ကစားသမားဟောင်း ပြန်သတ်တာကြောင့် ထိပ်ဆုံးနေရာလွှဲပေးရဖို့ နီးစပ်လာတဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)ရဲ့နောက်ကျပွဲစဉ်တစ်ပွဲအဖြစ် ဆောက်သမ်တန် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ ကစားခဲ့ရာ ဆောက်သမ်တန် အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ဆောက်သမ်တန် အသင်းအတွက် တစ်လုံးထဲသောအနိုင်ဂိုးကို ဒန်နီအင့်စ် က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းဟာ ဂိုးသမား မက္ကာသီ က လွဲပြီး လူစုံတက်စုံပါဝင်ခဲ့ပြီး လီ‌ဗာပူးလ် အသင်းကတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့ပြီး ချိန်ဘာလိန်နဲ့ သီယာဂို တို့ကို ပွဲထွက်အသုံးပြုလာခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ပွဲအစ(၂)မိနစ်မှာပဲ ဝါတ့်ပရောက်စ် ရဲ့ဖန်တီးပေးမှုကနေ ဒန်နီအင့်စ် က ဂိုးသမားကို ကျော်ပြီး လှလှပပသွင်းယူခဲ့တာကြောင့် ဆောက်သမ်တန် အသင်း ဦးဆောင်ဂိုးရရှ်ိသွားခဲ့ပါတယ်။လီဗာပူးလ် အသင်းကတော့ ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက် အသင်းရဲ့ ဂိုးသမားနဲ့ နောက်တန်းကို ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒီပွဲမှာ လီဗာပူးလ် အသင်းဟာ ဂိုးပေါက်ကို (၁၇)ကြိမ်ကန်သွင်းခဲ့ပေမယ့် (၁)ကြိမ်သာ ဂိုးပေါက်ထိရောက်ခဲ့တာဖြစ်ပါတယ်။ဆောက်သမ်တန် အသင်းကတော့ (၇)ကြိမ်ကန်သွင်းခဲ့ရာမှာ (၃)ကြိမ်ဂိုးပေါက်ထိရောက်ခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ ဆောက်သမ်တန် အသင်း နောက်ထပ်ဦးဆောင်ဂိုးရမယ့် အခွင့်အရေးဖြစ်တဲ့ ချီအဒမ် ရှေ့တက်လာတဲ့ အလီဆန် ရဲ့ပေါင်ကြားထဲထည့်ပြီ့း ဂိုးရယူဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးလ် အသင်းက ဖျက်ထုတ်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ပွဲအပြီးမှာ ဆောက်သမ်တန် အသင်းက (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။လီဗာပူးလ် အသင်းဟာ ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲလုံးနိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ ဒုတိယနေရာက မန်ချက်စတာယူနိုက်တက် အသင်းထက် တစ်ပွဲပိုကစားထားပြီး ရမှတ်တူနဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။ဆောက်သမ်တန် အသင်းကတော့ အဆင့်(၆)နေရာကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
U
Zawgyi

ပရီးမီးယားလိဂ္ပြဲစဥ္(၁၇)ရဲ့ေနာက္က်ပြဲစဥ္တစ္ပြဲအျဖစ္ ေဆာက္သမ္တန္ အသင္းနဲ႔ လီဗာပူးလ္ အသင္းတို႔ ကစားခဲ့ရာ ေဆာက္သမ္တန္ အသင္းက တစ္ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။ေဆာက္သမ္တန္ အသင္းအတြက္ တစ္လုံးထဲေသာအနိုင္ဂိုးကို ဒန္နီအင့္စ္ က သြင္းယူခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္ အသင္းဟာ ဂိုးသမား မကၠာသီ က လြဲၿပီး လူစုံတက္စုံပါဝင္ခဲ့ၿပီး လီ‌ဗာပူးလ္ အသင္းကေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ကို ဗဟိုေနာက္ခံလူအျဖစ္ အသုံးျပဳခဲ့ၿပီး ခ်ိန္ဘာလိန္နဲ႔ သီယာဂို တို႔ကို ပြဲထြက္အသုံးျပဳလာခဲ့ပါတယ္။ဒီပြဲစဥ္ရဲ့ပြဲအစ(၂)မိနစ္မွာပဲ ဝါတ့္ပေရာက္စ္ ရဲ့ဖန္တီးေပးမႈကေန ဒန္နီအင့္စ္ က ဂိုးသမားကို ေက်ာ္ၿပီး လွလွပပသြင္းယူခဲ့တာေၾကာင့္ ေဆာက္သမ္တန္ အသင္း ဦးေဆာင္ဂိုးရရွ္ိသြားခဲ့ပါတယ္။လီဗာပူးလ္ အသင္းကေတာ့ ေခ်ပဂိုးရရွိဖို႔ ႀကိဳးစားခဲ့ေပမယ့္ ၿပိဳင္ဘက္ အသင္းရဲ့ ဂိုးသမားနဲ႔ ေနာက္တန္းကို ေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

ဒီပြဲမွာ လီဗာပူးလ္ အသင္းဟာ ဂိုးေပါက္ကို (၁၇)ႀကိမ္ကန္သြင္းခဲ့ေပမယ့္ (၁)ႀကိမ္သာ ဂိုးေပါက္ထိေရာက္ခဲ့တာျဖစ္ပါတယ္။ေဆာက္သမ္တန္ အသင္းကေတာ့ (၇)ႀကိမ္ကန္သြင္းခဲ့ရာမွာ (၃)ႀကိမ္ဂိုးေပါက္ထိေရာက္ခဲ့တာျဖစ္ပါတယ္။ဒီပြဲစဥ္မွာ ေဆာက္သမ္တန္ အသင္း ေနာက္ထပ္ဦးေဆာင္ဂိုးရမယ့္ အခြင့္အေရးျဖစ္တဲ့ ခ်ီအဒမ္ ေရွ႕တက္လာတဲ့ အလီဆန္ ရဲ့ေပါင္ၾကားထဲထည့္ၿပီ့း ဂိုးရယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ လီဗာပူးလ္ အသင္းက ဖ်က္ထုတ္ခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။

ပြဲအၿပီးမွာ ေဆာက္သမ္တန္ အသင္းက (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။လီဗာပူးလ္ အသင္းဟာ ဒီပြဲအပါအဝင္ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၃)ပြဲလုံးနိုင္ပြဲေပ်ာက္ဆုံးခဲ့တာျဖစ္ပါတယ္။လီဗာပူးလ္ အသင္းဟာ ဒုတိယေနရာက မန္ခ်က္စတာယူနိုက္တက္ အသင္းထက္ တစ္ပြဲပိုကစားထားၿပီး ရမွတ္တူနဲ႔ ထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္ေနတာျဖစ္ပါတယ္။ေဆာက္သမ္တန္ အသင္းကေတာ့ အဆင့္(၆)ေနရာကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။