စီရော်နယ်‌ဒို ကို မုဒိတာမပွားတဲ့အပြင် ကလေးဆန်တဲ့အပြုအမူကြောင့် ဝေဖန်တာခံနေရတဲ့ ပီလီ

ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ပီလီ ဟာ စီရော်နယ်ဒို သူ့ရဲ့စံချိန်ကိုချိုးဖျက်ခဲ့ပြီးနောက် သူရဲ့အင်စတာဂရမ်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ဂျုဗင်တပ်စ် အသင်းတိုက်စစ်ကစားသမား စီရော်နယ်ဒို ဟာ မနေ့က ကစားခဲ့တဲ့ အူဒီးနီးစ် ကို အနိုင်ရခဲ့တဲ့ စီးရီးအေပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝသွင်းဂိုး (၇၅၈)ဂိုးပြည့်သွားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် စီရော်နယ်ဒို ဟာ ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး ပီလီ ထက်တစ်ဂိုးအသာနဲ့ ဘောလုံးသမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ပီလီ ကတော့ ဒီမနက်မှာပဲ အင်စတာဂရမ်မှာ သူဟာ ဘောလုံးသမိုင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တယ်လို့ ပြုပြင်ပြောင်းလဲခဲ့တာပါ။ကမ္ဘာ့ဖလား(၃)ကြိမ်ရယူထားတဲ့ ပီလီ က သူ့ရဲ့အင်စတာဂရမ် ဘိုင်အိုမှာ သူဟာ (၁၂၈၃)ဂိုးနဲ့ ဘောလုံးသမိုင်းရဲ့ဂိုးသွင်းအများဆုံးကစား သမားဖြစ်တယ်လို့ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဘောလုံးသမိုင်းရဲ့ဂိုးသွင်းအများဆုံး ကစား သမားအဖြစ် သတ်မှတ်ခံထားရသူကတော့ ဆလားဗီးယား ပရာဂူး အသင်းရဲ့ဂန္တဝင်ကစားသမား ဂျိုးဆက်ဗ်ဘီကန်ဖြစ်ပြီး (၁၉၃၁) ကနေ (၁၉၅၅)အထိ ပွဲပေါင်း(၅၃၀)မှာ (၈၀၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ မက်ဆီ ရဲ့သူရဲ့စံချိန်ချိုးဖျက်ခဲ့တုန်းက ချီးကျုးခဲ့သလိုမျိုး အခုစီရော်နယ်ဒို ကိုလည်း ပီလီ က ချီးကျုးမလားဆိုတာကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါပေမယ့် ပီလီ ကတော့ မချီးကျုးပဲ အခုလို အင်စတာဂရမ်မှာပါ သူဟာ ဂိုးအများဆုံးကစားသမားလို့ ပြောင်းလဲခဲ့တာပါ။

ပရိသတ်တစ်ဦးက “မက်ဆီ နဲ့ စီရော်နယ်ဒို တို့ရဲ့ကလပ်အသင်းခြေစမ်းပွဲတွေ၊ လူငယ်ပွဲတွေ၊ ဖီဖာနဲ့ pes တွေမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်တွေကိုပါ ရေတွက်ခဲ့မယ်ဆိုရင် ဂိုးအရေအတွက် (၂၀၀၀)နီးပါးအထိရှိမယ်ဆိုတာ ယုံကြည်တယ်လို့ “ရေးသားခဲ့ပါတယ်။အခြားပရိသတ်တွေကလည်း ပီလီ ကို ဝိုင်းပြီးလှောင်ပြောင်ခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။

