စီရော်နယ်‌ဒို နဲ့ ပတ်သက်ပြီး သူ့ကို ဝေဖန်နေတဲ့သူတွေကို ပြန်တုံပြန်လိုက်တဲ့ ပီလီ

ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ပီလီ က သူ့ရဲ့ဂိုးသွင်းစံချိန်ကို စီရော်နယ်ဒို ကျော်ဖြတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာ အင်စတာဂရမ်ရဲ့ဘိုင်အို ကို ပြောင်းလဲမှုတွေပြုလုပ်ခဲ့လို့ အကြီးအကျယ်ဝေဖန်မှုတွေခံခဲ့ရပါတယ်။အခုအချိန်မှာတော့ ပီလီ က ဒါကို တုံပြန်လိုက်ပါတယ်။စီရော်နယ်ဒို ဟာ အူဒီးနီးစ် ကို အနိုင်ရတဲ့ပွဲမှာ (၂)ဂိုးသွင်းပြီး ပီလီရဲ့ဂိုးသွင်းအများဆုံးဒုတိယ‌နေရာကို တစ်ဂိုးအသာ (၇၅၈)ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီလီ က စီရော်နယ်ဒို သူ့ရဲ့ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်အပြီး အင်စတာဂရမ်မှာ သူဂိုးသွင်းတဲ့ အရေအတွက်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ပီလီ က (၁၂၈၃)ဂိုး နဲ့ သူဟာ ကမ္ဘာပေါ်မှာ ဂိုးသွင်းအများဆုံး ကစားဖြစ်တယ်လို့ ပြောင်းလဲခဲ့တာပါ။ဒီလိုပြောင်းလဲခဲ့တာကြောင့် ပီလီ ကို ပရိသတ်တွေအများအပြားက ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ကမ္ဘာ့ဖလား (၃)ကြိမ်ရရှိထားတဲ့ ပီလီ ကတော့ သူ့ရဲ့ဘိုင်အို ကို လုံးဝပြောင်းလဲခဲ့ခြင်းမရှိဘူးလို့ တွစ်တာကနေ ပြန်လည်တုံပြန်ခဲ့တာပါ။

ပီလီ က “ကျွန်တော့်ရဲ့စံချိန်တွေကို ချိုးဖျက်နေတဲ့ နာမည်ကြီးကစားသမားတွေကို လွှမ်းမိုးဖို့ ကျွန်တော်က အင်စတာဂရမ် ဘိုင်အိုတွေကို ပြောင်းလဲခဲ့တယ်ဆိုပြီး မီဒီယာတွေက စွပ်စွဲခဲ့ပါတယ်။ကျွန်တော်ဆိုရှယ်မီဒီယာကို အသုံးပြုထဲက ဘိုင်အိုမှာ ထားတဲ့ စာသားက အမြဲတမ်းအတူတူပါပဲ။သင်တို့ရဲ့မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့ အောင်မြင်မှုတွေကနေ ဒီအရာတွေက ကျွန်တော်တို့ကို အာရုံမပျံလွင့်စေသင့်ဘူးလို့”ရေးသားခဲ့ပါတယ်။

အချက်အလက်တွေအရ စီရော်နယ်ဒို ရဲ့အထက်မှာ ချက်လက်ရွေးစင် အသင်းရဲ့ဂန္တဝင်ကစားသမား ဂျိုးဆက်ဗ်ဘီကန် က ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ဂျိုးဆက်ဗ်ဘီကန် ဟာ (၁၉၃၁) ကနေ (၁၉၅၅)ထိ ပွဲပေါင်း(၅၃၀)မှာ (၈၀၅) ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

Zawgyi

ဘရာဇီးလ္ဂႏၲဝင္ကစားသမားႀကီး ပီလီ က သူ႔ရဲ့ဂိုးသြင္းစံခ်ိန္ကို စီေရာ္နယ္ဒို ေက်ာ္ျဖတ္ခဲ့ၿပီး ရက္ပိုင္းအၾကာမွာ အင္စတာဂရမ္ရဲ့ဘိုင္အို ကို ေျပာင္းလဲမႈေတြျပဳလုပ္ခဲ့လို႔ အႀကီးအက်ယ္ေဝဖန္မႈေတြခံခဲ့ရပါတယ္။အခုအခ်ိန္မွာေတာ့ ပီလီ က ဒါကို တုံျပန္လိုက္ပါတယ္။စီေရာ္နယ္ဒို ဟာ အူဒီးနီးစ္ ကို အနိုင္ရတဲ့ပြဲမွာ (၂)ဂိုးသြင္းၿပီး ပီလီရဲ့ဂိုးသြင္းအမ်ားဆုံးဒုတိယ‌ေနရာကို တစ္ဂိုးအသာ (၇၅၈)ဂိုးနဲ႔ ေက်ာ္ျဖတ္နိုင္ခဲ့တာျဖစ္ပါတယ္။

ပီလီ က စီေရာ္နယ္ဒို သူ႔ရဲ့ဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္အၿပီး အင္စတာဂရမ္မွာ သူဂိုးသြင္းတဲ့ အေရအတြက္ကို ေျပာင္းလဲလိုက္တာျဖစ္ပါတယ္။ပီလီ က (၁၂၈၃)ဂိုး နဲ႔ သူဟာ ကမၻာေပၚမွာ ဂိုးသြင္းအမ်ားဆုံး ကစားျဖစ္တယ္လို႔ ေျပာင္းလဲခဲ့တာပါ။ဒီလိုေျပာင္းလဲခဲ့တာေၾကာင့္ ပီလီ ကို ပရိသတ္ေတြအမ်ားအျပားက ေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ကမၻာ့ဖလား (၃)ႀကိမ္ရရွိထားတဲ့ ပီလီ ကေတာ့ သူ႔ရဲ့ဘိုင္အို ကို လုံးဝေျပာင္းလဲခဲ့ျခင္းမရွိဘူးလို႔ တြစ္တာကေန ျပန္လည္တုံျပန္ခဲ့တာပါ။

ပီလီ က “ကၽြန္ေတာ့္ရဲ့စံခ်ိန္ေတြကို ခ်ိဳးဖ်က္ေနတဲ့ နာမည္ႀကီးကစားသမားေတြကို လႊမ္းမိုးဖို႔ ကၽြန္ေတာ္က အင္စတာဂရမ္ ဘိုင္အိုေတြကို ေျပာင္းလဲခဲ့တယ္ဆိုၿပီး မီဒီယာေတြက စြပ္စြဲခဲ့ပါတယ္။ကၽြန္ေတာ္ဆိုရွယ္မီဒီယာကို အသုံးျပဳထဲက ဘိုင္အိုမွာ ထားတဲ့ စာသားက အျမဲတမ္းအတူတူပါပဲ။သင္တို႔ရဲ့မယုံၾကည္နိုင္ေလာက္ေအာင္ေကာင္းမြန္တဲ့ ေအာင္ျမင္မႈေတြကေန ဒီအရာေတြက ကၽြန္ေတာ္တို႔ကို အာ႐ုံမပ်ံလြင့္ေစသင့္ဘူးလို႔”ေရးသားခဲ့ပါတယ္။

အခ်က္အလက္ေတြအရ စီေရာ္နယ္ဒို ရဲ့အထက္မွာ ခ်က္လက္ေရြးစင္ အသင္းရဲ့ဂႏၲဝင္ကစားသမား ဂ်ိဳးဆက္ဗ္ဘီကန္ က ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ဂ်ိဳးဆက္ဗ္ဘီကန္ ဟာ (၁၉၃၁) ကေန (၁၉၅၅)ထိ ပြဲေပါင္း(၅၃၀)မွာ (၈၀၅) ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။