ဘောလုံးပွဲကြည့်ရာမှာ သူအကြိုက်နှစ်သက်ဆုံး ကစားသမား(၃)ဦးကို ပြောပြလိုက်တဲ့ နေမာ

ပီအက်စ်ဂျီ အသင်း တိုက်စစ်ကစားသမား နေမာ က ဘာစီလိုနာ အသင်းဖော်ဟောင်း မက်‌ဆီ အပါအဝင် (၃)ဦး ဟာ သူဘောလုံးပွဲကြည့်ရာမှာ အကြိုက်နှစ်သက်ဆုံးသူတွေဖြစ်တယ်လို့ ပြောလိုက်ပါတယ်။အသက်(၂၈)နှစ်အရွယ်ရှိ နေမာ နဲ့ မက်ဆီ တို့ ဟာ (၄)နှစ်ကြာ နူးကမ့်မှာ တွဲကစားခဲ့ပြီး (၂၀၁၇)မှာ ပီအက်စ်ဂျီ အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့တရားဝင်ဝက်ဘ်ဆိုက်က နေမာ အနေနဲ့ သူ့ရဲ့ဘဝမှာ ကြည့်တာအများဆုံးကစားတွေကို မေးမြန်းခဲ့တာဖြစ်ပါတယ်။နေမာ ကတော့ မက်ဆီ နဲ့ အတူ ဘရာဇီးလ် အသင်းရဲ့ဂန္တဝင်ကစားသမား (၂)ဦးကို ပြောပြသွားခဲ့ပါတယ်။”မက်ဆီ၊ ရော်နယ်ဒင်ဟို နဲ့ ရော်ဘင်ဟို “တို့ပါလို့ ဆိုခဲ့တာပါ။”လီယို နဲ့ ကစားရတာဟာ ထူးခြားတဲ့ အတွေ့အကြုံဖြစ်ခဲ့ပြီး၊ ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ကျွန်တော် ကစားခဲ့ဖူးတဲ့ သူတွေထဲမှာတော့ မက်ဆီ ဟာ သမိုင်းမှာ အကောင်းဆုံးဖြစ်ပါတယ်”လို့ ဘရာဇီးလ် ကစားသမား က ဆိုခဲ့ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီ အသင်းဖော် ဘတ်ပေး ဟာ သမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။”သူနဲ့ အသင်းဖော်ဖြစ်ရတာဟာ ကြီးမားတဲ့ ဂုဏ်ယူစရာဖြစ်ပါတယ်။ကျွန်တော်တို့ ဟာ ကွင်းထဲမှာ အလွန်ကောင်းမွန်စွာ တစ်ယောက်နဲ့ တစ်ယောက် နားလည်သဘောပေါက်နေကြပြီ”လို့ နေမာ က ပြောခဲ့ပါတယ်။

နေမာ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ အတူ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲရောက်ပြီးမှ လက်လွှတ်ခဲ့ရတာကို စိတ်ပျက်နေပြီး ဒီနှစ်မှာ ဆုဖလားအရယူဖို့ စိတ်ပိုင်းဖြတ်ထားတာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ ကစားသမားဘဝမှာ ဒဏ်ရာပြသနာတွေကြောင့် ခဏခဏ အနားယူနေရတဲ့ နေမာ ဟာ ပြင်သစ်ကလပ်အတွက် (၉၇)ပွဲပါဝင်ကစားပြီး (၇၉)ဂိုးသွင်းယူထားပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္း တိုက္စစ္ကစားသမား ေနမာ က ဘာစီလိုနာ အသင္းေဖာ္ေဟာင္း မက္‌ဆီ အပါအဝင္ (၃)ဦး ဟာ သူေဘာလုံးပြဲၾကည့္ရာမွာ အႀကိဳက္ႏွစ္သက္ဆုံးသူေတြျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။အသက္(၂၈)ႏွစ္အရြယ္ရွိ ေနမာ နဲ႔ မက္ဆီ တို႔ ဟာ (၄)ႏွစ္ၾကာ ႏူးကမ့္မွာ တြဲကစားခဲ့ၿပီး (၂၀၁၇)မွာ ပီအက္စ္ဂ်ီ အသင္းကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၂၀၀) နဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

ဖီဖာရဲ့တရားဝင္ဝက္ဘ္ဆိုက္က ေနမာ အေနနဲ႔ သူ႔ရဲ့ဘဝမွာ ၾကည့္တာအမ်ားဆုံးကစားေတြကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။ေနမာ ကေတာ့ မက္ဆီ နဲ႔ အတူ ဘရာဇီးလ္ အသင္းရဲ့ဂႏၲဝင္ကစားသမား(၂)ဦးကို ေျပာျပသြားခဲ့ပါတယ္။”မက္ဆီ၊ ေရာ္နယ္ဒင္ဟို နဲ႔ ေရာ္ဘင္ဟို “တို႔ပါလို႔ ဆိုခဲ့တာပါ။”လီယို နဲ႔ ကစားရတာဟာ ထူးျခားတဲ့ အေတြ႕အၾကဳံျဖစ္ခဲ့ၿပီး၊ ကၽြန္ေတာ္တို႔ သူငယ္ခ်င္းေတြျဖစ္လာခဲ့ပါတယ္။ကၽြန္ေတာ္ ကစားခဲ့ဖူးတဲ့ သူေတြထဲမွာေတာ့ မက္ဆီ ဟာ သမိုင္းမွာ အေကာင္းဆုံးျဖစ္ပါတယ္”လို႔ ဘရာဇီးလ္ ကစားသမား က ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ပီအက္စ္ဂ်ီ အသင္းေဖာ္ ဘတ္ေပး ဟာ သမိုင္းမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာဖို႔ အလားအလာရွိတယ္လို႔ ဆိုပါတယ္။”သူနဲ႔ အသင္းေဖာ္ျဖစ္ရတာဟာ ႀကီးမားတဲ့ ဂုဏ္ယူစရာျဖစ္ပါတယ္။ကၽြန္ေတာ္တို႔ ဟာ ကြင္းထဲမွာ အလြန္ေကာင္းမြန္စြာ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္သေဘာေပါက္ေနၾကၿပီ”လို႔ ေနမာ က ေျပာခဲ့ပါတယ္။

ေနမာ ဟာ ပီအက္စ္ဂ်ီ အသင္းနဲ႔ အတူ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလား ဗိုလ္လုပြဲေရာက္ၿပီးမွ လက္လႊတ္ခဲ့ရတာကို စိတ္ပ်က္ေနၿပီး ဒီႏွစ္မွာ ဆုဖလားအရယူဖို႔ စိတ္ပိုင္းျဖတ္ထားတာလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီ ကစားသမားဘဝမွာ ဒဏ္ရာျပသနာေတြေၾကာင့္ ခဏခဏ အနားယူေနရတဲ့ ေနမာ ဟာ ျပင္သစ္ကလပ္အတြက္ (၉၇)ပြဲပါဝင္ကစားၿပီး (၇၉)ဂိုးသြင္းယူထားပါတယ္။