ဒီရာသီ EPL ရဲ့အကောင်းဆုံးအခွင့်အရေးတွေလွဲချော်ခဲ့မှုမှာ အဆင့်(၄)ချိတ်ခဲ့တဲ့ ဝါနာ

ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီး အသင်းကို ရောက်ရှိလာတဲ့ တီမိုဝါနာ ဟာ လက်ရှိအချိန်မှာ ခက်ခဲတဲ့ရုန်းကန်မှုတွေ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဂျာမနီ ကစားသမား ဟာ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတွေကို အများအပြားလွဲချော်ထားခဲ့တာဖြစ်ပါတယ်။တီမိုဝါနာ ဟာ ချယ်လ်ဆီး အသင်းကို လိုက်ပ်ဇစ် အသင်းကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၄၇ ဒသမ၅)သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

တီမိုဝါနာ ဟာ ရောက်ရောက်ချင်းမှာ ချယ်လ်ဆီး အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး (၈)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့နှစ် က လိုက်ပ်ဇစ် မှာ (၃၄)ဂိုးသွင်းယူခဲ့တဲ့ တီမိုဝါနာ ဟာ ချယ်လ်ဆီး အသင်းမှာ (၁၂)ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးနေပြီး ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။မန်စီးတီး အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်တဲ့ ပွဲမှာဆိုရင် ထောင့်ကန်ဘောကန်ရာမှာ အလံတိုင်ကို ကန်မိပြီး ဒဏ်ရာရသွားတဲ့ထိ အခြေအနေဆိုးခဲ့ပါတယ်။

Givemesport ရဲ့ဖော်ပြချက်အရ တီမိုဝါနာ ဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် (၁၇)ပွဲမှာ အလွန်‌ကောင်းမွန်တဲ့ အခွင့်အရေး (၈)ကြိမ်တိတိ လွဲချော်ခဲ့တာဖြစ်ပါတယ်။ဒါဟာ ဂျာမနီ ကစားသမား ပရီးမီးယားလိဂ်မှာ သွင်းယူထားတဲ့ (၄)ဂိုးထက် (၂)ဆ လွဲချော်ထားခဲ့တာလည်းဖြစ်ပါတယ်။သူနဲ့ အတူ အခွင့်အရေး (၈)ကြိမ်လွဲချော်ထားတဲ့ အဲဗာတန် တိုက်စစ်မှုး ကလာဗတ်လီဝန် ကတော့ (၁၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။အများဆုံးလွဲချော်ထားတဲ့သူကတော့ လိဒ်စ် အသင်းတိုက်စစ်မှုး ဘန်ဖိုဒ့် နဲ့ ဘန်‌လေအသင်းက ခရစ်ဝု‌ဒ် တို့ ဖြစ်ပါတယ်။

ဘန်ဖိုဒ့် ဟာ (၁၂)ကြိမ်တိတိ လွဲချော်ထားပေမယ့် (၁၀)ဂိုးသွင်းယူထားတာကြောင့် အသင်းအတွက် အကောင်းဆုံးအလုပ်လုပ်ပေးခဲ့တယ်ဆိုတာ ရှင်းလင်းပါတယ်။အက်စတွန်ဗီလာ တိုက်စစ်မှုး ဝက်ကင်စ် က (၁၀)ကြိမ်နဲ့ လွဲချော်မှုအများဆုံး တတိယနေရာမှာရှိနေတာဖြစ်ပါတယ်။ဖာမီနို၊ မာနေး၊ ရက်ရှ်ဖိုဒ့် နဲ့ ချီအဒမ် နဲ့ မက်ဘာနီး တို့က (၇)ကြိမ်စီ လွဲချော်ထားကြပါတယ်။

Zawgyi



