နောက်ဆုံး(၆)ပွဲမှာ တစ်ပွဲသာအနိုင်ရတဲ့အထိ အခြေအနေဆိုးခဲ့တဲ့ ချယ်လ်ဆီး အသင်း

ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) စူပါဆန်းဒေးရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီး အသင်းနဲ့ မန်စီးတီး အသင်းတို့ ပွဲမှာ ဧည့်သည် မန်စီးတီး အသင်းက (၃)ဂိုး-(၁)ဂိုးအနိုင်ရရှိသွားခဲ့ပါတယ်။ချယ်လ်ဆီး အသင်းအတွက်တော့ ဒီပွဲအရေးနိမ့်ခဲ့တဲ့ အတွက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရပြီး (၄)ပွဲအထိ ရှုံးနိမ့်သွားခဲ့တာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းကတော့ သူတို့ရဲ့အကောင်းဆုံးပွဲထွက်လူစာရင်းနဲ့ ပွဲထွက်ခဲ့တာပါ။ကိုရိုနာဗိုင်းရပ်စ် ပြသနာတွေရှိနေတဲ့ မန်စီးတီး အသင်းက ဂိုးသမားနေရာမှာ အမေရိကန်ဂိုးသမား စတီဖန် ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှုး အဂွေရို ကိုလည်း အရန်စာရင်းမှာပဲ ထားခဲ့တာဖြစ်ပါတယ်။ပွဲအစပိုင်းမှာ ချယ်လ်ဆီး အသင်းက ဖိအားပေးခဲ့ပြီး ဂိုးသမား စတီဖန် ရဲ့ဧရိယာအတွင်းမှာ ကိုယ့်အသင်းကစားသမားက ပြန်ပေးတာကို လက်နဲ့ ဖမ်းခဲ့လို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ မန်စီးတီး အသင်းက ပြန်လည်အခွင့်အရေးတွေရခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၁၈)မိနစ်မှာတော့ ဂန်ဒိုဂန် က ဖိုဒန် ရဲ့ပေးပို့မှုကနေ မန်စီးတီး အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ပွဲချိန်(၂၁)မိနစ်မှာ ဒီဘရိုင်း ရဲ့ဖန်တီးပေးတာကို ဖိုဒန် နဲ့ ပွဲချိန်(၃၄)မိနစ်မှာ စတာလင် ကန်ချက် တိုင်ထိပြီး ပြန်ထွက်လာတာကို ဒီဘရိုင်းက အဆုံးသတ်ပြီး ပထမပိုင်းကို (၃)ဂိုးပြတ်နဲ့ မန်စီးတီး တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း မန်စီးတီးကပဲ ဂိုးကန်သွင်းခွင့်အသာနဲ့ ဦးဆောင်ခဲ့‌ပြီး ချယ်လ်ဆီး အသင်းအတွက် နှစ်သိမ့်ချေပဂိုးကို ပွဲချိန်မိနစ်(၉၀)ကျော်ပြီး နာကျင်အချိန်ပိုမှာ ဟာဗတ်စ် ရဲ့ပေးပို့မှုကနေ အိုဒွိုင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်စီးတီး အသင်းက (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၅)နေရာထိ ရောက်ရှိလာခဲ့ပါတယ်။ချယ်လ်ဆီး အသင်းကတော့ အဆင့်(၈)နေရာထိ ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းနည်းပြ လမ်းပတ်အတွက်တော့ အခုရှုံးပွဲကြောင့် ဖိအားတွေပိုမိုကျရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ ပြဲစဥ္(၁၇) စူပါဆန္းေဒးရဲ့ အေကာင္းဆုံးပြဲစဥ္တစ္ပြဲျဖစ္တဲ့ ခ်ယ္လ္ဆီး အသင္းနဲ႔ မန္စီးတီး အသင္းတို႔ ပြဲမွာ ဧည့္သည္ မန္စီးတီး အသင္းက (၃)ဂိုး-(၁)ဂိုးအနိုင္ရရွိသြားခဲ့ပါတယ္။ခ်ယ္လ္ဆီး အသင္းအတြက္ေတာ့ ဒီပြဲအေရးနိမ့္ခဲ့တဲ့ အတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၆)ပြဲမွာ (၁)ပြဲသာ အနိုင္ရၿပီး (၄)ပြဲအထိ ရႈံးနိမ့္သြားခဲ့တာလည္းျဖစ္ပါတယ္။

ခ်ယ္လ္ဆီး အသင္းကေတာ့ သူတို႔ရဲ့အေကာင္းဆုံးပြဲထြက္လူစာရင္းနဲ႔ ပြဲထြက္ခဲ့တာပါ။ကိုရိုနာဗိုင္းရပ္စ္ ျပသနာေတြရွိေနတဲ့ မန္စီးတီး အသင္းက ဂိုးသမားေနရာမွာ အေမရိကန္ဂိုးသမား စတီဖန္ ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မႈး အေဂြရို ကိုလည္း အရန္စာရင္းမွာပဲ ထားခဲ့တာျဖစ္ပါတယ္။ပြဲအစပိုင္းမွာ ခ်ယ္လ္ဆီး အသင္းက ဖိအားေပးခဲ့ၿပီး ဂိုးသမား စတီဖန္ ရဲ့ဧရိယာအတြင္းမွာ ကိုယ့္အသင္းကစားသမားက ျပန္ေပးတာကို လက္နဲ႔ ဖမ္းခဲ့လို႔ ျပစ္ဒဏ္ေဘာ ကန္ခြင့္ရခဲ့ၿပီး အသုံးမခ်နိုင္ခဲ့တာျဖစ္ပါတယ္။အဲဒီေနာက္ပိုင္းမွာ မန္စီးတီး အသင္းက ျပန္လည္အခြင့္အေရးေတြရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္(၁၈)မိနစ္မွာေတာ့ ဂန္ဒိုဂန္ က ဖိုဒန္ ရဲ့ေပးပို႔မႈကေန မန္စီးတီး အတြက္ အဖြင့္ဂိုးကို သြင္းယူေပးနိုင္ခဲ့ပါတယ္။ပြဲခ်ိန္(၂၁)မိနစ္မွာ ဒီဘရိုင္း ရဲ့ဖန္တီးေပးတာကို ဖိုဒန္ နဲ႔ ပြဲခ်ိန္(၃၄)မိနစ္မွာ စတာလင္ ကန္ခ်က္ တိုင္ထိၿပီး ျပန္ထြက္လာတာကို ဒီဘရိုင္းက အဆုံးသတ္ၿပီး ပထမပိုင္းကို (၃)ဂိုးျပတ္နဲ႔ မန္စီးတီး တို႔ ဦးေဆာင္နိုင္ခဲ့ပါတယ္။ဒုတိယပိုင္းမွာလည္း မန္စီးတီးကပဲ ဂိုးကန္သြင္းခြင့္အသာနဲ႔ ဦးေဆာင္ခဲ့‌ၿပီး ခ်ယ္လ္ဆီး အသင္းအတြက္ ႏွစ္သိမ့္ေခ်ပဂိုးကို ပြဲခ်ိန္မိနစ္(၉၀)ေက်ာ္ၿပီး နာက်င္အခ်ိန္ပိုမွာ ဟာဗတ္စ္ ရဲ့ေပးပို႔မႈကေန အိုဒြိဳင္းက သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ မန္စီးတီး အသင္းက (၃)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့ၿပီး အမွတ္ေပးဇယား အဆင့္(၅)ေနရာထိ ေရာက္ရွိလာခဲ့ပါတယ္။ခ်ယ္လ္ဆီး အသင္းကေတာ့ အဆင့္(၈)ေနရာထိ ေရာက္ရွိသြားခဲ့တာလည္းျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းနည္းၿပ လမ္းပတ္အတြက္ေတာ့ အခုရႈံးပြဲေၾကာင့္ ဖိအားေတြပိုမိုက်ေရာက္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။