လီဗာပူးလ် ကြယ်ပွင့်နဲ့ ဂျာစီလဲပြီးမှ ဂျာစီကို ပြန်တောင်းခဲ့တဲ့ ဗီလာလူငယ်ကစားသမား

အသက်(၁၇)နှစ်အရွယ်သာရှိသေးတဲ့ ဗီလာ အသင်းရဲ့ကစားသမား ဘာရီ အတွက်တော့ ဒီလီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ဟာ သူ့အတွက်တော့ မမေ့နိုင်စရာညတစ်ညဖြစ်ခဲ့ပါတယ်။အက်စတွန်ဗီလာ အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ပြသနာတွေကြောင့် ဒီပွဲမှာ လူငယ်ကစားသမားတွေကိုပဲ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ယူ(၂၃)အသင်းက ကစားသမား (၇)ဦးနဲ့ ယူ(၁၈) က ကစားသမား(၄)ဦးကို ဗီလာ အသင်းက ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ နာမည်ကြီး ကစားသမားအများအပြား ပါဝင်တဲ့ လီဗာပူးလ် အသင်းက ဗီလာ အသင်းကို (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ ဗီလာ အသင်းအတွက် ချေပဂိုး ကိုတော့ ဘာစီလိုနာ အသင်းရဲ့လူငယ်ကစားသမားဟောင်း ဘာရီ က လီဗာပူးလ် ကစားသမားတွေကို ကျော်ဖြတ်ပြီး လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။အသင်းကြီး အတွက် ပွဲထွက်ခွင့်ရတဲ့ ပထမပွဲမှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ကို ဂိုးသွင်းယူခဲ့တာကြောင့် ဘာရီ ဟာ ချီးကျုးမှုတွေခံခဲ့ရပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲအပြီးမှာ ဘာရီ ဟာ လီဗာပူးလ် အသင်းရဲ့အဓိက ကစားသမား ဖာဘင်ဟို နဲ့ ဂျာစီချင်းလဲလှယ်ဖို့ တောင်းဆိုခဲ့ရာ ဖာဘင်ဟို က သူ့ရဲ့ဂျာစီနဲ့ လဲလှယ်ပေးခဲ့ပါတယ်။ဒီအချိန်မှာ ဗီလာ အသင်းရဲ့အဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ပွဲဦးထွက်ဂျာစီ ကို လဲလှယ်ခြင်းမပြုလုပ်ဖို့ ဘာရီ ကို ဗီလာ အသင်းအဖွဲ့ဝင်တစ်ဦးကို လှမ်းပြောခဲ့ပါတယ်။အဲဒါကြောင့် ဘာရီကလည်း ဥမင်လှိုင်ခေါင်းထဲကို ပြေးဝင်ပြီး ဖာဘင်ဟို ကို သူ့ရဲ့ဂျာစီ ပြန်ပေးဖို့ ပြောခဲ့ပါတယ်။

ဖာဘင်ဟိုကလည်း ပြန်ပေးခဲ့ပြီး ဘာရီကလည်း လီဗာပူးလ် ကစားသမားရဲ့ဂျာစီ ကို ပြန်ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေအချို့ ကတော့ လီဗာပူးလ် နဲ့ ပွဲမှာ ဘာရီ ရဲစွမ်းဆောင်ရည်တွေကြောင့် အနာဂတ် အတွက် အသင်းမှာ ဆက်ထိန်းသိမ်းသင့်တယ်လို့ တွစ်တာမှာ ရေးသားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

Zawgyi

အသက္(၁၇)ႏွစ္အရြယ္သာရွိေသးတဲ့ ဗီလာ အသင္းရဲ့ကစားသမား ဘာရီ အတြက္ေတာ့ ဒီလီဗာပူးလ္ အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္ဟာ သူ႔အတြက္ေတာ့ မေမ့နိုင္စရာညတစ္ညျဖစ္ခဲ့ပါတယ္။အက္စတြန္ဗီလာ အသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ျပသနာေတြေၾကာင့္ ဒီပြဲမွာ လူငယ္ကစားသမားေတြကိုပဲ အသုံးျပဳခဲ့ရတာျဖစ္ပါတယ္။ယူ(၂၃)အသင္းက ကစားသမား (၇)ဦးနဲ႔ ယူ(၁၈) က ကစားသမား(၄)ဦးကို ဗီလာ အသင္းက ပြဲထြက္လူစာရင္းမွာ အသုံးျပဳခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲမွာ နာမည္ႀကီး ကစားသမားအမ်ားအျပား ပါဝင္တဲ့ လီဗာပူးလ္ အသင္းက ဗီလာ အသင္းကို (၄)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။ဒီပြဲစဥ္မွာ ဗီလာ အသင္းအတြက္ ေခ်ပဂိုး ကိုေတာ့ ဘာစီလိုနာ အသင္းရဲ့လူငယ္ကစားသမားေဟာင္း ဘာရီ က လီဗာပူးလ္ ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး လွလွပပသြင္းယူခဲ့တာျဖစ္ပါတယ္။အသင္းႀကီး အတြက္ ပြဲထြက္ခြင့္ရတဲ့ ပထမပြဲမွာ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံ ကို ဂိုးသြင္းယူခဲ့တာေၾကာင့္ ဘာရီ ဟာ ခ်ီးက်ဳးမႈေတြခံခဲ့ရပါတယ္။

ဒီပြဲစဥ္ရဲ့ ပြဲအၿပီးမွာ ဘာရီ ဟာ လီဗာပူးလ္ အသင္းရဲ့အဓိက ကစားသမား ဖာဘင္ဟို နဲ႔ ဂ်ာစီခ်င္းလဲလွယ္ဖို႔ ေတာင္းဆိုခဲ့ရာ ဖာဘင္ဟို က သူ႔ရဲ့ဂ်ာစီနဲ႔ လဲလွယ္ေပးခဲ့ပါတယ္။ဒီအခ်ိန္မွာ ဗီလာ အသင္းရဲ့အဖြဲ႕ဝင္တစ္ဦးက သူ႔ရဲ့ပြဲဦးထြက္ဂ်ာစီ ကို လဲလွယ္ျခင္းမျပဳလုပ္ဖို႔ ဘာရီ ကို ဗီလာ အသင္းအဖြဲ႕ဝင္တစ္ဦးကို လွမ္းေျပာခဲ့ပါတယ္။အဲဒါေၾကာင့္ ဘာရီကလည္း ဥမင္လွိုင္ေခါင္းထဲကို ေျပးဝင္ၿပီး ဖာဘင္ဟို ကို သူ႔ရဲ့ဂ်ာစီ ျပန္ေပးဖို႔ ေျပာခဲ့ပါတယ္။

ဖာဘင္ဟိုကလည္း ျပန္ေပးခဲ့ၿပီး ဘာရီကလည္း လီဗာပူးလ္ ကစားသမားရဲ့ဂ်ာစီ ကို ျပန္ေပးခဲ့တာျဖစ္ပါတယ္။ပရိသတ္ေတြအခ်ိဳ႕ ကေတာ့ လီဗာပူးလ္ နဲ႔ ပြဲမွာ ဘာရီ ရဲစြမ္းေဆာင္ရည္ေတြေၾကာင့္ အနာဂတ္ အတြက္ အသင္းမွာ ဆက္ထိန္းသိမ္းသင့္တယ္လို႔ တြစ္တာမွာ ေရးသားမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။