Zawgyi

ဘရာဇီးလ္ဂႏၲဝင္ကစားသမားႀကီး ပီလီ ဟာ စီေရာ္နယ္ဒို သူ႔ရဲ့စံခ်ိန္ကိုခ်ိဳးဖ်က္ခဲ့ၿပီးေနာက္ သူရဲ့အင္စတာဂရမ္မွာ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းတိုက္စစ္ကစားသမား စီေရာ္နယ္ဒို ဟာ မေန႔က ကစားခဲ့တဲ့ အူဒီးနီးစ္ ကို အနိုင္ရခဲ့တဲ့ စီးရီးေအပြဲမွာ (၂)ဂိုးသြင္းယူခဲ့ၿပီးေနာက္ ကစားသမားဘဝသြင္းဂိုး (၇၅၈)ဂိုးျပည့္သြားခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ စီေရာ္နယ္ဒို ဟာ ဘရာဇီးလ္ ဂႏၲဝင္ကစားသမားႀကီး ပီလီ ထက္တစ္ဂိုးအသာနဲ႔ ေဘာလုံးသမိုင္းတစ္ေလၽွာက္ ဒုတိယဂိုးသြင္းမ်ားဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ဒါေပမယ့္ ပီလီ ကေတာ့ ဒီမနက္မွာပဲ အင္စတာဂရမ္မွာ သူဟာ ေဘာလုံးသမိုင္းရဲ့ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္တယ္လို႔ ျပဳျပင္ေျပာင္းလဲခဲ့တာပါ။ကမၻာ့ဖလား(၃)ႀကိမ္ရယူထားတဲ့ ပီလီ က သူ႔ရဲ့အင္စတာဂရမ္ ဘိုင္အိုမွာ သူဟာ (၁၂၈၃)ဂိုးနဲ႔ ေဘာလုံးသမိုင္းရဲ့ဂိုးသြင္းအမ်ားဆုံးကစား သမားျဖစ္တယ္လို႔ ေျပာင္းလဲလိုက္တာျဖစ္ပါတယ္။

ေဘာလုံးသမိုင္းရဲ့ဂိုးသြင္းအမ်ားဆုံး ကစား သမားအျဖစ္ သတ္မွတ္ခံထားရသူကေတာ့ ဆလားဗီးယား ပရာဂူး အသင္းရဲ့ဂႏၲဝင္ကစားသမား ဂ်ိဳးဆက္ဗ္ဘီကန္ျဖစ္ၿပီး (၁၉၃၁) ကေန (၁၉၅၅)အထိ ပြဲေပါင္း(၅၃၀)မွာ (၈၀၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ မက္ဆီ ရဲ့သူရဲ့စံခ်ိန္ခ်ိဳးဖ်က္ခဲ့တုန္းက ခ်ီးက်ဳးခဲ့သလိုမ်ိဳး အခုစီေရာ္နယ္ဒို ကိုလည္း ပီလီ က ခ်ီးက်ဳးမလားဆိုတာကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ဒါေပမယ့္ ပီလီ ကေတာ့ မခ်ီးက်ဳးပဲ အခုလို အင္စတာဂရမ္မွာပါ သူဟာ ဂိုးအမ်ားဆုံးကစားသမားလို႔ ေျပာင္းလဲခဲ့တာပါ။

ပရိသတ္တစ္ဦးက “မက္ဆီ နဲ႔ စီေရာ္နယ္ဒို တို႔ရဲ့ကလပ္အသင္းေျခစမ္းပြဲေတြ၊ လူငယ္ပြဲေတြ၊ ဖီဖာနဲ႔ pes ေတြမွာ သြင္းယူခဲ့တဲ့ ဂိုးအေရအတြက္ေတြကိုပါ ေရတြက္ခဲ့မယ္ဆိုရင္ ဂိုးအေရအတြက္ (၂၀၀၀)နီးပါးအထိရွိမယ္ဆိုတာ ယုံၾကည္တယ္လို႔ “ေရးသားခဲ့ပါတယ္။အျခားပရိသတ္ေတြကလည္း ပီလီ ကို ဝိုင္းၿပီးေလွာင္ေျပာင္ခဲ့ၾကတာကို ေတြ႕ျမင္ခဲ့ရပါတယ္။