ပိုက်ဆံရှိရင် ဆုဖလားကိုတောင် အပိုင်ဝယ်ယူနိုင်တယ်ဆိုတာ ပြသွားတဲ့ မန်စီးတီး အသင်း

မန်စီးတီး အသင်းပိုင်ရှင် ရှိတ်မန်ဆော် ဟာ သက်တမ်းအကြာဆုံး အက်ဖ်အေဖလား ကို ပေါင်(၇သိန်း၆သောင်း)နီးပါး နဲ့ ဝယ်ယူခဲ့ပြီး မန်ချက်စတာကလပ် ဟာ နောက်ထပ်ဆုဖလား တစ်ခုကို ရရှိသွားခဲ့ပါတယ်။ဒီဆုဖလား ကို (၁၈၉၆) ကနေ (၁၉၁၀)ထိ ကမ္ဘာ့အကျော်ကြားဆုံးပြိုင်ပွဲဖြစ်တဲ့ အက်ဖ်အေဖလား မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒီဆုဖလားကို ဝက်စ်ဟမ်း အသင်းက ဒေးဗစ်ဂိုးလ် က (၂၀၀၅)ထဲက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီဆုဖလား ဟာ နှစ်ပေါင်းရာချီသက်တမ်းရှိပြီဖြစ်တာကြောင့် တန်ဖိုးကြီးမားတဲ့ ရှေးဟောင်းအမွေနှစ်တစ်ခုလည်းဖြစ်ပါတယ်။ဒီဆုဖလား ကို မန်ချက်စတာအခြေစိုက် နိုင်ငံရဲ့ဘောလုံးပြတိုက်မှာ ထားရှိသွားမှာဖြစ်ပါတယ်။

အီးတီဟတ် ဥက္ကဌ မူဘာရတ် က “ဒီ‌ဆုဖလား ဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ကြွယ်ဝပြီး ရှည်လျားတဲ့ သမိုင်းကြောင်းကို မြင်နိုင်တယ်ဆိုတာ သတိပေးလိုက်တာပါ။(၁၉၀၄) က ဒီဆုဖလားကို ရလိုက်တာက ကလပ်အသင်းရဲ့အလှည့်အပြောင်းတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ရှိတ်ရဲ့အမြင်က ဒီလိုယဉ်ကျေးမှုဆိုင်ရာ အရေးပါတဲ့ ဂုဏ်သတင်းကို မန်ချက်စတာ၊ အင်္ဂလိပ်ဘောလုံးမိသားစုနဲ့ အင်္ဂလိပ်ပွဲတွေကို ချစ်မြတ်နိုးသူတွေအားလုံးကို မျှဝေတာဖြစ်တယ်”လို့ ဆိုခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ အက်ဖ်အေဖလား ကို (၂၀၁၈-၁၉)ရာသီက နောက်ဆုံးရယူနိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း (၆)ကြိမ်ရယူထားတာလည်းဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းပိုင္ရွင္ ရွိတ္မန္ေဆာ္ ဟာ သက္တမ္းအၾကာဆုံး အက္ဖ္ေအဖလား ကို ေပါင္(၇သိန္း၆ေသာင္း)နီးပါး နဲ႔ ဝယ္ယူခဲ့ၿပီး မန္ခ်က္စတာကလပ္ ဟာ ေနာက္ထပ္ဆုဖလား တစ္ခုကို ရရွိသြားခဲ့ပါတယ္။ဒီဆုဖလား ကို (၁၈၉၆) ကေန (၁၉၁၀)ထိ ကမၻာ့အေက်ာ္ၾကားဆုံးၿပိဳင္ပြဲျဖစ္တဲ့ အက္ဖ္ေအဖလား မွာ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဒီဆုဖလားကို ဝက္စ္ဟမ္း အသင္းက ေဒးဗစ္ဂိုးလ္ က (၂၀၀၅)ထဲက ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ေလလံတင္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ဒီဆုဖလား ဟာ ႏွစ္ေပါင္းရာခ်ီသက္တမ္းရွိၿပီျဖစ္တာေၾကာင့္ တန္ဖိုးႀကီးမားတဲ့ ေရွးေဟာင္းအေမြႏွစ္တစ္ခုလည္းျဖစ္ပါတယ္။ဒီဆုဖလား ကို မန္ခ်က္စတာအေျခစိုက္ နိုင္ငံရဲ့ေဘာလုံးျပတိုက္မွာ ထားရွိသြားမွာျဖစ္ပါတယ္။

အီးတီဟတ္ ဥကၠဌ မူဘာရတ္ က “ဒီ‌ဆုဖလား ဟာ အဂၤလိပ္ေဘာလုံးေလာကရဲ့ႂကြယ္ဝၿပီး ရွည္လ်ားတဲ့ သမိုင္းေၾကာင္းကို ျမင္နိုင္တယ္ဆိုတာ သတိေပးလိုက္တာပါ။(၁၉၀၄) က ဒီဆုဖလားကို ရလိုက္တာက ကလပ္အသင္းရဲ့အလွည့္အေျပာင္းတစ္ခုကို ျဖစ္ေစခဲ့ပါတယ္။ရွိတ္ရဲ့အျမင္က ဒီလိုယဥ္ေက်းမႈဆိုင္ရာ အေရးပါတဲ့ ဂုဏ္သတင္းကို မန္ခ်က္စတာ၊ အဂၤလိပ္ေဘာလုံးမိသားစုနဲ႔ အဂၤလိပ္ပြဲေတြကို ခ်စ္ျမတ္နိုးသူေတြအားလုံးကို မၽွေဝတာျဖစ္တယ္”လို႔ ဆိုခဲ့ပါတယ္။

မန္စီးတီး အသင္းဟာ အက္ဖ္ေအဖလား ကို (၂၀၁၈-၁၉)ရာသီက ေနာက္ဆုံးရယူနိုင္ခဲ့တာျဖစ္ၿပီး စုစုေပါင္း (၆)ႀကိမ္ရယူထားတာလည္းျဖစ္ပါတယ္။