ဘောလုံးသမိုင်းမှာ ထူးဆန်းတဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူဖို့ နီးစပ်ခဲ့တဲ့ ဘရက်စ်ဂိုးသမား

ဘရက်စ် အသင်း ဂိုးသမား လာဆွန်နူအာ ဟာ ဘောလုံးသမိုင်းမှာ ထူးခြားဆန်းပြားတဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူလုနီးပါးဖြစ်ခဲ့တယ်လို့ SportBible က ဖော်ပြခဲ့ပါတယ်။အသက် (၂၃)နှစ်အရွယ် ဂိုးသမား က ဘရက်စ် အသင်းက နိုက်စ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ဒီပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့မတော်တဆကနေ ပထမပိုင်းအတွင်း ကိုယ့်ဂိုးကိုယ်သွင်းယူခါနီးဖြစ်ခဲ့ပါတယ်။

ဘရက်စ် အသင်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်နေတဲ့ ပထမပိုင်း (၃၅)မိနစ်မှာ ဘရက်စ် အသင်းကစားသမား က ဂိုးသမား ကို ဘောလုံးပြန်လည်ပေးပို့ခဲ့ပါတယ်။ဒါကို ဂိုးသမားက ဘောလုံးအထိန်းလွန်ပြီး ထောင့်ကန်ဘောပေးရမှာစိုးတဲ့ အတွက် ဘောလုံးကို ကန်ထုတ်ပစ်ခဲ့ပါတယ်။ဒီကန်ထုတ်ပစ်ခဲ့တဲ့ ဘောလုံးဟာာ ဂိုးအတွင်းတိုင်ထိပြီး ပြန်ထွက်လာခဲ့တာကို နိုက်စ် အသင်း ကစားသမားက ပိတ်သွင်းဖို့ ကြိုးစားခဲ့တာကို ဂိုးသမားက ပြန်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီဂိုးသာဝင်သွားခဲ့ရင်တော့ ဂိုးသမားအနေနဲ့ ထူးခြားဆန်းပြားတဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူသလို ဖြစ်သွားမှာပါ။ဂိုးသမား ဟာ အမှားလုပ်ခဲ့ပေမယ့် ပွဲချိန်အတွင်းမှာ နိုက်စ် အသင်း ဂိုးမသွင်းနိုင်အောင် အကောင်းဆုံး ကာကွယ်သွားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ပွဲအပြီးမှာ ဘရက်စ် အသင်းက ပထမပိုင်းမှာ သွင်းခဲ့တဲ့ ဂိုးတွေနဲ့ပဲ နိုက်စ် အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီလို တစ်ဖက်အသင်းဂိုးသွင်းသွားမှာကို ကာကွယ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ဇင်းနစ် နောက်ခံလူ လောဗ့်ဗရန် ဟာ ဆိုရင်လည်း ပြိုင်ဘက်အသင်း ရဲ့ဘောလုံးကို ဂိုးသမားကို ရင်ဘတ်နဲ့ ထိန်းပေးခဲ့ရာ ဘောလုံးဟာ ဂိုးသမားကို ကျော်ပြီး ဂိုးသွားတာတွေလည်း ဖြစ်ခဲ့ပါတယ်။

Zawgyi

ဘရက္စ္ အသင္း ဂိုးသမား လာဆြန္ႏူအာ ဟာ ေဘာလုံးသမိုင္းမွာ ထူးျခားဆန္းျပားတဲ့ ကိုယ့္ဂိုးကိုယ္သြင္းယူလုနီးပါးျဖစ္ခဲ့တယ္လို႔ SportBible က ေဖာ္ျပခဲ့ပါတယ္။အသက္ (၂၃)ႏွစ္အရြယ္ ဂိုးသမား က ဘရက္စ္ အသင္းက နိုက္စ္ အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရတဲ့ ဒီပြဲမွာ ဂိုးမေပးရေအာင္ စြမ္းေဆာင္နိုင္ခဲ့ေပမယ့္ သူ႔ရဲ့မေတာ္တဆကေန ပထမပိုင္းအတြင္း ကိုယ့္ဂိုးကိုယ္သြင္းယူခါနီးျဖစ္ခဲ့ပါတယ္။

ဘရက္စ္ အသင္းက (၂)ဂိုးျပတ္နဲ႔ ဦးေဆာင္ေနတဲ့ ပထမပိုင္း (၃၅)မိနစ္မွာ ဘရက္စ္ အသင္းကစားသမား က ဂိုးသမား ကို ေဘာလုံးျပန္လည္ေပးပို႔ခဲ့ပါတယ္။ဒါကို ဂိုးသမားက ေဘာလုံးအထိန္းလြန္ၿပီး ေထာင့္ကန္ေဘာေပးရမွာစိုးတဲ့ အတြက္ ေဘာလုံးကို ကန္ထုတ္ပစ္ခဲ့ပါတယ္။ဒီကန္ထုတ္ပစ္ခဲ့တဲ့ ေဘာလုံးဟာာ ဂိုးအတြင္းတိုင္ထိၿပီး ျပန္ထြက္လာခဲ့တာကို နိုက္စ္ အသင္း ကစားသမားက ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့တာကို ဂိုးသမားက ျပန္ကာကြယ္နိုင္ခဲ့ပါတယ္။

ဒီဂိုးသာဝင္သြားခဲ့ရင္ေတာ့ ဂိုးသမားအေနနဲ႔ ထူးျခားဆန္းျပားတဲ့ ကိုယ့္ဂိုးကိုယ္သြင္းယူသလို ျဖစ္သြားမွာပါ။ဂိုးသမား ဟာ အမွားလုပ္ခဲ့ေပမယ့္ ပြဲခ်ိန္အတြင္းမွာ နိုက္စ္ အသင္း ဂိုးမသြင္းနိုင္ေအာင္ အေကာင္းဆုံး ကာကြယ္သြားခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။ပြဲအၿပီးမွာ ဘရက္စ္ အသင္းက ပထမပိုင္းမွာ သြင္းခဲ့တဲ့ ဂိုးေတြနဲ႔ပဲ နိုက္စ္ အသင္းကို အနိုင္ရရွိသြားခဲ့ပါတယ္။

ဒီလို တစ္ဖက္အသင္းဂိုးသြင္းသြားမွာကို ကာကြယ္ရင္း ကိုယ့္ဂိုးကိုယ္သြင္းတဲ့ ျဖစ္ရပ္ေတြ အမ်ားႀကီးရွိပါတယ္။ဇင္းနစ္ ေနာက္ခံလူ ေလာဗ့္ဗရန္ ဟာ ဆိုရင္လည္း ၿပိဳင္ဘက္အသင္း ရဲ့ေဘာလုံးကို ဂိုးသမားကို ရင္ဘတ္နဲ႔ ထိန္းေပးခဲ့ရာ ေဘာလုံးဟာ ဂိုးသမားကို ေက်ာ္ၿပီး ဂိုးသြားတာေတြလည္း ျဖစ္ခဲ့ပါတယ္။