ကိုရိုနာဗိုင်းရပ်စ် စံချိန်တင်မြင့်တက်ခဲ့လို့ စိုးရိမ်စရာဖြစ်လာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုပြုလုပ်ခဲ့ရာ စံချိန်တင် (၄၀)ဦးအထိ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ကစားသမားတွေနဲ့ ကလပ်အသင်းဝန်ထမ်း စုစုပေါင်း (၂၂၅၉)ဦးကို ဒီဇင်ဘာ(၂၈) ကနေ ဇန်နဝါရီ (၃)ရက်ထိ စစ်ဆေးခဲ့ရာမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ စီမံကိန်းတွေ ပြန်လည်စတင်ခဲ့တဲ့ ဇွန်လထဲက ရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က စစ်ဆေးခဲ့ရာမှာ (၁၈)ဦးသာ တွေ့ရှိခဲ့ဝာာဖြစ်ပြီး ဗိုင်းရပ်စ် အသင်းပေါ်ပေါက်လာပြီးနောက် ဗြိတိန်တစ်ခုလုံး ပိတ်ဆို့ကန့်သတ်မှုတွေပြုလုပ်ပြီး ကူးစက်ခံရသူအရေအတွက် (၂)ဆကျော်ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။ဒီလိုအဖြစ်အပျက်တွေကြောင့် ဖူလ်ဟမ် အသင်းပွဲ၊ မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ပရီးမီးယားလိဂ် ဟာ လက်ရှိအချိန်မှာ ကစားသမားတွေကို တစ်ပတ်ကို (၂)ကြိမ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ်စစ်တဲ့ ဒီဇင်ဘာ (၂၈)ကနေ (၃၁) ရက်အထိ စုစုပေါင်း (၁၃၁၁) ဦးကို စစ်ဆေးခဲ့ရာမှာ (၂၈)ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဇန်နဝါရီ (၁)ရက်ကနေ (၃)ရက်ထိ စုစုပေါင်း (၉၈၄)ဦးကို စစ်ဆေးခဲ့ရာမှာ နောက်ထပ် (၁၂)ဦး တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း (၄၀)ဦးဖြစ်သွားတာပါ။ပရီးမီးယားလိဂ် ကတော့ အစိုးရက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကတော့ (၁၀)ရက်ကြာ သီးခြားနေထိုင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန် ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူများပြားလာတဲ့ အတွက် ပရိသတ်အနည်းငယ်ဝင်ရောက်ခွင့်ရနေတဲ့ ပရီးမီးယားလိဂ် အသင်းတွေလည်း ပရိသတ်တွေဝင်ခွင့်မရတော့ပဲ အသင်းတိုင်းဟာ ပရိသတ်တွေမပါပဲ ပွဲတွေကို ကျင်းပနေရတာလည်းဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ဟာ တစ္ပတ္အတြင္း ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးမႈျပဳလုပ္ခဲ့ရာ စံခ်ိန္တင္ (၄၀)ဦးအထိ ေတြ႕ရွိခဲ့တယ္လို႔ ထုတ္ျပန္လိုက္ပါတယ္။ကစားသမားေတြနဲ႔ ကလပ္အသင္းဝန္ထမ္း စုစုေပါင္း (၂၂၅၉)ဦးကို ဒီဇင္ဘာ(၂၈) ကေန ဇန္နဝါရီ (၃)ရက္ထိ စစ္ေဆးခဲ့ရာမွာ အခုလိုေတြ႕ရွိခဲ့တာျဖစ္ၿပီး ဒါဟာ စီမံကိန္းေတြ ျပန္လည္စတင္ခဲ့တဲ့ ဇြန္လထဲက ေရာဂါပိုးေတြ႕ရွိသူ အမ်ားဆုံးျဖစ္ခဲ့တာပါ။

ၿပီးခဲ့တဲ့အပတ္က စစ္ေဆးခဲ့ရာမွာ (၁၈)ဦးသာ ေတြ႕ရွိခဲ့ဝာာျဖစ္ၿပီး ဗိုင္းရပ္စ္ အသင္းေပၚေပါက္လာၿပီးေနာက္ ၿဗိတိန္တစ္ခုလုံး ပိတ္ဆို႔ကန႔္သတ္မႈေတြျပဳလုပ္ၿပီး ကူးစက္ခံရသူအေရအတြက္ (၂)ဆေက်ာ္ပိုမိုမ်ားျပားလာခဲ့တာျဖစ္ပါတယ္။ဒီလိုအျဖစ္အပ်က္ေတြေၾကာင့္ ဖူလ္ဟမ္ အသင္းပြဲ၊ မန္စီးတီး အသင္းရဲ့ ပရီးမီးယားလိဂ္ ပြဲေတြကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။ပရီးမီးယားလိဂ္ ဟာ လက္ရွိအခ်ိန္မွာ ကစားသမားေတြကို တစ္ပတ္ကို (၂)ႀကိမ္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပထမအႀကိမ္စစ္တဲ့ ဒီဇင္ဘာ (၂၈)ကေန (၃၁) ရက္အထိ စုစုေပါင္း (၁၃၁၁) ဦးကို စစ္ေဆးခဲ့ရာမွာ (၂၈)ဦးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ဇန္နဝါရီ (၁)ရက္ကေန (၃)ရက္ထိ စုစုေပါင္း (၉၈၄)ဦးကို စစ္ေဆးခဲ့ရာမွာ ေနာက္ထပ္ (၁၂)ဦး ေတြ႕ရွိခဲ့တာေၾကာင့္ စုစုေပါင္း (၄၀)ဦးျဖစ္သြားတာပါ။ပရီးမီးယားလိဂ္ ကေတာ့ အစိုးရက ခ်မွတ္ထားတဲ့ လမ္းညႊန္ခ်က္ေတြနဲ႔ ၿပိဳင္ပြဲေတြကို ဆက္လက္က်င္းပသြားမွာျဖစ္ၿပီး ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြကေတာ့ (၁၀)ရက္ၾကာ သီးျခားေနထိုင္ရမယ္လို႔ ထုတ္ျပန္ထားပါတယ္။

လက္ရွိအခ်ိန္ ၿဗိတိန္မွာ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားသူမ်ားျပားလာတဲ့ အတြက္ ပရိသတ္အနည္းငယ္ဝင္ေရာက္ခြင့္ရေနတဲ့ ပရီးမီးယားလိဂ္ အသင္းေတြလည္း ပရိသတ္ေတြဝင္ခြင့္မရေတာ့ပဲ အသင္းတိုင္းဟာ ပရိသတ္ေတြမပါပဲ ပြဲေတြကို က်င္းပေနရတာလည္းျဖစ္ပါတယ္။