ဗီလာနဲ့ ပွဲမှာ (၄၅)မိနစ်ပဲ ဝင်ကစားပြီး ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်ပြခဲ့တဲ့ သီယာဂို

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဘိုင်ယန်မြူးနစ် အသင်းကနေ ရောက်လာပြီးနောက် ဒဏ်ရာပြသနာတွေကြောင့် အသင်းရဲ့ပွဲစဉ်အများအပြားကို လွဲချော်ခဲ့တဲ့ သီယာဂို ကတော့ ဗီလာ အသင်းကို အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်း (၄၅)မိနစ်ပဲဝင်ကစားပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ် အသင်းက ဗီလာ အသင်းကို (၄)ဂိုး-(၁)ဂိုး နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား နောက်တစ်ဆင့်ကို တက်ရောက်သွားပြီလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပိုင်းမှာ သီယာဂို ဝင်ရောက်လာခြင်းက အသင်းကို အနိုင်ရလဒ်ပြတ်သားစေခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့ဘောလုံးပေးပို့ပုံတွေ၊ ခံစစ်လိုက်ကစားပုံတွေက ပရိသတ်အကြိုက်ဖြစ်ခဲ့တာပါ။

စပိန်ကစားသမားရဲ့စွမ်းဆောင်ရည်တွေကြောင့် ပရိသတ်တွေက ရာသီအကုန်ထိ ကြံခိုင်မှုအပြည့်နဲ့ အသင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ကြပါတယ်။ဗီလာ အသင်းကတော့ ဒီပွဲမှာ ပထမအသင်းကစားသမားတွေ ကိုရိုနာဗိုင်းရပ်စ် ပြသနာတွေကြောင့် ပါဝင်မကစားနိုင်ခဲ့ပဲ လူငယ်ကစားသမားတွေနဲ့သာ ကစားခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ ကစားခဲ့တဲ့ ဗီလာ တစ်သင်းလုံးရဲ့ပျှမ်းမျှ အသက်ဟာ (၁၈)နှစ်နဲ့ (၂၉၄)ရက်သာရှိပါတယ်။

လီဗာပူးလ် ဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ဗီလာ ကစားသမားဆိုရင် (၁၇)နှစ်အရွယ်သာ ရှိသေးတာလည်းဖြစ်ပါတယ်။လီဗာပူးလ် အသင်းနည်းပြ ကလောပ့်က ပွဲအပြီးမှာ ဗီလာ လူငယ်ကလေးတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျုးသွားခဲ့ပြီး သူတို့ ကြောင့် ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်လို့ ဆိုသွားခဲ့ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕က ဘိုင္ယန္ျမဴးနစ္ အသင္းကေန ေရာက္လာၿပီးေနာက္ ဒဏ္ရာျပသနာေတြေၾကာင့္ အသင္းရဲ့ပြဲစဥ္အမ်ားအျပားကို လြဲေခ်ာ္ခဲ့တဲ့ သီယာဂို ကေတာ့ ဗီလာ အသင္းကို အနိုင္ရတဲ့ပြဲမွာ ဒုတိယပိုင္း (၄၅)မိနစ္ပဲဝင္ကစားၿပီး ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသသြားခဲ့ပါတယ္။

ဒီပြဲမွာ လီဗာပူးလ္ အသင္းက ဗီလာ အသင္းကို (၄)ဂိုး-(၁)ဂိုး နဲ႔ အနိုင္ရၿပီး အက္ဖ္ေအဖလား ေနာက္တစ္ဆင့္ကို တက္ေရာက္သြားၿပီလည္းျဖစ္ပါတယ္။ပထမပိုင္းမွာ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ၿပီး ဒုတိယပိုင္းမွာ သီယာဂို ဝင္ေရာက္လာျခင္းက အသင္းကို အနိုင္ရလဒ္ျပတ္သားေစခဲ့တာလည္းျဖစ္ပါတယ္။သူရဲ့ေဘာလုံးေပးပို႔ပုံေတြ၊ ခံစစ္လိုက္ကစားပုံေတြက ပရိသတ္အႀကိဳက္ျဖစ္ခဲ့တာပါ။

စပိန္ကစားသမားရဲ့စြမ္းေဆာင္ရည္ေတြေၾကာင့္ ပရိသတ္ေတြက ရာသီအကုန္ထိ ႀကံခိုင္မႈအျပည့္နဲ႔ အသင္းအတြက္ ကစားေပးနိုင္ဖို႔ ေမၽွာ္လင့္ေၾကာင္း ဆိုခဲ့ၾကပါတယ္။ဗီလာ အသင္းကေတာ့ ဒီပြဲမွာ ပထမအသင္းကစားသမားေတြ ကိုရိုနာဗိုင္းရပ္စ္ ျပသနာေတြေၾကာင့္ ပါဝင္မကစားနိုင္ခဲ့ပဲ လူငယ္ကစားသမားေတြနဲ႔သာ ကစားခဲ့ရတာျဖစ္ပါတယ္။ဒီပြဲမွာ ကစားခဲ့တဲ့ ဗီလာ တစ္သင္းလုံးရဲ့ပၽွမ္းမၽွ အသက္ဟာ (၁၈)ႏွစ္နဲ႔ (၂၉၄)ရက္သာရွိပါတယ္။

လီဗာပူးလ္ ဘက္ကို ဂိုးသြင္းယူခဲ့တဲ့ ဗီလာ ကစားသမားဆိုရင္ (၁၇)ႏွစ္အရြယ္သာ ရွိေသးတာလည္းျဖစ္ပါတယ္။လီဗာပူးလ္ အသင္းနည္းၿပ ကေလာပ့္က ပြဲအၿပီးမွာ ဗီလာ လူငယ္ကေလးေတြရဲ့စြမ္းေဆာင္ရည္ကို ခ်ီးက်ဳးသြားခဲ့ၿပီး သူတို႔ ေၾကာင့္ ပြဲဟာ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့တယ္လို႔ ဆိုသြားခဲ့ပါတယ္။