ဟူစကာနဲ့ ပွဲမှာ ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးကန်သွင်းမှုပြုလုပ်ခဲ့တဲ့ မက်ဆီ

မက်ဆီ ဟာ ဒီမနက်က ဟူစကာ အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ကစားသမားဘဝ တစ်လျှောက် အဆိုးရွားဆုံးကန်သွင်းမှုပြုလုပ်ခဲ့တယ်လို့ givemesport က ဖော်ပြလိုက်ပါတယ်။မက်ဆီ ဟာ အီဘာ နဲ့ သရေကျတဲ့ ပွဲမှာ ဒဏ်ရာပြသနာကြောင်း မပါဝင်ခဲ့ပေမယ့် ဟူစကာ နဲ့ ပွဲမှာတော့ ပွဲချိန်အပြည့်ပါဝင်ကစားသွားခဲ့ပါတယ်။

မက်ဆီ ဟာ ဒီပွဲမှာ ဘာစီလိုနာ အသင်းအတွက် အကောင်းဆုံးကစားပေးခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးဖြစ်စေမယ့် အဖိုးတန်သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲမှာ ဒီဂျောင် သွင်းယူခဲ့တဲ့ ဂိုးကို မက်ဆီ ကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ သူပါဝင်ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

မက်ဆီ ဟာလည်း လူသားတစ်ယောက်ဖြစ်တဲ့ အတွက် ပွဲချိန်အတွင်းမှာ အမှားအယွင်းတွေ ပြုလုပ်တက်ပါတယ်။မက်ဆီ ဟာ ဟူစကာ နဲ့ ပွဲစဥ်ရဲ့ ပထမပိုင်းမှာ ဆိုးရွားတဲ့ ကန်သွင်းချက်တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။အဲ့ဒါကတော့ ပွဲချိန်(၈)မိနစ်အကျော်မှာ ဂျော်ဒီအယ်လ်ဘာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မက်ဆီ က ခုန်ပြီး volley ကန်သွင်းတဲ့ ပုံစံအတိုင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီ ရဲ့ကန်သွင်းချက်ဟာ အလွန်ဆိုးရွားခဲ့ပြီး ပြိုင်ဘက် နောက်ခံလူက ထောင့်ကန်ဘောဖြစ်သွားအောင် ဖျက်ထုတ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲမှာ မက်ဆီ ရဲ့ကန်သွင်းချက်အချို့ ဟာ အလွန်ဆိုးရွားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ နိုင်ပွဲရသွားခဲ့တာကြောင့် ဝေဖန်မှုတွေ မခံခဲ့ရတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ထိပ်ဆုံးနေရာက အသလက်တီကို အသင်းနဲ့ (၁၀)မှတ်အကွာ အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Zawgyi

မက္ဆီ ဟာ ဒီမနက္က ဟူစကာ အသင္းကို အနိုင္ရခဲ့တဲ့ လာလီဂါ ပြဲစဥ္မွာ ကစားသမားဘဝ တစ္ေလၽွာက္ အဆိုးရြားဆုံးကန္သြင္းမႈျပဳလုပ္ခဲ့တယ္လို႔ givemesport က ေဖာ္ျပလိုက္ပါတယ္။မက္ဆီ ဟာ အီဘာ နဲ႔ သေရက်တဲ့ ပြဲမွာ ဒဏ္ရာျပသနာေၾကာင္း မပါဝင္ခဲ့ေပမယ့္ ဟူစကာ နဲ႔ ပြဲမွာေတာ့ ပြဲခ်ိန္အျပည့္ပါဝင္ကစားသြားခဲ့ပါတယ္။

မက္ဆီ ဟာ ဒီပြဲမွာ ဘာစီလိုနာ အသင္းအတြက္ အေကာင္းဆုံးကစားေပးခဲ့ၿပီး အသင္းအတြက္ အနိုင္ဂိုးျဖစ္ေစမယ့္ အဖိုးတန္သြင္းဂိုးကိုလည္း ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းက တစ္ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရတဲ့ ပြဲမွာ ဒီေဂ်ာင္ သြင္းယူခဲ့တဲ့ ဂိုးကို မက္ဆီ ကဖန္တီးေပးခဲ့တာျဖစ္ပါတယ္။မက္ဆီ ဟာ သူပါဝင္ကစားခြင့္ရတဲ့ အခ်ိန္တိုင္းမွာ အသင္းအတြက္ အေကာင္းဆုံးကစားေပးနိုင္တဲ့ ကမၻာ့အေကာင္းဆုံးကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

မက္ဆီ ဟာလည္း လူသားတစ္ေယာက္ျဖစ္တဲ့ အတြက္ ပြဲခ်ိန္အတြင္းမွာ အမွားအယြင္းေတြ ျပဳလုပ္တက္ပါတယ္။မက္ဆီ ဟာ ဟူစကာ နဲ႔ ပြဲစဥ္ရဲ့ ပထမပိုင္းမွာ ဆိုးရြားတဲ့ ကန္သြင္းခ်က္တစ္ခုကို ျပဳလုပ္သြားခဲ့ပါတယ္။အဲ့ဒါကေတာ့ ပြဲခ်ိန္(၈)မိနစ္အေက်ာ္မွာ ေဂ်ာ္ဒီအယ္လ္ဘာ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို မက္ဆီ က ခုန္ၿပီး volley ကန္သြင္းတဲ့ ပုံစံအတိုင္းျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ မက္ဆီ ရဲ့ကန္သြင္းခ်က္ဟာ အလြန္ဆိုးရြားခဲ့ၿပီး ၿပိဳင္ဘက္ ေနာက္ခံလူက ေထာင့္ကန္ေဘာျဖစ္သြားေအာင္ ဖ်က္ထုတ္လိုက္သလိုျဖစ္သြားခဲ့ပါတယ္။

ဒါ့အျပင္ ဒီပြဲမွာ မက္ဆီ ရဲ့ကန္သြင္းခ်က္အခ်ိဳ႕ ဟာ အလြန္ဆိုးရြားခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ဒါေပမယ့္ ဘာစီလိုနာ အသင္းဟာ နိုင္ပြဲရသြားခဲ့တာေၾကာင့္ ေဝဖန္မႈေတြ မခံခဲ့ရတာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီပြဲအနိုင္ရခဲ့တာေၾကာင့္ ထိပ္ဆုံးေနရာက အသလက္တီကို အသင္းနဲ႔ (၁၀)မွတ္အကြာ အဆင့္(၅)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။