ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ပီလီ ထက် ဂိုးပိုသွင်းနိုင်ခဲ့တဲ့ စီရော်နယ်ဒို

ဂျုဗင်တပ်စ် အသင်း တိုက်စစ်ကစားသမား စီရော်နယ်ဒို ဟာ ဒီမနက်က ကစားခဲ့တဲ့ အူဒီးနီးစ် အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဂန္တဝင်ကစားသမားကြီး ပီလီ ထက်ဂိုးပိုသွင်းပြီး ဘောလုံးသမိုင်းရဲ့ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။စီရော်နယ်ဒို ဟာ အူးဒီးနီးစ် ကို အနိုင်ရတဲ့ ပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် အခုလို ပီလီရဲ့သွင်းဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒို ဟာ ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် ကစားသမားဘဝသွင်းဂိုး (၇၅၈)ဂိုး ရှိသွားခဲ့တာဖြစ်ပြီး ပီလီ ထက် တစ်ဂိုးအသာရရှိသွားခဲ့တာပါ။အဲဒါကြောင့် စီရော်နယ်ဒို ရဲ့အထက်မှာ ဘောလုံးသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဆလားဗီးယားပရာဂူး အသင်းရဲ့ဂန္တဝင်ကစားသမားကြီး ဂျိုးဆက်ဗ်ဘီကန် သာ ရှိတော့တာလည်းဖြစ်ပါတယ်။

ဂျိုးဆက်ဗ်ဘီကန် ဟာ (၁၉၃၁)ကနေ (၁၉၅၅) အထိ ပွဲပေါင်း(၅၃၀)ပါဝင်ကစားခဲ့ပြီး (၈၀၅)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။စီရော်နယ်ဒို အခုလို ဂိုးသွင်းအများဆုံး ဒုတိယနေရာကို ရောက်ရှိလာခဲ့ပြီးနောက် ပရိသတ်တွေက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ဂုဏ်ပြုရေးသားခဲ့ကြပါတယ်။စီရော်နယ်ဒို ဟာ ကလပ်အသင်းတွေအတွက် (၆၅၆)ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် (၁၀၂) ဂိုးသွင်းယူထားကာ စုစုပေါင်း (၇၅၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

စီရော်နယ်ဒို ဟာ အူဒီးနီးစ် အသင်းကို အနိုင်ရတဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် အခုရာသီ စီးရီးအေ ပြိုင်ပွဲမှာ သွင်းဂိုး(၁၄)ဂိုးနဲ့ ဂိုးသွင်းအများ‌ဆုံးကစားသမားအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Zawgyi

ဂ်ဳဗင္တပ္စ္ အသင္း တိုက္စစ္ကစားသမား စီေရာ္နယ္ဒို ဟာ ဒီမနက္က ကစားခဲ့တဲ့ အူဒီးနီးစ္ အသင္းနဲ႔ ပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ဂႏၲဝင္ကစားသမားႀကီး ပီလီ ထက္ဂိုးပိုသြင္းၿပီး ေဘာလုံးသမိုင္းရဲ့ဒုတိယဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။စီေရာ္နယ္ဒို ဟာ အူးဒီးနီးစ္ ကို အနိုင္ရတဲ့ ပြဲမွာ (၂)ဂိုးသြင္းယူခဲ့ၿပီးေနာက္ အခုလို ပီလီရဲ့သြင္းဂိုးကို ေက်ာ္ျဖတ္နိုင္ခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္ဒို ဟာ ဒီပြဲမွာ (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ ကစားသမားဘဝသြင္းဂိုး (၇၅၈)ဂိုး ရွိသြားခဲ့တာျဖစ္ၿပီး ပီလီ ထက္ တစ္ဂိုးအသာရရွိသြားခဲ့တာပါ။အဲဒါေၾကာင့္ စီေရာ္နယ္ဒို ရဲ့အထက္မွာ ေဘာလုံးသမိုင္းတစ္ေလၽွာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ဆလားဗီးယားပရာဂူး အသင္းရဲ့ဂႏၲဝင္ကစားသမားႀကီး ဂ်ိဳးဆက္ဗ္ဘီကန္ သာ ရွိေတာ့တာလည္းျဖစ္ပါတယ္။

ဂ်ိဳးဆက္ဗ္ဘီကန္ ဟာ (၁၉၃၁)ကေန (၁၉၅၅) အထိ ပြဲေပါင္း(၅၃၀)ပါဝင္ကစားခဲ့ၿပီး (၈၀၅)ဂိုးသြင္းယူထားတာလည္းျဖစ္ပါတယ္။စီေရာ္နယ္ဒို အခုလို ဂိုးသြင္းအမ်ားဆုံး ဒုတိယေနရာကို ေရာက္ရွိလာခဲ့ၿပီးေနာက္ ပရိသတ္ေတြက ကမၻာ့အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ဂုဏ္ျပဳေရးသားခဲ့ၾကပါတယ္။စီေရာ္နယ္ဒို ဟာ ကလပ္အသင္းေတြအတြက္ (၆၅၆)ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ေပၚတူဂီလက္ေရြးစင္ အသင္းအတြက္ (၁၀၂) ဂိုးသြင္းယူထားကာ စုစုေပါင္း (၇၅၈)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

စီေရာ္နယ္ဒို ဟာ အူဒီးနီးစ္ အသင္းကို အနိုင္ရတဲ့ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုရာသီ စီးရီးေအ ၿပိဳင္ပြဲမွာ သြင္းဂိုး(၁၄)ဂိုးနဲ႔ ဂိုးသြင္းအမ်ား‌ဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။