ရာသီကုန်ထိဆက်ရှိပြီး အိုဇေးလ် သစ္စာရှိကြေးယူမှာကို စိုးရိမ်နေတဲ့ အာဆင်နယ်

အာဆင်နယ် အသင်း ဟာ စာချုပ်ကုန်ဆုံးတဲ့အထိ အိုဇေးလ် အသင်းမှာ ဆက်ရှိနေမှာကို စိုးရိမ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အိုဇေးလ် ဟာ အာဆင်နယ် အသင်းနဲ့ စာ ချုပ်ကုန်မယ့် ဇွန်လအထိ ဆက်ရှိမယ်ဆိုရင် လုပ်ခလစာပေါင် (၈ဒသမ၇၅)သန်း ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အိုဇေးလ် အနေနဲ့ စာချုပ်ကုန်တဲ့ထိ ရှိမယ်ဆိုရင် သစ္စာရှိကြေး အပိုဆုကြေးတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။အာဆင်နယ် အသင်းမှာ တစ်ပတ်လုပ်ခပေါင် (၃သိန်း၅သောင်း)ရရှိနေတဲ့ အိုဇေးလ် ဟာ လက်ရှိအချိန်မှာ ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံနေရတာဖြစ်ပါတယ်။တူရကီကလပ် ဟာ ကြွေးမြီ ပေါင်(၂၇၅)သန်းရှိနေတဲ့အပြင် အသင်းရဲ့လုပ်ခလစာကို ဖြေရှင်းကို ပရိသတ်တွေက ကူညီပေးနေတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် အိုဇေးလ် အနေနဲ့ တူရကီကလပ် ကို ပြောင်းရွှေ့ခဲ့ရင် လစာအများကြီး လျှော့ယူရမှာဖြစ်ပါတယ်။အိုဇေးလ် ဟာ အခုနှစ်ရာသီ အာဆင်နယ် အသင်းရဲ့ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် လူစာရင်းမှာ မပါဝင်ခဲ့တာကြောင့် အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။အိုဇေးလ် ကလည်း အာဆင်နယ် အသင်းမှာ ဆက်ရှိချင်သလို သူ့ရဲ့အေးဂျင့်ကလည်း ဂျာမနီ ကစားသမား ဟာ လန်ဒန်ကလပ်မှာ ဆက်နေဖို့က ဦးစားပေးရည်မှန်းချက်ဖြစ်ပေမယ့် ‌သူ့အတွက် ရွေးချယ်စရာတွေကို စစ်ဆေးနေတယ်လို့ ပြောထားပါတယ်။

အိုဇေးလ် ဟာ (၂၀၁၃) က ရီးရယ်လ် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၅၄)ပွဲမှာ (၄၄)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။အိုဇေးလ် ဟာ အာဆင်နယ် အသင်းနဲ့ အတူ အက်ဖ်အေဖလား (၃)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၁)ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ အသင္း ဟာ စာခ်ဳပ္ကုန္ဆုံးတဲ့အထိ အိုေဇးလ္ အသင္းမွာ ဆက္ရွိေနမွာကို စိုးရိမ္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းနဲ႔ စာ ခ်ဳပ္ကုန္မယ့္ ဇြန္လအထိ ဆက္ရွိမယ္ဆိုရင္ လုပ္ခလစာေပါင္ (၈ဒသမ၇၅)သန္း ရရွိမွာျဖစ္ပါတယ္။

ဒါ့အျပင္ အိုေဇးလ္ အေနနဲ႔ စာခ်ဳပ္ကုန္တဲ့ထိ ရွိမယ္ဆိုရင္ သစၥာရွိေၾကး အပိုဆုေၾကးေတြကိုလည္း ရရွိမွာျဖစ္ပါတယ္။အာဆင္နယ္ အသင္းမွာ တစ္ပတ္လုပ္ခေပါင္ (၃သိန္း၅ေသာင္း)ရရွိေနတဲ့ အိုေဇးလ္ ဟာ လက္ရွိအခ်ိန္မွာ ဖီနာဘာခ်ီ အသင္းကို ေျပာင္းေရႊ႕ဖို႔ ခ်ိတ္ဆက္မႈေတြခံေနရတာျဖစ္ပါတယ္။တူရကီကလပ္ ဟာ ေႂကြးၿမီ ေပါင္(၂၇၅)သန္းရွိေနတဲ့အျပင္ အသင္းရဲ့လုပ္ခလစာကို ေျဖရွင္းကို ပရိသတ္ေတြက ကူညီေပးေနတာလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ အိုေဇးလ္ အေနနဲ႔ တူရကီကလပ္ ကို ေျပာင္းေရႊ႕ခဲ့ရင္ လစာအမ်ားႀကီး ေလၽွာ့ယူရမွာျဖစ္ပါတယ္။အိုေဇးလ္ ဟာ အခုႏွစ္ရာသီ အာဆင္နယ္ အသင္းရဲ့ပရီးမီးယားလိဂ္ နဲ႔ ယူရိုပါလိဂ္ လူစာရင္းမွာ မပါဝင္ခဲ့တာေၾကာင့္ အသင္းအတြက္ တစ္ပြဲမွ ပါဝင္ကစားရျခင္းမရွိေသးတာလည္းျဖစ္ပါတယ္။အိုေဇးလ္ ကလည္း အာဆင္နယ္ အသင္းမွာ ဆက္ရွိခ်င္သလို သူ႔ရဲ့ေအးဂ်င့္ကလည္း ဂ်ာမနီ ကစားသမား ဟာ လန္ဒန္ကလပ္မွာ ဆက္ေနဖို႔က ဦးစားေပးရည္မွန္းခ်က္ျဖစ္ေပမယ့္ ‌သူ႔အတြက္ ေရြးခ်ယ္စရာေတြကို စစ္ေဆးေနတယ္လို႔ ေျပာထားပါတယ္။

အိုေဇးလ္ ဟာ (၂၀၁၃) က ရီးရယ္လ္ အသင္းကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၅၄)ပြဲမွာ (၄၄)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းနဲ႔ အတူ အက္ဖ္ေအဖလား (၃)ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္း (၁)ႀကိမ္ရယူနိုင္ခဲ့တာျဖစ္ပါတယ္။