ဒေဝါလီခံပြီး ရက်သတ္တပတ်အကြာမှာအသင်းသစ်ရခဲ့တဲ့ ရီးရယ်လ်နဲ့ အဲဗာတန် ကစားသမားဟောင်း

ရီးရယ်လ် နဲ့ အဲဗာတန် အသင်းတောင်ပံကစားသမား ဒရန်သီ ဟာ စပိန်စတုတ္တတန်းကလပ် ရေဆင်းမာစီယာ အသင်းကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။အသက်(၃၃) နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ကစား သမားဟောင်း ဟာ ပြီးခဲ့တဲ့လကပဲ ဒေဝါလီခံခဲ့ကြောင်း ဒတ်ခ်ျတရားရုံးက ကြေညာခဲ့ပါတယ်။

ဒရန်သီ ဟာ ရီးရယ်လ် နဲ့ အဲဗာတန် အသင်းမှာ တောက်ပတဲ့ခြေစွမ်းတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ဒရန်သီ ဟာ ချန်ပီယံရှစ်၊ တူရကီ၊ အဘူဒါဘီ အသင်းတွေမှာ ကစားခဲ့ပြီးနောက် (၂၀၁၆)က ဘောလုံးလောကကို စွန့်လွှတ်ခဲ့ပါတယ်။အဲဒီနောက်မှာ နယ်သာလန် ကစားသမားဟောင်း ဟာ မာဖီးယားရာဇဝတ် သားအဖြစ် သရုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့သလို၊ Roya2Faces နာမည်နဲ့ ဂီတလုပ်ငန်းတွေလည်း စတင်ဖို့ ကြိုးစားခဲ့ပါတယ်။

(၂၀၁၈)မှာတော့ ဒရန်သီ ဟာ နယ်သာလန် ဒုတိယတန်းကလပ် ရော့တာဒမ် အသင်းနဲ့ အတူ ဘောလုံးလောကကို ပြန်လည်ဝင်ရောက်ခဲ့ပြီး နယ်သာလန် တတိယတန်းကလပ် ကိုစကန်ဘွိုင်းစ် အသင်းအတွက်လည်း ကစားခဲ့ပါတယ်။အခုအချိန်မှာတော့ ဒရန်သီ ဟာ စပိန်ဘောလုံးလောကကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒရန်သီ ဟာ ရီးရယ်လ် အသင်းမှာ ကစားခဲ့တဲ့ အချိန်တုန်းက စပိန်ကလပ်ဖြစ်တဲ့ ဟာကျုလတ်စ် အသင်းမှာလည်း အငှားသွားရောက်ကစားခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင် လက်ရွေးစင် အသင်းအတွက် ခြေစမ်းပွဲ(၁)ပွဲသာ ပါဝင်ကစားခဲ့ရတဲ့ ဒရန်သီ ဟာ ကစားသမားဘဝမှာ ရီးရယ်လ် အသင်းနဲ့ အတူ လာလီဂါ(၁)ကြိမ်၊ နယ်သာလန်
ယူ(၂၁) အသင်းနဲ့ အတူ ဥရောပယူ(၂၁)ချန်ပီယံဆုကိုသာ ရယူနိုင်ခဲ့ပြီး အဲဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ဝာာဖြစ်ပါတယ်။

Zawgyi

ရီးရယ္လ္ နဲ႔ အဲဗာတန္ အသင္းေတာင္ပံကစားသမား ဒရန္သီ ဟာ စပိန္စတုတၱတန္းကလပ္ ေရဆင္းမာစီယာ အသင္းကို အၿပီးသတ္ေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။အသက္(၃၃) ႏွစ္အရြယ္ရွိ နယ္သာလန္လက္ေရြးစင္ ကစား သမားေဟာင္း ဟာ ၿပီးခဲ့တဲ့လကပဲ ေဒဝါလီခံခဲ့ေၾကာင္း ဒတ္ခ္်တရား႐ုံးက ေၾကညာခဲ့ပါတယ္။

ဒရန္သီ ဟာ ရီးရယ္လ္ နဲ႔ အဲဗာတန္ အသင္းမွာ ေတာက္ပတဲ့ေျခစြမ္းေတြရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရတာျဖစ္ပါတယ္။ဒရန္သီ ဟာ ခ်န္ပီယံရွစ္၊ တူရကီ၊ အဘူဒါဘီ အသင္းေတြမွာ ကစားခဲ့ၿပီးေနာက္ (၂၀၁၆)က ေဘာလုံးေလာကကို စြန႔္လႊတ္ခဲ့ပါတယ္။အဲဒီေနာက္မွာ နယ္သာလန္ ကစားသမားေဟာင္း ဟာ မာဖီးယားရာဇဝတ္ သားအျဖစ္ သ႐ုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့သလို၊ Roya2Faces နာမည္နဲ႔ ဂီတလုပ္ငန္းေတြလည္း စတင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

(၂၀၁၈)မွာေတာ့ ဒရန္သီ ဟာ နယ္သာလန္ ဒုတိယတန္းကလပ္ ေရာ့တာဒမ္ အသင္းနဲ႔ အတူ ေဘာလုံးေလာကကို ျပန္လည္ဝင္ေရာက္ခဲ့ၿပီး နယ္သာလန္ တတိယတန္းကလပ္ ကိုစကန္ဘြိဳင္းစ္ အသင္းအတြက္လည္း ကစားခဲ့ပါတယ္။အခုအခ်ိန္မွာေတာ့ ဒရန္သီ ဟာ စပိန္ေဘာလုံးေလာကကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ဒရန္သီ ဟာ ရီးရယ္လ္ အသင္းမွာ ကစားခဲ့တဲ့ အခ်ိန္တုန္းက စပိန္ကလပ္ျဖစ္တဲ့ ဟာက်ဳလတ္စ္ အသင္းမွာလည္း အငွားသြားေရာက္ကစားခဲ့ပါတယ္။

နယ္သာလန္လက္ေရြးစင္ လက္ေရြးစင္ အသင္းအတြက္ ေျခစမ္းပြဲ(၁)ပြဲသာ ပါဝင္ကစားခဲ့ရတဲ့ ဒရန္သီ ဟာ ကစားသမားဘဝမွာ ရီးရယ္လ္ အသင္းနဲ႔ အတူ လာလီဂါ(၁)ႀကိမ္၊ နယ္သာလန္
ယူ(၂၁) အသင္းနဲ႔ အတူ ဥေရာပယူ(၂၁)ခ်န္ပီယံဆုကိုသာ ရယူနိုင္ခဲ့ၿပီး အဲဒီၿပိဳင္ပြဲရဲ့အေကာင္းဆုံးကစားသမားဆုကိုလည္း ရယူနိုင္ခဲ့ဝာာျဖစ္ပါတယ္။