မက်ဆီ သွင်းတဲ့ဂိုးအများအပြားခွင့်ပြုခဲ့လို့ ဘီယာပုလင်းအများကြီးရခဲ့တဲ့ ဒီယိုဂိုအဲလ်ဗတ်စ်

ဘာစီလိုနာ အသင်းတိုက်စစ်မှုး မက်ဆီ ဟာ ဥရောပမှာရှိတဲ့ ဂိုးသမားအများအပြားကို သွင်းဂိုးတွေသွင်းယူနိုင်ခဲ့တဲ့သူပါ။ဒီထဲမှာ ဘာစီလိုနာ အသင်းတိုက်စစ်မှုး ဂိုးအများအပြားသွင်းယူခဲ့တဲ့ ဂိုးသမားတွေထဲက တစ်ဦးကတော့ ဒီယိုဂို အဲလ်ဗတ်စ် ဖြစ်ပါတယ်။ဒီယိုဂို အဲလ်ဗတ်စ် ဟာ ဘောလွန်းဒီအော (၆)ကြိမ်ရထားတဲ့ မက်ဆီ ကို (၂၁)ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ဒီယိုဂို အဲလ်ဗတ်စ် ဟာ စပိန်ကလပ် ဗလင်စီယာ နဲ့ အယ်လ်မီရီးယား အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာ မက်ဆီ ရဲ့သွင်းဂိုးတွေအများအပြားကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ဘရာဇီးလ် ကစားသမား ဟာ လာလီဂါကလပ်၊ ဘရာဇီးလ် စီးရီးအေနဲ့ လက်ရွေးစင် အသင်းအတွက် (၁၀)ပွဲပါဝင်ကစားခဲ့ရပြီး လက်စွမ်းတွေပြထားပေမယ့် အခုအချိန်မှာတော့ မက်ဆီ ဂိုးအများဆုံးသွင်းခဲ့တဲ့ ဂိုးသမားအဖြစ် လူသိများလာတော့မှာဖြစ်ပါတယ်။

မက်ဆီ ဟာ မကြာသေးခင်က ပီလီရဲ့တစ်သင်းထဲမှာ ကစားပြီး သွင်းယူခဲ့တဲ့ သွင်းယူခဲ့တဲ့ (၆၄၃)ဂိုးကို (၆၄၄)ဂိုးနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။အဲဒါကြောင့် မက်ဆီ ဟာ တစ်သင်းထဲအတွက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။Budweiser ကလည်း မက်ဆီ ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူသွင်းယူခဲ့တဲ့ ဂိုးသမား တိုင်းကို ဘီယာပုလင်းတွေ လက်ဆောင်ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီယိုဂို အဲလ်ဗတ်စ် က သူဘီယာ (၂၁)လုံးရခဲ့တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။နာမည်ကြီး ဂိုးသမားတွေဖြစ်တဲ့ ဘူဖွန်၊ အော့ဘလတ်၊ ကီပါ အပါအဝင် ဂိုးသမားတွေကလည်း မက်ဆီ သူတို့ကို သွင်းခဲ့တဲ့ သွင်းဂိုးနံပတ်ပါဝင်တဲ့ ဘီယာပုလင်းတွေရခဲ့တယ်လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ကြပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းတိုက္စစ္မႈး မက္ဆီ ဟာ ဥေရာပမွာရွိတဲ့ ဂိုးသမားအမ်ားအျပားကို သြင္းဂိုးေတြသြင္းယူနိုင္ခဲ့တဲ့သူပါ။ဒီထဲမွာ ဘာစီလိုနာ အသင္းတိုက္စစ္မႈး ဂိုးအမ်ားအျပားသြင္းယူခဲ့တဲ့ ဂိုးသမားေတြထဲက တစ္ဦးကေတာ့ ဒီယိုဂို အဲလ္ဗတ္စ္ ျဖစ္ပါတယ္။ဒီယိုဂို အဲလ္ဗတ္စ္ ဟာ ေဘာလြန္းဒီေအာ (၆)ႀကိမ္ရထားတဲ့ မက္ဆီ ကို (၂၁)ဂိုးအထိ ခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။

ဒီယိုဂို အဲလ္ဗတ္စ္ ဟာ စပိန္ကလပ္ ဗလင္စီယာ နဲ႔ အယ္လ္မီရီးယား အသင္းေတြမွာ ကစားခဲ့တာျဖစ္ပါတယ္။အဲဒီအခ်ိန္မွာ မက္ဆီ ရဲ့သြင္းဂိုးေတြအမ်ားအျပားကို ခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။ဘရာဇီးလ္ ကစားသမား ဟာ လာလီဂါကလပ္၊ ဘရာဇီးလ္ စီးရီးေအနဲ႔ လက္ေရြးစင္ အသင္းအတြက္ (၁၀)ပြဲပါဝင္ကစားခဲ့ရၿပီး လက္စြမ္းေတြျပထားေပမယ့္ အခုအခ်ိန္မွာေတာ့ မက္ဆီ ဂိုးအမ်ားဆုံးသြင္းခဲ့တဲ့ ဂိုးသမားအျဖစ္ လူသိမ်ားလာေတာ့မွာျဖစ္ပါတယ္။

မက္ဆီ ဟာ မၾကာေသးခင္က ပီလီရဲ့တစ္သင္းထဲမွာ ကစားၿပီး သြင္းယူခဲ့တဲ့ သြင္းယူခဲ့တဲ့ (၆၄၃)ဂိုးကို (၆၄၄)ဂိုးနဲ႔ ေက်ာ္ျဖတ္ခဲ့ပါတယ္။အဲဒါေၾကာင့္ မက္ဆီ ဟာ တစ္သင္းထဲအတြက္ ဂိုးအမ်ားဆုံးသြင္းယူနိုင္တဲ့ ကစားသမားအျဖစ္ စံခ်ိန္သစ္တင္နိုင္ခဲ့တာျဖစ္ပါတယ္။Budweiser ကလည္း မက္ဆီ ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ သူသြင္းယူခဲ့တဲ့ ဂိုးသမား တိုင္းကို ဘီယာပုလင္းေတြ လက္ေဆာင္ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဒီယိုဂို အဲလ္ဗတ္စ္ က သူဘီယာ (၂၁)လုံးရခဲ့တယ္လို႔ ဆိုရွယ္မီဒီယာေပၚမွာတင္ခဲ့တာျဖစ္ပါတယ္။နာမည္ႀကီး ဂိုးသမားေတြျဖစ္တဲ့ ဘူဖြန္၊ ေအာ့ဘလတ္၊ ကီပါ အပါအဝင္ ဂိုးသမားေတြကလည္း မက္ဆီ သူတို႔ကို သြင္းခဲ့တဲ့ သြင္းဂိုးနံပတ္ပါဝင္တဲ့ ဘီယာပုလင္းေတြရခဲ့တယ္လို႔ သူတို႔ရဲ့ဆိုရွယ္မီဒီယာေပၚမွာ တင္ခဲ့ၾကပါတယ္။