အသင်းပြောင်းခွင့်ရဖို့ လေ့ကျင့်ရေးကွင်းကို ပြိုင်ဘက်ဂျာစီ ဝတ်ပြီးလာခဲ့တဲ့ လမ်ခဲလ်ဇီ

ရိုင်ယန်အန့်တ်ဝါတ့် အသင်းတိုက်စစ်မှုး လမ်ခဲလ်ဇီ ဟာ ပြိုင်ဘက်အသင်းဂျာစီ ဝတ်ဆင်ပြီး အသင်းရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်ရာမှာ ဝင်ခွင့်မရခဲ့ဘူးလို့ SportBible က ဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ထဲက ကစားသမားအများအပြားဟာ ကလပ်အသင်းကနေ ထွက်ခွာဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြပါတယ်။ဒီလိုလုပ်တဲ့ အကြောင်းအရင်းတွေကလည်း ရှိနေပါတယ်။

ပုံမှန်ဆိုရင် ကစားသမားတွေဟာ အသင်းကထွက်ခွာဖို့ အတွက် လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်တာ၊ အသင်းက ထွက်ခွာလိုတဲ့ အကြောင်းကို မီဒီယာတွေကို ပြောဆိုလေ့ရှိကြပါတယ်။ဒါပေမယ့် လမ်ခဲလ်ဇီ ကတော့ ပုံစံအသစ်ကို အသုံးပြုလာခဲ့ပါတယ်။ကင်မရွန်း တိုက်စစ်မှုးဟာ ပါနာသီနိုင်ကို့စ် ကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အသင်းကလူတွေ စိတ်ပျက်ပြီး ထွက်ခွာလို့ရအောင် စီစဉ်လာခဲ့တာဖြစ်ပါတယ်။

သူဟာ လေ့ကျင့်ရေးကွင်းကို လာရောက်ရာမှာ သူတို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ အန်ဒါလတ်ခ်ျ ဂျာစီ ကို ဝတ်ဆင်ပြီးလာခဲ့တာပါ။အဲဒါကြောင့်လည်း သူ့ကို လုံခြုံရေးက သူ့ကို လေ့ကျင့်ရေးကွင်းထဲကို ဝင်ခွင့်မပြုခဲ့တာဖြစ်ပါတယ်။လမ်ခဲလ်ဇီ ဟာ မကြာသေးခင် က “ကျွန်တော် ဂရိကို သွားချင်တယ်ဆိုတာ ရိုးရှင်းပါတယ်။ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရထားပြီးပါပြီ။ကျွန်တော့်ရဲ့ကစားသမားဘဝကို မကစားပါနဲ့”လို့ ဆိုထားတာဖြစ်ပါတယ်။

အန်တ့်ဝါတ့် အသင်းကတော့ စာချုပ်သက်တမ်း (၂၀၂၂) အထိရှိနေတဲ့ လမ်ခဲလ်ဇီ ကို ရောင်းချဖို့ သဘောတူညီမှုမရရှိခဲ့တဲ့ အတွက် ကစားသမားကို အဆုံးရှုံးခံမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။လမ်ခဲလ်ဇီ ကလည်း သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ လူသိရှင်ကြားတောင်းပန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Zawgyi

ရိုင္ယန္အန႔္တ္ဝါတ့္ အသင္းတိုက္စစ္မႈး လမ္ခဲလ္ဇီ ဟာ ၿပိဳင္ဘက္အသင္းဂ်ာစီ ဝတ္ဆင္ၿပီး အသင္းရဲ့ေလ့က်င့္ေရးကြင္းကို လာေရာက္ရာမွာ ဝင္ခြင့္မရခဲ့ဘူးလို႔ SportBible က ေဖာ္ျပခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ထဲက ကစားသမားအမ်ားအျပားဟာ ကလပ္အသင္းကေန ထြက္ခြာဖို႔ နည္းလမ္းေပါင္းစုံကို အသုံးျပဳခဲ့ၾကပါတယ္။ဒီလိုလုပ္တဲ့ အေၾကာင္းအရင္းေတြကလည္း ရွိေနပါတယ္။

ပုံမွန္ဆိုရင္ ကစားသမားေတြဟာ အသင္းကထြက္ခြာဖို႔ အတြက္ ေလ့က်င့္ခန္းဆင္းဖို႔ ျငင္းဆန္တာ၊ အသင္းက ထြက္ခြာလိုတဲ့ အေၾကာင္းကို မီဒီယာေတြကို ေျပာဆိုေလ့ရွိၾကပါတယ္။ဒါေပမယ့္ လမ္ခဲလ္ဇီ ကေတာ့ ပုံစံအသစ္ကို အသုံးျပဳလာခဲ့ပါတယ္။ကင္မရြန္း တိုက္စစ္မႈးဟာ ပါနာသီနိုင္ကို႔စ္ ကို ေျပာင္းေရႊ႕ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး အသင္းကလူေတြ စိတ္ပ်က္ၿပီး ထြက္ခြာလို႔ရေအာင္ စီစဥ္လာခဲ့တာျဖစ္ပါတယ္။

သူဟာ ေလ့က်င့္ေရးကြင္းကို လာေရာက္ရာမွာ သူတို႔ရဲ့ၿပိဳင္ဘက္ျဖစ္တဲ့ အန္ဒါလတ္ခ္် ဂ်ာစီ ကို ဝတ္ဆင္ၿပီးလာခဲ့တာပါ။အဲဒါေၾကာင့္လည္း သူ႔ကို လုံျခဳံေရးက သူ႔ကို ေလ့က်င့္ေရးကြင္းထဲကို ဝင္ခြင့္မျပဳခဲ့တာျဖစ္ပါတယ္။လမ္ခဲလ္ဇီ ဟာ မၾကာေသးခင္ က “ကၽြန္ေတာ္ ဂရိကို သြားခ်င္တယ္ဆိုတာ ရိုးရွင္းပါတယ္။ပုဂၢိဳလ္ေရး သေဘာတူညီမႈလည္း ရထားၿပီးပါၿပီ။ကၽြန္ေတာ့္ရဲ့ကစားသမားဘဝကို မကစားပါနဲ႔”လို႔ ဆိုထားတာျဖစ္ပါတယ္။

အန္တ့္ဝါတ့္ အသင္းကေတာ့ စာခ်ဳပ္သက္တမ္း (၂၀၂၂) အထိရွိေနတဲ့ လမ္ခဲလ္ဇီ ကို ေရာင္းခ်ဖို႔ သေဘာတူညီမႈမရရွိခဲ့တဲ့ အတြက္ ကစားသမားကို အဆုံးရႈံးခံမွာမဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။လမ္ခဲလ္ဇီ ကလည္း သူ႔ရဲ့လုပ္ရပ္နဲ႔ ပတ္သက္ၿပီး ေနာက္ပိုင္းမွာ လူသိရွင္ၾကားေတာင္းပန္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။