ကွင်းပြင်ပအောင်မြင်မှုမှာလည်း ဘယ်သူကမှလိုက်မမီပြန်တဲ့ စီရော်နယ်ဒို

ဂျုဗင်တပ်စ် အသင်းတိုက်စစ်ကစားသမား စီရော်နယ်ဒို ကတော့ ကွင်းထဲမှာလည်း စံချိန်တွေတစ်ခုပြီးတစ်ခု သိမ်းပိုက်သလို ကွင်းပြင်ပမှာလည်း ဘယ်သူကမှ မရသေးတဲ့ အောင်မြင်မှုတစ်ခုကို ရယူသွားခဲ့ပြန်ပါတယ်။ဒါကတော့ စီရော်နယ်ဒို ဟာ လှုမှုကွန်ယက်တစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါသန်း(၂၅၀)ပြည့်သွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ လက်ရှိကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားနေတဲ့ နာမည်ကြီးတွေတောင် မရသေးတဲ့ စံချိန်မှတ်တမ်းဖြစ်ပြီး စီရော်နယ်‌ဒို ကတော့ ဒီလိုမှတ်တမ်းမျိုးကို ပထမဆုံးရတဲ့ လူပုဂ္ဂိုလ်လည်းဖြစ်လာခဲ့ပါတယ်။ဒီလိုလူပေါင်းများစွာ စိတ်ဝင်စားတာနဲ့ အတူ စီရော်နယ်ဒို ဟာ အင်စတာဂရမ်ကနေ ‌ငွေကြေးပေါင်းမြောက်များစွာလည်း ရရှိနေတာဖြစ်ပါတယ်။စီရော်နယ်ဒို ဟာ အင်စတာဂရမ် ကနေ ပေါင်(၄၁)သန်းကျော် ရရှိနေတာဖြစ်ပြီး အ‌ဓိက ပြိုင်ဘက် မက်ဆီထက် ပေါင်(၁၆)သန်းကျော် ပိုမိုရရှိထားတာပါ။

စီရော်နယ်ဒို ဟာ ဒီမနက်က အူဒီးနီးစ် အသင်းကို အနိုင်ရတဲ့ ပွဲမှာ (၂)ဂိုးသွင်းပြီး ဂန္တဝင်ကစားသမားကြီး ပီလီ ထက် တစ်ဂိုးအသာနဲ့ ဘောလုံးသမိုင်းရဲ့ဂိုးသွင်းအများ‌ဆုံး ဒုတိယနေရာထိတက်နိုင်ခဲ့တာဖြစ်ပါတယ်။စီရော်နယ်ဒို ဟာ ကစားသမားဘဝတစ်လျှောက် (၇၅၈)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး နံပတ်(၁)နေရာမှာ ရှိနေတဲ့ ဂျိုးဆက်ဗ်ဘီကန် ကိုလည်း ကျော်ဖြတ်ဖို့ ကြိုးစားရတော့မှာပါ။

ဒါ့အပြင် စီရော်နယ်ဒို ဟာ အူဒီးနီးစ် နဲ့ ပွဲမှာ ဂိုးသွင်းယူပြီး‌‌နောက်နှစ်ပေါင်း(၂၀)ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းတစ်ခုကိုလည်း ရရှ်ိသွားခဲ့ပါတယ်။အဲဒါကြောင့် စီရော်နယ်ဒို ဟာ နှစ်သစ်အစမှာပဲ စံချိန်(၃)ခုကို ရယူခဲ့ပြီး အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ဂ်ဳဗင္တပ္စ္ အသင္းတိုက္စစ္ကစားသမား စီေရာ္နယ္ဒို ကေတာ့ ကြင္းထဲမွာလည္း စံခ်ိန္ေတြတစ္ခုၿပီးတစ္ခု သိမ္းပိုက္သလို ကြင္းျပင္ပမွာလည္း ဘယ္သူကမွ မရေသးတဲ့ ေအာင္ျမင္မႈတစ္ခုကို ရယူသြားခဲ့ျပန္ပါတယ္။ဒါကေတာ့ စီေရာ္နယ္ဒို ဟာ လႈမႈကြန္ယက္တစ္ခုျဖစ္တဲ့ အင္စတာဂရမ္မွာ ေဖာ္လိုဝါသန္း(၂၅၀)ျပည့္သြားခဲ့တာျဖစ္ပါတယ္။

ဒါဟာ လက္ရွိကမၻာေပၚမွာ ထင္ေပၚေက်ာ္ၾကားေနတဲ့ နာမည္ႀကီးေတြေတာင္ မရေသးတဲ့ စံခ်ိန္မွတ္တမ္းျဖစ္ၿပီး စီေရာ္နယ္‌ဒို ကေတာ့ ဒီလိုမွတ္တမ္းမ်ိဳးကို ပထမဆုံးရတဲ့ လူပုဂၢိဳလ္လည္းျဖစ္လာခဲ့ပါတယ္။ဒီလိုလူေပါင္းမ်ားစြာ စိတ္ဝင္စားတာနဲ႔ အတူ စီေရာ္နယ္ဒို ဟာ အင္စတာဂရမ္ကေန ‌ေငြေၾကးေပါင္းေျမာက္မ်ားစြာလည္း ရရွိေနတာျဖစ္ပါတယ္။စီေရာ္နယ္ဒို ဟာ အင္စတာဂရမ္ ကေန ေပါင္(၄၁)သန္းေက်ာ္ ရရွိေနတာျဖစ္ၿပီး အ‌ဓိက ၿပိဳင္ဘက္ မက္ဆီထက္ ေပါင္(၁၆)သန္းေက်ာ္ ပိုမိုရရွိထားတာပါ။

စီေရာ္နယ္ဒို ဟာ ဒီမနက္က အူဒီးနီးစ္ အသင္းကို အနိုင္ရတဲ့ ပြဲမွာ (၂)ဂိုးသြင္းၿပီး ဂႏၲဝင္ကစားသမားႀကီး ပီလီ ထက္ တစ္ဂိုးအသာနဲ႔ ေဘာလုံးသမိုင္းရဲ့ဂိုးသြင္းအမ်ား‌ဆုံး ဒုတိယေနရာထိတက္နိုင္ခဲ့တာျဖစ္ပါတယ္။စီေရာ္နယ္ဒို ဟာ ကစားသမားဘဝတစ္ေလၽွာက္ (၇၅၈)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ၿပီး နံပတ္(၁)ေနရာမွာ ရွိေနတဲ့ ဂ်ိဳးဆက္ဗ္ဘီကန္ ကိုလည္း ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားရေတာ့မွာပါ။

ဒါ့အျပင္ စီေရာ္နယ္ဒို ဟာ အူဒီးနီးစ္ နဲ႔ ပြဲမွာ ဂိုးသြင္းယူၿပီး‌‌ေနာက္ႏွစ္ေပါင္း(၂၀)ဆက္တိုက္ ဂိုးသြင္းယူနိုင္တဲ့ မွတ္တမ္းတစ္ခုကိုလည္း ရရွ္ိသြားခဲ့ပါတယ္။အဲဒါေၾကာင့္ စီေရာ္နယ္ဒို ဟာ ႏွစ္သစ္အစမွာပဲ စံခ်ိန္(၃)ခုကို ရယူခဲ့ၿပီး ေအာင္ျမင္မႈေတြကို ဆက္လက္ထိန္းသိမ္းနိုင္ခဲ့တာျဖစ္ပါတယ္။