L’Equipe’s ရဲ့(၂၀၂၀) အတွက် ကမ္ဘာ့အကောင်းဆုံး(၁၁)ယောက်မှာ ချန်လှပ်ခံရတဲ့ မက်ဆီ

ပြင်သစ်သတင်းစာ L’Equipe’s ရဲ့(၂၀၂၀) အတွက် ကမ္ဘာ့အကောင်းဆုံး(၁၁)ယောက် စာရင်းမှာ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ မပါဝင်ပဲ ချန်လှပ်ခံရတယ်လို့ SportBible က ဖော်ပြခဲ့ပါတယ်။စီရော်နယ်ဒို၊ နေမာ နဲ့ ဒီဘရိုင်း တို့ကတော့ ဒီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

မက်ဆီ ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ခက်ခက်စွာရုန်းကန်ခဲ့ရပြီး ဘာစီလိုနာ အသင်းကလည်း ဖလားလက်မဲ့ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီ ကတော့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၃၁)ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပြင်သစ် သတင်းစာကတော့ မက်ဆီ ကို အကောင်းဆုံးလူစာရင်းထဲ ထည့်မသွင်းခဲ့တာဖြစ်ပါတယ်။ဒီစာရင်းမှာ ကာလရှည်ပြိုင်ဘက် စီရော်နယ်ဒို နဲ့ ဖီဖာရဲ့အကောင်းဆုံးဆုကို ရထားတဲ့ လီဝန်ဒေါစကီး တို့က ရှေ့တန်းမှာ ပါဝင်နေတာဖြစ်ပါတယ်။

မန်စီးတီး က ဒီဘရိုင်းနဲ့ ပီအက်ဂျီ က‌ နေမာတို့က ကွင်းလယ်မှာ ဘိုင်ယန်အသင်းနဲ့ ချန်ပီယံလိဂ်ရခဲ့တဲ့ ကင်မစ်ရှ်၊ သီယာဂို တို့နဲ့ အတူ ကွင်းလယ်မှာ ပါဝင်ခဲ့ပါတယ်။ဂိုးသမားနေရာမှာ နူအာ၊ နောက်တန်းမှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ ရာမိုစ့် ၊ဗန်ဒိုက် နဲ့ အာနိုးလ် တို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။အခုရာသီ ထိပ်ဆုံးနေရာက အသလက်တီကို အသင်းနဲ့ (၁၀)မှတ်ကွာဟပြီး အဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာ အသင်းအတွက် မက်ဆီ ဟာ (၁၀)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ျပင္သစ္သတင္းစာ L’Equipe’s ရဲ့(၂၀၂၀) အတြက္ ကမၻာ့အေကာင္းဆုံး(၁၁)ေယာက္ စာရင္းမွာ ကမၻာေက်ာ္ေဘာလုံးသမား မက္ဆီ မပါဝင္ပဲ ခ်န္လွပ္ခံရတယ္လို႔ SportBible က ေဖာ္ျပခဲ့ပါတယ္။စီေရာ္နယ္ဒို၊ ေနမာ နဲ႔ ဒီဘရိုင္း တို႔ကေတာ့ ဒီစာရင္းမွာ ပါဝင္ခဲ့ပါတယ္။

မက္ဆီ ဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ခက္ခက္စြာ႐ုန္းကန္ခဲ့ရၿပီး ဘာစီလိုနာ အသင္းကလည္း ဖလားလက္မဲ့ျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မက္ဆီ ကေတာ့ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ (၃၁)ဂိုးအထိ သြင္းယူခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ျပင္သစ္ သတင္းစာကေတာ့ မက္ဆီ ကို အေကာင္းဆုံးလူစာရင္းထဲ ထည့္မသြင္းခဲ့တာျဖစ္ပါတယ္။ဒီစာရင္းမွာ ကာလရွည္ၿပိဳင္ဘက္ စီေရာ္နယ္ဒို နဲ႔ ဖီဖာရဲ့အေကာင္းဆုံးဆုကို ရထားတဲ့ လီဝန္ေဒါစကီး တို႔က ေရွ႕တန္းမွာ ပါဝင္ေနတာျဖစ္ပါတယ္။

မန္စီးတီး က ဒီဘရိုင္းနဲ႔ ပီအက္ဂ်ီ က‌ ေနမာတို႔က ကြင္းလယ္မွာ ဘိုင္ယန္အသင္းနဲ႔ ခ်န္ပီယံလိဂ္ရခဲ့တဲ့ ကင္မစ္ရွ္၊ သီယာဂို တို႔နဲ႔ အတူ ကြင္းလယ္မွာ ပါဝင္ခဲ့ပါတယ္။ဂိုးသမားေနရာမွာ ႏူအာ၊ ေနာက္တန္းမွာ အယ္လ္ဖြန္ဆို ေဒးဗီးစ္၊ ရာမိုစ့္ ၊ဗန္ဒိုက္ နဲ႔ အာနိုးလ္ တို႔ ပါဝင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဟာ လက္ရွိအခ်ိန္မွာ ဘာစီလိုနာ အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။အခုရာသီ ထိပ္ဆုံးေနရာက အသလက္တီကို အသင္းနဲ႔ (၁၀)မွတ္ကြာဟၿပီး အဆင့္(၅)ေနရာမွာ ရပ္တည္ေနတဲ့ ဘာစီလိုနာ အသင္းအတြက္ မက္ဆီ ဟာ (၁၀)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။