ရော်နယ်ဒိုက ဘာလို့အကောင်းဆုံးဖြစ်နေလဲဆိုတာ ပြသခဲ့တဲ့ အီဗရာ

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း ပက်ထရစ်အီဗရာနဲ့ ပြောဆိုထားတဲ့ Whatsapp မက်ဆေ့ဂျ်တွေ ထွက်ပေါ်လာခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လောက်တောင် ထိပ်တန်းအဆင့်မှာရောက်နေလဲဆိုတာကို ပြသခဲ့ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့် ရော်နယ်ဒိုဟာ ၂၀၁၉ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့မှာ ၎င်းအသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းက ဒုတိယအကျော့မှာ ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အနိုင်ရရှိပြီး ၂ ကျော့ပေါင်း ၃-၂ နဲ့ နောက်တဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အီဗရာက ယင်းပွဲစဉ်မတိုင်မီ ရော်နယ်ဒိုရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဘယ်လောက်တောင်ရှိခဲ့လဲဆိုတာကို သက်သေပြသဖို့အတွက် ၎င်းတို့ ပြောဆိုထားတဲ့ Whatsapp မက်ဆေ့ဂျ်တွေကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

“ဘရိုရေ ချန်ပီယံလိဂ်မှာ ပြန်လာနိုင်ဖို့အတွက် မင်းကို အားကိုးမယ်နော်။ ဘယ်တုန်းကမှ မင်းနဲ့ပတ်သက်ပြီး သံသယမဖြစ်ခဲ့ဘူး။ ပြီးတော့ လူတွေက မင်း ဒါမှမဟုတ် ဂျူဗင်တပ်အသင်းရှုံးရင် ငါ့ကို အချိန်တိုင်း သတ်နေကြတယ်”လို့ အီဗရာက ရော်နယ်ဒိုကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ ကျော်ဖြတ်နိုင်ပါလိမ့်မယ် ဘရို။ ကျွန်တော်တို့ အိမ်ကွင်းမှာ သူတို့ကို လှော်လိုက်မယ်”လို့ ရော်နယ်ဒိုက တုံ့ပြန်ခဲ့ပါတယ်။

“သိပ်ဟုတ်တာပေါ့။ ရော်နယ်ဒို သက်တော်ရာကျော်ရှည်ပါစေ။ ငါ့ညီကို ယုံကြည်မှုကို ခံစားနေရပြီ။ အက်သလက်တီကိုအတွက် ဆုတောင်းပေးကြတော့”လို့ အီဗရာက ပြန်လည် ပြောကြားခဲ့ပါတယ်။

အီဗရာက ရော်နယ်ဒိုရဲ့ စိတ်ပိုင်းဖြတ်နိုင်မှုက ၎င်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဆိုတာကို သက်သေပြသနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကန့်လန့်ကာရဲ့ နောက်ကွယ်က ဒီမက်ဆေ့ဂျ်တွေဟာ ကြီးမားတဲ့ ပြန်လာနိုင်မှုမတိုင်မီ ၅ ရက်အလိုမှာ ကျွန်တော်နဲ့ ရော်နယ်ဒိုတို့ ပြောခဲ့တာပါ”

“ဒါက ခင်ဗျားကို ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဆီက ယုံကြည်မှု၊ အမျက်ဒေါသ၊ စိတ်ပိုင်းဖြတ်နိုင်မှုကို ပြသချင်ရုံပါ။ ကျွန်တော်တို့ ခရစ်စတီယာနိုရဲ့ အဖေနဲ့ အမေကို ကျေးဇူးတင်သင့်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ဒီလိုလူကောင်းနဲ့ မယုံကြည်နိုင်ဖွယ်ကစားသမားကို ပေးခဲ့လို့ပေါ့”

“ကြီးမားတဲ့ဖိအားနဲ့အတူ ကြီးမားတဲ့ အချိန်ကာလတိုင်းမှာ ကျွန်တော့် ညီကိုက အမြဲတမ်း သူက တကယ့်လူဆိုတာ သက်သေပြခဲ့ပါတယ်”

“အဲဒီတော့ ကျေးဇူးပြုပြီး မနာလိုမဖြစ်ကြပါဘူး။ ကျွန်တော် မျှဝေချင်လို့ပါ။ တကယ်လို့ ခင်ဗျားအတွက် ကျွန်တော် ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာ သဘောမတူဘူးဆိုရင် ကိုယ့်ဘဝနဲ့ကိုယ် ပျော်ပျော်နေပါ။ ဒါပေမယ့် သူက အကောင်းဆုံးရဲ့ အကောင်းဆုံးဆိုတာကိုတော့ ခင်ဗျား အသိအမှတ်ပြုရလိမ့်မယ်။ ပြီးတော့ သူ့ဖုန်းနံပါတ်ကို မြင်ရအောင် ဖုန်းမျက်နှာပြင်ကို နှိပ်ဖို့မကြိုးစားပါနဲ့”လို့ ရေးသားခဲ့ပါတယ်။