ထောင်ကလွတ်မြောက်ပြီး ဘဝသစ်ကို စတင်နိုင်ခဲ့တဲ့ ရော်နယ်ဒင်ဟို

ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟို ဟာ ထောင်ကနေ လွတ်မြောက်လာပြီးထဲက သူ့ရဲ့ဘဝကို လုံးဝပြောင်းလဲလိုက်ပြီလို့ 90min က ဖော်ပြလိုက်ပါတယ်။အသက်(၄၀)အရွယ်ရှိ ဘရာဇီးနာမည်ကျော် ကစားသမားကြီး ဟာ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့အစ်ကိုနဲ့ အတူ ပါရာဂွေး နိုင်ငံကို ပတ်စပို့စ်အတု နဲ့ ဝင်ရောက်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒင်ဟို ဟာ သူ့ရဲ့အစ်ကို နဲ့အတူ ထောင်ထဲမှာ အချိန်ကုန်ဆုံးခဲ့ပြီး ဒီထဲမှာ ကျင်းပတဲ့ ဖူဆယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ဘာစီလိုနာ အသင်းဂန္တဝင်ကစားသမား နဲ့ သူ့ရဲ့အစ်ကို ဟာ ပြီးခဲ့တဲ့နှစ်ဩဂုတ်လက ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ဒဏ်ကြေး ဒေါ်လာ (၉)သောင်းနဲ့ ဒေါ်လာ (၁သိန်း ၁သောင်း) ပေးဆောင်ခဲ့ရပါတယ်။သတင်းတွေအရ ရော်နယ်ဒင်ဟို ဟာ ဒေဝါလီခံရဖို့တောင် နီးကပ်လာပြီလို့ ဖော်ပြခဲ့ပါတယ်။

AS သတင်းရဲ့ဖော်ပြချက်အရ ရော်နယ်ဒင်ဟို ဟာ ထောင်ကနေ လွတ်မြောက်လာခဲ့ပြီးနောက် သူ့ရဲ့ဘဝကို ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ဘရာဇီးလ် El Pais ရဲ့ဖော်ပြချက်ကို ကိုးကားပြီး AS ရဲ့ရေးသားချက်မှာတော့ ရော်နယ်ဒင်ဟို ဟာ ထောင်ကနေ လွတ်မြောက်လာပြီး (၄)လအကြာမှာ ပေါင်(၇၀၂၄၀၇) ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။သူဟာ အသလက်တီကိုမင်နဲရိုး အသင်းရဲ့ကွင်းကို မြှင့်တင်ရန်ကူညီခဲ့ပြီး Belo Horizonte ရဲ့ဂုဏ်ထူးဆောင် နိုင်ငံသားဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒင်ဟို ဟာ စတူဒီယို ဖွင့်ခဲ့ပြီး ရက်ပါဒီဂျွန်ဂါနဲ့ ရီကေ့မိုဘ် တို့ နဲ့ တွဲဖက်ပြီး MTV ရိုက်ခဲ့ပါတယ်။ဒါ့အပြင်သူဟာ ကိုယ်ပိုင်ဂျင်အမှတ်တံဆိပ် R-One ကိုလည်း မိတ်ဆက်တော့မှာဖြစ်ပါတယ်။ဘရာဇီး ကစားသမားဟာ ဖီဖာ နဲ့ PES တို့ကလည်း ဝင်ငွေတွေရရှိလာခဲ့ပါတယ်။အခုနှစ်ဟာ ရော်နယ်ဒင်ဟို ရဲ့အကောင်းဆုံးနှစ်ဖြစ်လာဖွယ်ရှိနေပြီး သူ့ရဲ့အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi

