မက်ဆီရဲ့သွင်းဂိုးကို အကွက်မြင်မြင်နဲ့ ဖန်တီးခဲ့လို့ ချီးကျုးခံနေရတဲ့ ပီဒရီ

ဒီမနက်က ကစားခဲ့တဲ့ ဘီလ်ဘာအို နဲ့ ဘာစီလိုနာ အသင်းတို့ ပွဲမှာ မက်ဆီ သွင်းယူခဲ့တဲ့ ဂိုးကို ဖန်တီးခဲ့တဲ့ ပီဒရီ ဟာ ချီးကျုးမှုတွေခံနေရပါတယ်။ဒီမနက်က ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ဘီလ်ဘာအို အသင်း ကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ဘာစီလိုနာ အသင်းအတွက် မက်ဆီ က (၂)ဂိုး၊ ပီဒရီ က (၁)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အသက်(၁၈)နှစ်အရွယ်ရှိ ပီဒရီ ဟာ အခုနှစ်ရာသီမှာ ဘာစီလိုနာ အသင်းကြီး အတွက် အားကိုးရတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ (၂၂)ပွဲထိ ပါဝင်ကစားထားကာ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဘီလ်ဘာအို နဲ့ ပွဲမှာလည်း ပီဒရီ ဟာ ပွဲစထဲက ဘာစီလိုနာ အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တာပါ။ဘီလ်ဘာအို အသင်းဟာ ပွဲအစ(၃)မိနစ်ထဲက အင်ယာကီဝီလျံ ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် (၁၄)မိနစ်မှာ ဒီဂျောင်ရဲ့ဖန်တီးပေးမှုကနေ ပီဒရီ က ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။

(၃၈)မိနစ်မှာတော့ ပီဒရီ က ဘာစီလိုနာ အသင်း ဦးဆောင်ဂိုးရမယ့် ဒုတိယဂိုးကို အသင်းဖော် မက်ဆီ သွင်းယူနိုင်အောင် အကွက်မြင်မြင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီဂိုးမှာ မက်ဆီ က ဧရိယာထဲရှိနေတဲ့ ပီဒရီ ဆီ ဘောလုံးပေးပို့ပြီး ပြေးအလာမှာ ပီဒရီ က နောင်ပေါက်လေးနဲ့ ချပေးခဲ့တာကို မက်ဆီ က အပိုင်ပိတ်သွင်းပြီး အသင်းအတွက် ဦးဆောင်ဂိုးရရှိသွားစေခဲ့တာဖြစ်ပါတယ်။ဒီလိုဖန်တီးပေးခဲ့တဲ့ ပီဒရီ ကို ပရိသတ်တွေအများအပြားက ချီးကျုးမှုတွေ ပြုလုပ်ခဲ့တာပါ။

ဘာစီလိုနာ အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ထိပ်ဆုံးနေရာက အသလက်တီကို အသင်းနဲ့ (၇)မှတ်အကွာ အဆင့် (၃)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ဘာစီလိုနာ အသင်းဟာ အခုအပတ်အတွင်းမှာ ဂရန်နာဒါ အသင်းနဲ့ လာလီဂါ ပွဲစဉ်ယှဉ်ပြိင်ရမှာဖြစ်ပါတယ်။

Zawgyi

ဒီမနက္က ကစားခဲ့တဲ့ ဘီလ္ဘာအို နဲ႔ ဘာစီလိုနာ အသင္းတို႔ ပြဲမွာ မက္ဆီ သြင္းယူခဲ့တဲ့ ဂိုးကို ဖန္တီးခဲ့တဲ့ ပီဒရီ ဟာ ခ်ီးက်ဳးမႈေတြခံေနရပါတယ္။ဒီမနက္က ကစားခဲ့တဲ့ စပိန္လာလီဂါ ပြဲစဥ္မွာ ဘာစီလိုနာ အသင္းက ဘီလ္ဘာအို အသင္း ကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ ဘာစီလိုနာ အသင္းအတြက္ မက္ဆီ က (၂)ဂိုး၊ ပီဒရီ က (၁)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

အသက္(၁၈)ႏွစ္အရြယ္ရွိ ပီဒရီ ဟာ အခုႏွစ္ရာသီမွာ ဘာစီလိုနာ အသင္းႀကီး အတြက္ အားကိုးရတဲ့ ကစားသမားျဖစ္ၿပီး ၿပိဳင္ပြဲစုံ (၂၂)ပြဲထိ ပါဝင္ကစားထားကာ (၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ဘီလ္ဘာအို နဲ႔ ပြဲမွာလည္း ပီဒရီ ဟာ ပြဲစထဲက ဘာစီလိုနာ အသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့တာပါ။ဘီလ္ဘာအို အသင္းဟာ ပြဲအစ(၃)မိနစ္ထဲက အင္ယာကီဝီလ်ံ ရဲ့ဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ပြဲခ်ိန္ (၁၄)မိနစ္မွာ ဒီေဂ်ာင္ရဲ့ဖန္တီးေပးမႈကေန ပီဒရီ က ျပန္လည္ေခ်ပခဲ့တာျဖစ္ပါတယ္။

(၃၈)မိနစ္မွာေတာ့ ပီဒရီ က ဘာစီလိုနာ အသင္း ဦးေဆာင္ဂိုးရမယ့္ ဒုတိယဂိုးကို အသင္းေဖာ္ မက္ဆီ သြင္းယူနိုင္ေအာင္ အကြက္ျမင္ျမင္ဖန္တီးခဲ့တာျဖစ္ပါတယ္။ဒီဂိုးမွာ မက္ဆီ က ဧရိယာထဲရွိေနတဲ့ ပီဒရီ ဆီ ေဘာလုံးေပးပို႔ၿပီး ေျပးအလာမွာ ပီဒရီ က ေနာင္ေပါက္ေလးနဲ႔ ခ်ေပးခဲ့တာကို မက္ဆီ က အပိုင္ပိတ္သြင္းၿပီး အသင္းအတြက္ ဦးေဆာင္ဂိုးရရွိသြားေစခဲ့တာျဖစ္ပါတယ္။ဒီလိုဖန္တီးေပးခဲ့တဲ့ ပီဒရီ ကို ပရိသတ္ေတြအမ်ားအျပားက ခ်ီးက်ဳးမႈေတြ ျပဳလုပ္ခဲ့တာပါ။

ဘာစီလိုနာ အသင္းဟာ ဒီပြဲအနိုင္ရခဲ့တာေၾကာင့္ ထိပ္ဆုံးေနရာက အသလက္တီကို အသင္းနဲ႔ (၇)မွတ္အကြာ အဆင့္ (၃)ေနရာအထိ တက္လွမ္းလာနိုင္ခဲ့ပါတယ္။ဘာစီလိုနာ အသင္းဟာ အခုအပတ္အတြင္းမွာ ဂရန္နာဒါ အသင္းနဲ႔ လာလီဂါ ပြဲစဥ္ယွဥ္ၿပိင္ရမွာျဖစ္ပါတယ္။