ဆာနေးရဲ့အားပြင်းတဲ့ ကန်ချက်ကြောင့် ကွင်းထဲလဲကျခံရတဲ့ မိုချန်ဂလာဘတ် ကစားသမား

ဘိုင်ယန်မြူးနစ် အသင်းက မိုချန်ဂလာဘတ် အသင်းကို အရေးနိမ့်တဲ့ ပွဲစဉ်မှာ ဆာနေး ရဲ့အားပြင်းတဲ့ ကန်ချင်ကြောင့် မိုချန်ဂလာဘတ် အသင်းကစားသမား ဂျင်တာ ဟာ ဦးခေါင်းကို ထိခဲ့ပြီး ကွင်းထဲလဲကျသွားခဲ့ပါတယ်။ဒီပွဲမှာ မိုချန်ဂလာဘတ် အသင်းက ဘိုင်ယန်မြူးနစ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မန်စီးတီး အသင်းကနေ အံအားသင့်ဖွယ် ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့လာတဲ့ ဆာနေး ဟာ အသင်း (၃)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်နေတဲ့ အချိန်မှာ ချေပဂိုးရဖို့ အတွက် ဧရိယာအပြင်ကနေ ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။သူရဲ့ကန်သွင်းချက် ဟာ ပြင်းထန်တာကြောင့် မိုချန်ဂလာဘတ် အသင်း ကစားသမား ဂျင်တာ ဟာ ဦးခေါင်းကို ထိပြီး လဲကျသွားခဲ့တာလည်းဖြစ်ပါတယ်။

ဂျင်တာ ဟာ ဒီဖြစ်ရပ်ကြောင့် ဂျင်တာ ဟာ ကုသမှုခံယူခဲ့ရပေမယ့် ကွင်းထဲမှာ ပွဲချိန်ပြည့်တဲ့ထိ ကစားသွားခဲ့ပါတယ်။ဒီပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပေမယ့် မိုချန်ဂလာဘတ် က (၃)ဂိုးပြန်သွင်းပြီး နိုင်ပွဲရခဲ့တာပါ။ဘိုင်ယန်အသင်း ဟာ ဒီပွဲရှုံးခဲ့ပေမယ့် လိုက်ပ်ဇစ် အသင်းကို (၂)မှတ်အသာနဲ့ အမှတ်ပေးဇယား ကို ဆက်လက်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီရှုံးပွဲဟာ ဘိုင်ယန်အသင်း အတွက်တော့ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ဘိုင်ယန်အသင်း ဟာ ကြားရက်မှာ ပိုကယ်လ်ဖလား ပွဲစဉ်အဖြစ် ဟိုလ်စတိန်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဘိုင္ယန္ျမဴးနစ္ အသင္းက မိုခ်န္ဂလာဘတ္ အသင္းကို အေရးနိမ့္တဲ့ ပြဲစဥ္မွာ ဆာေနး ရဲ့အားျပင္းတဲ့ ကန္ခ်င္ေၾကာင့္ မိုခ်န္ဂလာဘတ္ အသင္းကစားသမား ဂ်င္တာ ဟာ ဦးေခါင္းကို ထိခဲ့ၿပီး ကြင္းထဲလဲက်သြားခဲ့ပါတယ္။ဒီပြဲမွာ မိုခ်န္ဂလာဘတ္ အသင္းက ဘိုင္ယန္ျမဴးနစ္ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က မန္စီးတီး အသင္းကေန အံအားသင့္ဖြယ္ ဘိုင္ယန္ျမဴးနစ္ အသင္းကို ေျပာင္းေရႊ႕လာတဲ့ ဆာေနး ဟာ အသင္း (၃)ဂိုး-(၂)ဂိုးနဲ႔ အေရးနိမ့္ေနတဲ့ အခ်ိန္မွာ ေခ်ပဂိုးရဖို႔ အတြက္ ဧရိယာအျပင္ကေန ကန္ခ်က္ျပင္းျပင္းနဲ႔ ကန္သြင္းခဲ့တာျဖစ္ပါတယ္။သူရဲ့ကန္သြင္းခ်က္ ဟာ ျပင္းထန္တာေၾကာင့္ မိုခ်န္ဂလာဘတ္ အသင္း ကစားသမား ဂ်င္တာ ဟာ ဦးေခါင္းကို ထိၿပီး လဲက်သြားခဲ့တာလည္းျဖစ္ပါတယ္။

ဂ်င္တာ ဟာ ဒီျဖစ္ရပ္ေၾကာင့္ ဂ်င္တာ ဟာ ကုသမႈခံယူခဲ့ရေပမယ့္ ကြင္းထဲမွာ ပြဲခ်ိန္ျပည့္တဲ့ထိ ကစားသြားခဲ့ပါတယ္။ဒီပြဲမွာ ဘိုင္ယန္ျမဴးနစ္ အသင္းက (၂)ဂိုးျပတ္နဲ႔ ဦးေဆာင္ခဲ့ေပမယ့္ မိုခ်န္ဂလာဘတ္ က (၃)ဂိုးျပန္သြင္းၿပီး နိုင္ပြဲရခဲ့တာပါ။ဘိုင္ယန္အသင္း ဟာ ဒီပြဲရႈံးခဲ့ေပမယ့္ လိုက္ပ္ဇစ္ အသင္းကို (၂)မွတ္အသာနဲ႔ အမွတ္ေပးဇယား ကို ဆက္လက္ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ဒီရႈံးပြဲဟာ ဘိုင္ယန္အသင္း အတြက္ေတာ့ စက္တင္ဘာလေနာက္ပိုင္း ပထမဆုံးရႈံးပြဲၾကဳံေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။ဘိုင္ယန္အသင္း ဟာ ၾကားရက္မွာ ပိုကယ္လ္ဖလား ပြဲစဥ္အျဖစ္ ဟိုလ္စတိန္း အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။