ထောင့်ကန်ဘောတောင်ဒဏ်ရာရအောင်ကန်လို့ ဂွာဒီယိုလာရဲ့ပျက်ရယ်ပြုတာခံလိုက်ရတဲ့ ဝါနာ

ချယ်လ်ဆီး အသင်းကတော့ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီး အသင်းကို အရေးနိမ့်ပြီး ရလဒ်တွေဆက်တိုက်ဆိုးရွား‌နေခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ မန်စီးတီး အသင်းက ဝေါလ်ကာ၊ ဂျီးဆပ်စ်၊ ဂါစီယာနဲ့ အီဒါဆန် တို့ မပါဝင်ခဲ့ပေမယ့် ချယ်လ်ဆီး အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းအတွက် ဂန်ဒိုဂန်၊ ဖိုဒန်နဲ့ ဒီဘရိုင်းတို့က သွင်းယူခဲ့ပြီး ချယ်လ်ဆီး အတွက်ဂိုးကို အိုဒွိုင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ဒီရှုံးပွဲကြောင့် ပွဲကျန်တွေကစားဖို့ ကျန်ရှိနေတဲ့ ထိပ်ဆုံးနေရာက လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက် အသင်းတို့နဲ့ (၇)မှတ်အကွာ အဆင့်(၈)နေရာကို ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ပေါင်သန်း(၂၅၀)ကျော်အသုံးပြုပြီး လူအင်အားဖြည့်တင်းခဲ့ပေမယ့် ရလဒ်တွေဆိုးရွားနေခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် နည်းပြ လမ်းပတ် ဟာ ဖိအားတွေအောက်ကျရောက်နေပြီး ရာထူးကထုတ်ပယ်ခံရမယ့် အသံတွေထွက်ပေါ်လာခဲ့ပါတယ်။ချယ်လ်ဆီး အသင်းဝယ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ပြောချင်စရာဖြစ်နေတဲ့သူကတော့ လိုက်ပ်ဇစ် ကနေ ပေါင်(၄၇)သန်းကျော်နဲ့ ဝယ်ယူခဲ့တဲ့ တိုက်စစ်မှုး ဝါနာဖြစ်ပါတယ်။ဝါနာ ဟာ ပရီးမီးယားလိဂ် (၁၇)ပွဲမှာ (၄)ဂိုးပဲသွင်းယူထားပြီး ယုံကြည်မှုတွေပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။

ဝါနာ ဟာ ဒီမနက်က ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ပွဲချိန်(၈၇)မိနစ်မှာ ထောင့်ကန်ဘောကန်ရာမှာ အလံတိုင်နဲ့ သူ့ရဲ့ခြေထောက်ထိခိုက်မိပြီး သူ့ကိုယ်သူဒဏ်ရာရအောင် ပြုလုပ်သလို‌ တောင်ဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။ဝါနာ မြေပေါ်လဲကျသွားပြီးနောက် ဂွာဒီယိုလာက အဝါကတ်ပြသဖို့တောင် အော်ဟစ်ခဲ့ပြီး ဂျာမနီကစားသမားကို ပျက်ရယ်ပြုခဲ့တယ်လို့ ဂျာနယ်လစ် အက်ဒ်အာရွန် က ဆိုခဲ့ပါတယ်။

Zawgyi

ခ်ယ္လ္ဆီး အသင္းကေတာ့ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ မန္စီးတီး အသင္းကို အေရးနိမ့္ၿပီး ရလဒ္ေတြဆက္တိုက္ဆိုးရြား‌ေနခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ မန္စီးတီး အသင္းက ေဝါလ္ကာ၊ ဂ်ီးဆပ္စ္၊ ဂါစီယာနဲ႔ အီဒါဆန္ တို႔ မပါဝင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီး အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီး အသင္းအတြက္ ဂန္ဒိုဂန္၊ ဖိုဒန္နဲ႔ ဒီဘရိုင္းတို႔က သြင္းယူခဲ့ၿပီး ခ်ယ္လ္ဆီး အတြက္ဂိုးကို အိုဒြိဳင္းက သြင္းယူခဲ့တာျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ ဒီရႈံးပြဲေၾကာင့္ ပြဲက်န္ေတြကစားဖို႔ က်န္ရွိေနတဲ့ ထိပ္ဆုံးေနရာက လီဗာပူးလ္၊ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔နဲ႔ (၇)မွတ္အကြာ အဆင့္(၈)ေနရာကို ေရာက္ရွိသြားခဲ့တာလည္းျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ေပါင္သန္း(၂၅၀)ေက်ာ္အသုံးျပဳၿပီး လူအင္အားျဖည့္တင္းခဲ့ေပမယ့္ ရလဒ္ေတြဆိုးရြားေနခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ နည္းၿပ လမ္းပတ္ ဟာ ဖိအားေတြေအာက္က်ေရာက္ေနၿပီး ရာထူးကထုတ္ပယ္ခံရမယ့္ အသံေတြထြက္ေပၚလာခဲ့ပါတယ္။ခ်ယ္လ္ဆီး အသင္းဝယ္ယူခဲ့တဲ့ ကစားသမားေတြထဲမွာ ေျပာခ်င္စရာျဖစ္ေနတဲ့သူကေတာ့ လိုက္ပ္ဇစ္ ကေန ေပါင္(၄၇)သန္းေက်ာ္နဲ႔ ဝယ္ယူခဲ့တဲ့ တိုက္စစ္မႈး ဝါနာျဖစ္ပါတယ္။ဝါနာ ဟာ ပရီးမီးယားလိဂ္ (၁၇)ပြဲမွာ (၄)ဂိုးပဲသြင္းယူထားၿပီး ယုံၾကည္မႈေတြေပ်ာက္ဆုံးေနတာလည္းျဖစ္ပါတယ္။

ဝါနာ ဟာ ဒီမနက္က ကစားခဲ့တဲ့ ပြဲစဥ္ရဲ့ပြဲခ်ိန္(၈၇)မိနစ္မွာ ေထာင့္ကန္ေဘာကန္ရာမွာ အလံတိုင္နဲ႔ သူ႔ရဲ့ေျခေထာက္ထိခိုက္မိၿပီး သူ႔ကိုယ္သူဒဏ္ရာရေအာင္ ျပဳလုပ္သလို‌ ေတာင္ျဖစ္ခဲ့တယ္လို႔ သတင္းေတြမွာ ဆိုပါတယ္။ဝါနာ ေျမေပၚလဲက်သြားၿပီးေနာက္ ဂြာဒီယိုလာက အဝါကတ္ျပသဖို႔ေတာင္ ေအာ္ဟစ္ခဲ့ၿပီး ဂ်ာမနီကစားသမားကို ပ်က္ရယ္ျပဳခဲ့တယ္လို႔ ဂ်ာနယ္လစ္ အက္ဒ္အာရြန္ က ဆိုခဲ့ပါတယ္။