ဘရာဇီးလ္ဂႏၲဝင္ကစားသမားႀကီး ေရာ္နယ္ဒင္ဟို ဟာ ေထာင္ကေန လြတ္ေျမာက္လာၿပီးထဲက သူ႔ရဲ့ဘဝကို လုံးဝေျပာင္းလဲလိုက္ၿပီလို႔ 90min က ေဖာ္ျပလိုက္ပါတယ္။အသက္(၄၀)အရြယ္ရွိ ဘရာဇီးနာမည္ေက်ာ္ ကစားသမားႀကီး ဟာ ၿပီးခဲ့တဲ့ႏွစ္က သူ႔ရဲ့အစ္ကိုနဲ႔ အတူ ပါရာေဂြး နိုင္ငံကို ပတ္စပို႔စ္အတု နဲ႔ ဝင္ေရာက္ခဲ့တာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္ဒင္ဟို ဟာ သူ႔ရဲ့အစ္ကို နဲ႔အတူ ေထာင္ထဲမွာ အခ်ိန္ကုန္ဆုံးခဲ့ၿပီး ဒီထဲမွာ က်င္းပတဲ့ ဖူဆယ္ၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ကစားခဲ့ပါတယ္။ဘာစီလိုနာ အသင္းဂႏၲဝင္ကစားသမား နဲ႔ သူ႔ရဲ့အစ္ကို ဟာ ၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လက ျပန္လည္လြတ္ေျမာက္လာခဲ့တာျဖစ္ၿပီး ဒဏ္ေၾကး ေဒၚလာ (၉)ေသာင္းနဲ႔ ေဒၚလာ (၁သိန္း ၁ေသာင္း) ေပးေဆာင္ခဲ့ရပါတယ္။သတင္းေတြအရ ေရာ္နယ္ဒင္ဟို ဟာ ေဒဝါလီခံရဖို႔ေတာင္ နီးကပ္လာၿပီလို႔ ေဖာ္ျပခဲ့ပါတယ္။

AS သတင္းရဲ့ေဖာ္ျပခ်က္အရ ေရာ္နယ္ဒင္ဟို ဟာ ေထာင္ကေန လြတ္ေျမာက္လာခဲ့ၿပီးေနာက္ သူ႔ရဲ့ဘဝကို ေျပာင္းလဲခဲ့တယ္လို႔ ဆိုပါတယ္။ဘရာဇီးလ္ El Pais ရဲ့ေဖာ္ျပခ်က္ကို ကိုးကားၿပီး AS ရဲ့ေရးသားခ်က္မွာေတာ့ ေရာ္နယ္ဒင္ဟို ဟာ ေထာင္ကေန လြတ္ေျမာက္လာၿပီး (၄)လအၾကာမွာ ေပါင္(၇၀၂၄၀၇) ရွာေဖြနိုင္ခဲ့တယ္လို႔ သိရပါတယ္။သူဟာ အသလက္တီကိုမင္နဲရိုး အသင္းရဲ့ကြင္းကို ျမႇင့္တင္ရန္ကူညီခဲ့ၿပီး Belo Horizonte ရဲ့ဂုဏ္ထူးေဆာင္ နိုင္ငံသားျဖစ္ခဲ့ပါတယ္။

ေရာ္နယ္ဒင္ဟို ဟာ စတူဒီယို ဖြင့္ခဲ့ၿပီး ရက္ပါဒီဂၽြန္ဂါနဲ႔ ရီေက့မိုဘ္ တို႔ နဲ႔ တြဲဖက္ၿပီး MTV ရိုက္ခဲ့ပါတယ္။ဒါ့အျပင္သူဟာ ကိုယ္ပိုင္ဂ်င္အမွတ္တံဆိပ္ R-One ကိုလည္း မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ဘရာဇီး ကစားသမားဟာ ဖီဖာ နဲ႔ PES တို႔ကလည္း ဝင္ေငြေတြရရွိလာခဲ့ပါတယ္။အခုႏွစ္ဟာ ေရာ္နယ္ဒင္ဟို ရဲ့အေကာင္းဆုံးႏွစ္ျဖစ္လာဖြယ္ရွိေနၿပီး သူ႔ရဲ့အေၾကာင္းရိုက္ကူးထားတဲ့ ႐ုပ္ရွင္ထြက္လာမွာျဖစ္တယ္လို႔ သိရပါတယ္။