လာမယ့်ပွဲနိုင်ရင် ကစားသမား‌တိုင်းက်ို PS5 ပေးမယ်လို့ ကတိပေးခဲ့တဲ့ အီရတ်ကလပ်ဥက္ကဌ တစ်ဦး

အီရတ်ကလပ် အယ်လ်ဒီဝါနီရာ အသင်း ဥက္ကဌ ကတော့ သူ့အသင်းအနိုင်ရဖို့ မက်လုံးပေးတဲ့ အနေနဲ့ ကစားသမားတစ်ဦးချင်းစီ ကို PS5 ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ SportBible က ဖော်ပြခဲ့ပါတယ်။ရှေ့နေ၊ စီးပွားရေးသမားနဲ့ အယ်လ်ဒီယာဝါနာ အသင်း ဥက္ကအဖြစ် ဆောင်ရွက်နေတဲ့ ဟူစိန်အယ်လ်အန်ကိုရှီ ဟာ လက်ရှိအမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ အယ်လ်ဇာဝါရ နဲ့ ပွဲမှာ အနိုင်ရခဲ့ရင် အခုလိုပေးမယ်လို့ ကတိပြုခဲ့တာပါ။

မနက်ဖြန်မှာ ကစားမယ့် ဒီပွဲမတိုင်ခင်မှာ အသင်းဥက္ကဌ က အယ်လ်ဒီဝါနာယာ အသင်းကို အနိုင်(၃)မှတ်ရဖို့ အတွက် စိတ်ဓါတ်အင်အားမြင့်တင်ပေးခဲ့တာလည်းဖြစ်ပါတယ်။PS5 ဟာ ပေါင်(၄၅၀) တန်ကြေးရှိတာကြောင့် အသက်(၃၃)နှစ်အရွယ်ရှိတဲ့ ဟူစိန်အယ်လ်အန်ကိုရှီ အတွက်တော့ သက်သာတဲ့ ရင်းနှီးမြုပ်နှံမှုမဟုတ်ပေမယ့် အသင်းအနိုင်ရခဲ့ရင်တော့ ဒါဟာ အကျိုးရှိမှာလည်းဖြစ်ပါတယ်။

အသင်းဥက္ကဌ က အယ်လ်ဇာဝါရ နဲ့ မနက်ဖြန်ပွဲမှာ အနိုင်ရခဲ့ရင် ကစားသမားတစ်ယောက်ချင်းစီ အတွက် ဆုချီးမြှင့်မယ်ဆိုပြီး PS5 ပုံနဲ့ အတူ သူရဲ့အင်စတာဂရမ်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။အယ်လ်အန်ကိုရှီ အတွက်တော့ အခုလို ဆုပေးမှာဟာ ပထမအကြိမ်မဟုတ်ပဲ ပြီးခဲ့တဲ့လက အသင်းအတွက် ပင်နယ်တီကာကွယ်ပေးနိုင်ခဲ့တဲ့ ဂိုးသမား အက်တီရ ကိုလည်း ဒေါ်လာ (၂၀၀၀) ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အယ်လ်ဒီဝါနီယာ အသင်းဟာ လက်ရှိ အီရတ်ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။အေစီမီလန် အသင်းရဲ့ဝါရင့်ကစားသမား အီဘရာဟီမိုဗစ် ကလည်း အသင်းဖော်တွေကို PS5 လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi



