အတူ ေအာင္ျမင္မႈေတြ အမ်ားအျပားရယူနိုင္ခဲ့တာျဖစ္ပါတယ္။သူဟာ ျပင္သစ္ကလပ္ စထရာေဘာင္း၊ စပိန္ကလပ္ ဇာရာဂိုဇာ အသင္းေတြမွာလည္း ကစားခဲ့တာပါ။ခ်ီလာဗတ္ ဟာ တစ္ဦးခ်င္းေအာင္ျမင္မႈေတြလည္း အမ်ားႀကီးရရွိခဲ့တဲ့ ဂိုးသမားတစ္ဦးလည္းျဖစ္ပါတယ္။