လီဗာပူးလ်ကို နိုင်အပြီး ပျော်လွန်းလို့ ချုံးပွဲချ ငိုကြွေးခဲ့တဲ့ ဆောက်သမ်တန် အသင်းနည်းပြ

ဆောက်သမ်တန် အသင်းနည်းပြ ဟာဆန်ဟူတယ်လ် ကတော့ လက်ရှိချန်ပီယံ လီဗာပူးလ် အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ခံစားချက်တွေမထိန်းချုပ်နိုင်ပဲ အပျော်လွန်ကာ ဒူးထောက်ပြီး ငိုကြွေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ကစားသမားဟောင်း ဒန်နီအင့်စ် ရဲ့ပွဲအစ(၂)မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကို လီဗာပူးလ် အသင်းတို့ ပြန်လည်မချေပနိုင်ခဲ့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

(၂၀၁၈) က ဆောက်သမ်တန် အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဟာဆန်ဟူတယ်လ်ရဲ့လက်ထက်မှာ အသင်းရဲ့ရလဒ်ပိုင်းတွေဟာ ကောင်းမွန်လာပြီး ဒီပွဲအနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့်(၆)နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။လီဗာပူးလ် အသင်းဟာ ဒီပွဲမှာ ဆောက်သမ်တန် အသင်းဘက်ကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို မပြုလုပ်နိုင်ခဲ့တာပါ။ဒါ့အပြင် ပင်နယ်တီရနိုင်မယ့် အခွင့် အရေးတွေ မပေးခဲ့လို့ လီဗာပူးလ်နည်းပြ ကလောပ့် က ပွဲအပြီးမှာ ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ဆောက်သမ်တန် အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒန်နီအင့်စ် က သူတို့ နည်းပြဟာ နိုင်ပွဲရဖို့ အလွန်စိတ်အားထက်သန်တဲ့သူလို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။ဒန်နီအင့်စ် က “ဟာဆန်ဟူတယ်လ် ဟာ အလွန်စိတ်အားထက်သန်ပြီး၊ ဒီစိတ်အားထက်သန်မှုကို ပွဲထဲကိုယူဆောင်လာတာကို ကျွန်တော်တို့ မြင်တွေ့ရတာ အလွန်ကောင်းပါတယ်”လို့ ပွဲအပြီးမှာ ဆိုခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ ဒီရှုံးပွဲကြောင့် ဒုတိယနေရာက မန်ချက်စတာယူနိုက်တက် အသင်းထက် တစ်ပွဲပိုကစားထားပြီး ရမှတ်တူနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်အပတ်ကြားရက်မှာ ကစားမယ့် ဘန်လေ အသင်းနဲ့ ပွဲမှာ ရလဒ်ကောင်းရခဲ့ရင် အမှတ်ပေးဇယား အဆင့်(၁)နေရာကို ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။ဒါ့အပြင် လီဗာပူးလ် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ အခုလ(၁၇)ရက် အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ေဆာက္သမ္တန္ အသင္းနည္းၿပ ဟာဆန္ဟူတယ္လ္ ကေတာ့ လက္ရွိခ်န္ပီယံ လီဗာပူးလ္ အသင္းကို အနိုင္ရတဲ့ ပြဲအၿပီးမွာ ခံစားခ်က္ေတြမထိန္းခ်ဳပ္နိုင္ပဲ အေပ်ာ္လြန္ကာ ဒူးေထာက္ၿပီး ငိုေႂကြးခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ကစားသမားေဟာင္း ဒန္နီအင့္စ္ ရဲ့ပြဲအစ(၂)မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးကို လီဗာပူးလ္ အသင္းတို႔ ျပန္လည္မေခ်ပနိုင္ခဲ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

(၂၀၁၈) က ေဆာက္သမ္တန္ အသင္းနည္းျပအျဖစ္ တာဝန္ယူခဲ့တဲ့ ဟာဆန္ဟူတယ္လ္ရဲ့လက္ထက္မွာ အသင္းရဲ့ရလဒ္ပိုင္းေတြဟာ ေကာင္းမြန္လာၿပီး ဒီပြဲအနိုင္ရခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္(၆)ေနရာအထိ ေရာက္ရွိသြားခဲ့ပါတယ္။လီဗာပူးလ္ အသင္းဟာ ဒီပြဲမွာ ေဆာက္သမ္တန္ အသင္းဘက္ကို ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြကို မျပဳလုပ္နိုင္ခဲ့တာပါ။ဒါ့အျပင္ ပင္နယ္တီရနိုင္မယ့္ အခြင့္ အေရးေတြ မေပးခဲ့လို႔ လီဗာပူးလ္နည္းၿပ ကေလာပ့္ က ပြဲအၿပီးမွာ ေဝဖန္မႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

ဒီပြဲမွာ ေဆာက္သမ္တန္ အသင္းအတြက္ အနိုင္ဂိုးသြင္းယူခဲ့တဲ့ ဒန္နီအင့္စ္ က သူတို႔ နည္းျပဟာ နိုင္ပြဲရဖို႔ အလြန္စိတ္အားထက္သန္တဲ့သူလို႔ ပြဲအၿပီးမွာ ဆိုခဲ့ပါတယ္။ဒန္နီအင့္စ္ က “ဟာဆန္ဟူတယ္လ္ ဟာ အလြန္စိတ္အားထက္သန္ၿပီး၊ ဒီစိတ္အားထက္သန္မႈကို ပြဲထဲကိုယူေဆာင္လာတာကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ရတာ အလြန္ေကာင္းပါတယ္”လို႔ ပြဲအၿပီးမွာ ဆိုခဲ့တာျဖစ္ပါတယ္။လီဗာပူးလ္ အသင္းဟာ ဒီရႈံးပြဲေၾကာင့္ ဒုတိယေနရာက မန္ခ်က္စတာယူနိုက္တက္ အသင္းထက္ တစ္ပြဲပိုကစားထားၿပီး ရမွတ္တူနဲ႔ ထိပ္ဆုံးေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လာမယ့္အပတ္ၾကားရက္မွာ ကစားမယ့္ ဘန္ေလ အသင္းနဲ႔ ပြဲမွာ ရလဒ္ေကာင္းရခဲ့ရင္ အမွတ္ေပးဇယား အဆင့္(၁)ေနရာကို ရယူနိုင္ေတာ့မွာလည္းျဖစ္ပါတယ္။ဒါ့အျပင္ လီဗာပူးလ္ နဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔ဟာ အခုလ(၁၇)ရက္ အန္ဖီးလ္ကြင္းမွာ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။