ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဗီလာအရန်အသင်းကို အနိုင်ရပြီး နောက်တစ်ဆင့်တက်တဲ့ လီဗာပူးလ်

ဒီမနက်ပိုင်းက အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ဗီလာ နဲ့ လီဗာပူးလ် အသင်းတို့ ကစားခဲ့ကြပါတယ်။ဒီပွဲမှာ လီ‌ဗာပူးလ် အသင်းက (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး စတုတ္တအဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ဗီလာ အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ပြသနာကြောင့် ဒီပွဲမှာ ယူ(၂၃)နဲ့ အကယ်ဒမီ ကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။လီဗာပူးလ် အသင်းကတော့ ဆာလတ်၊မာနေး၊ ဟန်ဒါဆန်၊ဝစ်ခ်ျနယ်လ်ဒန်း၊ ဖာဘင်ဟို၊ မီလ်နာ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်အသုံးပြုခဲ့ပါတယ်။ပထမပိုင်း (၄)မိနစ်မှာပဲ မာနေး က လီဗာပူးလ် အတွက် ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် ပွဲချိန်(၄၁)မိနစ်မှာ ဘယ်ရီက ဗီလာ အတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေနဲ့ ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ် အသင်းက သီယာဂို ကိုထည့်သွင်းပြီး ဂိုးတွေရဖို့ တရစပ်တိုက်စစ်ဆင်ကစားခဲ့ပါတယ်။လီဗာပူးလ် အသင်းအတွက် ဂိုးတွေကို မိနစ်(၆၀) မှာ ဝစ်ခ်ျနယ်လ်ဒန်း၊ (၆၃)မိနစ်မှာ မာနေး၊ (၆၅)မိနစ်မှာ ဆာလတ် တို့က တောက်လျှောက်သွင်းယူခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းရဲ့ကန်သွင်းချက်တွေကို ဗီလာ ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် ဒီထက်ဂိုးမပြတ်တော့တာပါ။

ပွဲအပြီးမှာ လီဗာပူးလ် အသင်းက ဗီလာ အသင်းကို (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝုလ်ဗ် နဲ့ ပဲလေစ် တို့ ပွဲမှာ ဝုလ်ဗ် က (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Zawgyi

ဒီမနက္ပိုင္းက အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္အျဖစ္ ဗီလာ နဲ႔ လီဗာပူးလ္ အသင္းတို႔ ကစားခဲ့ၾကပါတယ္။ဒီပြဲမွာ လီ‌ဗာပူးလ္ အသင္းက (၄)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး စတုတၱအဆင့္ကို တက္ေရာက္သြားၿပီျဖစ္ပါတယ္။

ဗီလာ အသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ျပသနာေၾကာင့္ ဒီပြဲမွာ ယူ(၂၃)နဲ႔ အကယ္ဒမီ ကစားသမားေတြကို အသုံးျပဳခဲ့ပါတယ္။လီဗာပူးလ္ အသင္းကေတာ့ ဆာလတ္၊မာေနး၊ ဟန္ဒါဆန္၊ဝစ္ခ္်နယ္လ္ဒန္း၊ ဖာဘင္ဟို၊ မီလ္နာ စတဲ့ အဓိက ကစားသမားေတြနဲ႔ ပြဲထြက္အသုံးျပဳခဲ့ပါတယ္။ပထမပိုင္း (၄)မိနစ္မွာပဲ မာေနး က လီဗာပူးလ္ အတြက္ ဦးေဆာင္ဂိုးရယူနိုင္ခဲ့ပါတယ္။ဒါေပမယ့္ ပြဲခ်ိန္(၄၁)မိနစ္မွာ ဘယ္ရီက ဗီလာ အတြက္ ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ တစ္ဖက္တစ္ဂိုးစီ သေရနဲ႔ ပထမပိုင္းၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္ အသင္းက သီယာဂို ကိုထည့္သြင္းၿပီး ဂိုးေတြရဖို႔ တရစပ္တိုက္စစ္ဆင္ကစားခဲ့ပါတယ္။လီဗာပူးလ္ အသင္းအတြက္ ဂိုးေတြကို မိနစ္(၆၀) မွာ ဝစ္ခ္်နယ္လ္ဒန္း၊ (၆၃)မိနစ္မွာ မာေနး၊ (၆၅)မိနစ္မွာ ဆာလတ္ တို႔က ေတာက္ေလၽွာက္သြင္းယူခဲ့တာျဖစ္ပါတယ္။လီဗာပူးလ္ အသင္းရဲ့ကန္သြင္းခ်က္ေတြကို ဗီလာ ဂိုးသမား ကာကြယ္နိုင္ခဲ့တာေၾကာင့္ ဒီထက္ဂိုးမျပတ္ေတာ့တာပါ။

ပြဲအၿပီးမွာ လီဗာပူးလ္ အသင္းက ဗီလာ အသင္းကို (၄)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး ေနာက္တစ္ဆင့္ တက္ေရာက္သြားခဲ့တာလည္းျဖစ္ပါတယ္။အျခားပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဝုလ္ဗ္ နဲ႔ ပဲေလစ္ တို႔ ပြဲမွာ ဝုလ္ဗ္ က (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။