ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ရက်ရှ်ဖိုဒ့်

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ကစားသမား ရက်ရှ်ဖိုဒ့် ဟာ CIES က ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအရှိ‌ဆုံး ကစားသမားစာရင်းရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။ရက်ရှ်ဖိုဒ့် ဟာ ဒေါ့မွန် အသင်းကစားသမား ဟာလန်း နဲ့ လီဗာပူးလ် အသင်းက အာနိုးလ်တို့ကို ကျော်ဖြတ်ပြီး အခုလို သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

CIES က ကစားသမားရဲ့အသက်အရွယ်၊စာချုပ်သက်တမ်း၊ စွမ်းဆောင်ရည် စတဲ့ အချက် အလက်တွေပေါ်မူတည်ပြီး တွက်ချက်ထားတာပါ။ရက်ရှ်ဖိုဒ့် ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း (၃)နှစ်ခွဲကျန်ရှိနေတာကြောင့် သူ့ရဲ့တန်ကြေးဟာ ပေါင် (၁၆၅ဒသမ၆)သန်း နဲ့ ထိပ်ဆုံးနေရာမှာရှိခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့ဖလားချန်ပီယံ ဘတ်ပေး ကတော့ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်(၁၈) လသာ ကျန်တော့တာကြောင့် တန်ကြေး ပေါင်(၁၄၉ဒသမ၄)သန်းသာရှိတော့ပြီး ပဉ္စမနေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ဟာလန်း က ပေါင်(၁၅၂)သန်းနဲ့ ဒုတိယ၊ အာနိုးလ် က ပေါင် (၁၅၁ဒသမ၆)သန်းနဲ့ တတိယ၊ ဘရူနိုဖာနန်ဒက်စ် က ပေါင် (၁၅၁ဒသမ၁)သန်း နဲ့ စတုတ္တနေရာမှာ ရှိနေတာဖြစ်ပါတယ်။ဒီစာရင်းရဲ့ထိပ်ဆုံးနေရာမှာ အင်္ဂလန်က (၇)ဦးအထိ ပါဝင်ခဲ့ပြီး အခြားနိုင်ငံတွေထက် ပိုများနေတာဖြစ်ပါတယ်။ဆန်ချို၊ စတာလင်၊ ဆာကာ၊ မေဆန်‌မောင့်၊ ဟာရီကိန်း တို့ဟာ ရက်ရှ်ဖိုဒ့်၊ အာနိုးလ် တို့နဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မက်ဆီ ကတော့ ပေါင်(၅၄)သန်း နဲ့ (၉၇)နေရာမှာ ရှိနေပြီး၊ စီရော်နယ်ဒို ကတော့ ပေါင်(၄၇)သန်း နဲ့ (၁၀၀)ပြင်ပကို ရောက်သွားပြီး (၁၃၁)နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းတိုက္စစ္ကစားသမား ရက္ရွ္ဖိုဒ့္ ဟာ CIES က ထုတ္ျပန္တဲ့ ကမၻာ့တန္ဖိုးအရွိ‌ဆုံး ကစားသမားစာရင္းရဲ့ထိပ္ဆုံးေနရာမွာရပ္တည္ေနပါတယ္။ရက္ရွ္ဖိုဒ့္ ဟာ ေဒါ့မြန္ အသင္းကစားသမား ဟာလန္း နဲ႔ လီဗာပူးလ္ အသင္းက အာနိုးလ္တို႔ကို ေက်ာ္ျဖတ္ၿပီး အခုလို သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

CIES က ကစားသမားရဲ့အသက္အရြယ္၊စာခ်ဳပ္သက္တမ္း၊ စြမ္းေဆာင္ရည္ စတဲ့ အခ်က္ အလက္ေတြေပၚမူတည္ၿပီး တြက္ခ်က္ထားတာပါ။ရက္ရွ္ဖိုဒ့္ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၃)ႏွစ္ခြဲက်န္ရွိေနတာေၾကာင့္ သူ႔ရဲ့တန္ေၾကးဟာ ေပါင္ (၁၆၅ဒသမ၆)သန္း နဲ႔ ထိပ္ဆုံးေနရာမွာရွိခဲ့တာျဖစ္ပါတယ္။ကမၻာ့ဖလားခ်န္ပီယံ ဘတ္ေပး ကေတာ့ ပီအက္စ္ဂ်ီ အသင္းနဲ႔ စာခ်ဳပ္(၁၈) လသာ က်န္ေတာ့တာေၾကာင့္ တန္ေၾကး ေပါင္(၁၄၉ဒသမ၄)သန္းသာရွိေတာ့ၿပီး ပဥၥမေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။

ဟာလန္း က ေပါင္(၁၅၂)သန္းနဲ႔ ဒုတိယ၊ အာနိုးလ္ က ေပါင္ (၁၅၁ဒသမ၆)သန္းနဲ႔ တတိယ၊ ဘ႐ူနိုဖာနန္ဒက္စ္ က ေပါင္ (၁၅၁ဒသမ၁)သန္း နဲ႔ စတုတၱေနရာမွာ ရွိေနတာျဖစ္ပါတယ္။ဒီစာရင္းရဲ့ထိပ္ဆုံးေနရာမွာ အဂၤလန္က (၇)ဦးအထိ ပါဝင္ခဲ့ၿပီး အျခားနိုင္ငံေတြထက္ ပိုမ်ားေနတာျဖစ္ပါတယ္။ဆန္ခ်ိဳ၊ စတာလင္၊ ဆာကာ၊ ေမဆန္‌ေမာင့္၊ ဟာရီကိန္း တို႔ဟာ ရက္ရွ္ဖိုဒ့္၊ အာနိုးလ္ တို႔နဲ႔အတူ ပါဝင္ခဲ့တာျဖစ္ပါတယ္။

စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ မက္ဆီ ကေတာ့ ေပါင္(၅၄)သန္း နဲ႔ (၉၇)ေနရာမွာ ရွိေနၿပီး၊ စီေရာ္နယ္ဒို ကေတာ့ ေပါင္(၄၇)သန္း နဲ႔ (၁၀၀)ျပင္ပကို ေရာက္သြားၿပီး (၁၃၁)ေနရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။