ဘရန်ဖိုဒ့်အသင်း ကို အနိုင်ရပြီး ဆုဖလားရဖို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပြီဖြစ်တဲ့ စပါး အသင်း

ဒီမနက်ပိုင်းက ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ပွဲစဉ်တစ်ပွဲအဖြစ် စပါး အသင်းနဲ့ ဘရန်ဖိုဒ့် အသင်းတို့ ကစားခဲ့ရာ စပါး အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။စပါး အသင်း ဟာ ဒီနိုင်ပွဲကြောင့် ဗိုလ်လုပွဲတက်သွားခဲ့ပြီး (၂၀၀၈) နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

စပါး အသင်း ဟာ အကြိုဗိုလ်လုပွဲဖြစ်တာနဲ့ သူတို့ရဲ့အကောင်းဆုံး ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ဂိုးသမားနေရာမှာ လိုရစ်ကိုပဲ အသုံးပြုခဲ့ပြီး ဟာရီကိန်း၊ ဆွန်ဟောင်မင် တို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။ဘရန်ဖိုဒ့် ကလည်း အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပြီး အကောင်းဆုံး ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ပွဲချိန်(၁၂)မိနစ်မှာ စပါး အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ရီဂွီလွန် တင်ပေးလိုက်တဲ့ ဘောလုံးကို ဆစ်ဆိုကို က ခေါင်းတိုက် အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။(၂)သင်းလုံး ဟာ ဂိုးတွေထပ်မံရဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာ (၁)ဂိုး-ဂိုးမရှိနဲ့ စပါး အသင်း ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘရန်ဖိုဒ့် အသင်းဟာ ချေပဂိုး ရဖို့ ကြိုးစားလာခဲ့ပြီး ဂိုးရခဲ့ပေမယ့် လူကျွံ‌နေတာ‌ ကြောင့် နစ်နာခဲ့ရပါတယ်။တကယ်တမ်း နောက်ထပ်ဂိုးရသွားတာ က စပါး အသင်းဖြစ်ပါတယ်။အန်ဒွမ်ဘီလီ ပေးလိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင် က သူ့ရဲ့ပုံစံအတိုင်း ‌ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။(၂)သင်းလုံး ဟာ ဂိုးတွေရဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်တော့တာကြောင့် စပါး အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပါတယ်။

စပါး အသင်းဟာ (၂၀၀၈) က လိဂ်ဖလားမှာ ချယ်လ်ဆီး အသင်းကို အနိုင်ရပြီးနောက် ဆုဖလား မရတာ (၁၃)နှစ်ကြာမြင့်သွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲဒါကြောင့် ဆုဖလားပြန်လည်ရယူနိုင်ဖို့ အတွက် ဗိုလ်လုပွဲကို တက်သွားပြီး အကောင်းဆုံးအခြေအနေကို ရရှိသွားပြီဖြစ်ပါတယ်။စပါး အသင်းဟာ မန်ချက်စတာဒါဘီ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဒီမနက္ပိုင္းက ကာရာေဘာင္းဖလား အႀကိဳဗိုလ္လုပြဲ ပြဲစဥ္တစ္ပြဲအျဖစ္ စပါး အသင္းနဲ႔ ဘရန္ဖိုဒ့္ အသင္းတို႔ ကစားခဲ့ရာ စပါး အသင္းက (၂)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။စပါး အသင္း ဟာ ဒီနိုင္ပြဲေၾကာင့္ ဗိုလ္လုပြဲတက္သြားခဲ့ၿပီး (၂၀၀၈) ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဆုဖလားရယူနိုင္ဖို႔ အနီးစပ္ဆုံး အေနအထားကို ေရာက္ရွိသြားခဲ့ပါတယ္။

စပါး အသင္း ဟာ အႀကိဳဗိုလ္လုပြဲျဖစ္တာနဲ႔ သူတို႔ရဲ့အေကာင္းဆုံး ပြဲထြက္လူစာရင္းကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။ဂိုးသမားေနရာမွာ လိုရစ္ကိုပဲ အသုံးျပဳခဲ့ၿပီး ဟာရီကိန္း၊ ဆြန္ေဟာင္မင္ တို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။ဘရန္ဖိုဒ့္ ကလည္း အေကာင္းဆုံး လူစာရင္းနဲ႔ ပြဲထြက္ခဲ့ၿပီး အေကာင္းဆုံး ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။ပြဲခ်ိန္(၁၂)မိနစ္မွာ စပါး အသင္း ဦးေဆာင္ဂိုးရခဲ့ၿပီး ရီဂြီလြန္ တင္ေပးလိုက္တဲ့ ေဘာလုံးကို ဆစ္ဆိုကို က ေခါင္းတိုက္ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။(၂)သင္းလုံး ဟာ ဂိုးေတြထပ္မံရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပထမပိုင္းမွာ (၁)ဂိုး-ဂိုးမရွိနဲ႔ စပါး အသင္း ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ဘရန္ဖိုဒ့္ အသင္းဟာ ေခ်ပဂိုး ရဖို႔ ႀကိဳးစားလာခဲ့ၿပီး ဂိုးရခဲ့ေပမယ့္ လူကၽြံ‌ေနတာ‌ ေၾကာင့္ နစ္နာခဲ့ရပါတယ္။တကယ္တမ္း ေနာက္ထပ္ဂိုးရသြားတာ က စပါး အသင္းျဖစ္ပါတယ္။အန္ဒြမ္ဘီလီ ေပးလိုက္တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္ က သူ႔ရဲ့ပုံစံအတိုင္း ‌ဆြဲေျပးၿပီး ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။(၂)သင္းလုံး ဟာ ဂိုးေတြရဖို႔ အခြင့္အေရးေတြရခဲ့ေပမယ့္ အသုံးမခ်နိုင္ေတာ့တာေၾကာင့္ စပါး အသင္းက (၂)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး ဗိုလ္လုပြဲ တက္သြားခဲ့ပါတယ္။

စပါး အသင္းဟာ (၂၀၀၈) က လိဂ္ဖလားမွာ ခ်ယ္လ္ဆီး အသင္းကို အနိုင္ရၿပီးေနာက္ ဆုဖလား မရတာ (၁၃)ႏွစ္ၾကာျမင့္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။အဲဒါေၾကာင့္ ဆုဖလားျပန္လည္ရယူနိုင္ဖို႔ အတြက္ ဗိုလ္လုပြဲကို တက္သြားၿပီး အေကာင္းဆုံးအေျခအေနကို ရရွိသြားၿပီျဖစ္ပါတယ္။စပါး အသင္းဟာ မန္ခ်က္စတာဒါဘီ ပြဲစဥ္က အနိုင္ရတဲ့ အသင္းနဲ႔ ကာရာေဘာင္းဖလား ဗိုလ္လုပြဲယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။