ပထမပိုင်းထဲက သွင်းဂိုးနဲ့ အက်ဖ်အေဖလား နောက်တစ်ဆင့်တက်တဲ့ ယူနိုက်တက်

အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တစ်ပွဲအဖြစ် ဒီမနက်က ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် နဲ့ ဝက်ဖိုဒ့် အသင်းတို့ ကစားခဲ့ကြပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး စတုတ္တအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းကို အများအပြားအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။မာတာ၊ ဗန်‌ဒီဘိခ်၊ လင်ဂတ် တို့ကို ပွဲစထဲက အသုံးပြုခဲ့ပြီး တော်မီနေးက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ရပါတယ်။ဝက်ဖိုဒ့် အသင်းကလည်း အစ္စမေးလ်ဆား၊ ချလိုဘတ်၊ အန်ဒီဂရေး တို့ကို ပွဲထွက်လာခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ ပွဲအစ(၅)မိနစ်မှာပဲ တယ်လက်စ် ရဲ့ထောင့်ကန်ဘော ကို တော်မီနေး က ခေါင်းတိုက်ဂိုးသွင်းပြီး ယူနိုက်တက် တို့ ဦးဆောင်ဂိုးကို စောစီးစွာရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း မန်ချက်စတာယူနိုက်တက် အသင်းက နောက်ထပ်ဂိုးတွေရဖို့ ကြိုးစားခဲ့ပြီး ဝက်ဖိုဒ့်အသင်းကလည်း ချေပဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက ဂိုးကန်သွင်းတာ (၁၉)ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှု (၇)ကြိမ်အထိရှိခဲ့ပါတယ်။ဝက်ဖိုဒ့် အသင်းကတော့ ဂိုးကန်သွင်းတာ (၁၈)ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှု (၃)ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ပထမပိုင်းရလဒ်အတိုင်း မန်ချက်စတာယူနိုက်တက် အသင်းက အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား စတုတ္တအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။အနိုင်ဂိုးသွင်းခဲ့တဲ့ တော်မီနေး ကတော့ ဒီပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရတာဟာ သူ့အတွက် ကြီးမားတဲ့ ဂုဏ်ယူမှုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္တစ္ပြဲအျဖစ္ ဒီမနက္က ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူနိုက္တက္ နဲ႔ ဝက္ဖိုဒ့္ အသင္းတို႔ ကစားခဲ့ၾကပါတယ္။ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး စတုတၱအဆင့္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲမွာ ပြဲထြက္လူစာရင္းကို အမ်ားအျပားအေျပာင္းအလဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။မာတာ၊ ဗန္‌ဒီဘိခ္၊ လင္ဂတ္ တို႔ကို ပြဲစထဲက အသုံးျပဳခဲ့ၿပီး ေတာ္မီေနးက အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ခဲ့ရပါတယ္။ဝက္ဖိုဒ့္ အသင္းကလည္း အစၥေမးလ္ဆား၊ ခ်လိုဘတ္၊ အန္ဒီဂေရး တို႔ကို ပြဲထြက္လာခဲ့ပါတယ္။ဒီပြဲစဥ္ရဲ့ ပြဲအစ(၅)မိနစ္မွာပဲ တယ္လက္စ္ ရဲ့ေထာင့္ကန္ေဘာ ကို ေတာ္မီေနး က ေခါင္းတိုက္ဂိုးသြင္းၿပီး ယူနိုက္တက္ တို႔ ဦးေဆာင္ဂိုးကို ေစာစီးစြာရယူနိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္နိုင္ခဲ့ပါတယ္။ဒုတိယပိုင္းမွာလည္း မန္ခ်က္စတာယူနိုက္တက္ အသင္းက ေနာက္ထပ္ဂိုးေတြရဖို႔ ႀကိဳးစားခဲ့ၿပီး ဝက္ဖိုဒ့္အသင္းကလည္း ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ပါတယ္။ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက ဂိုးကန္သြင္းတာ (၁၉)ႀကိမ္အထိရွိခဲ့ၿပီး ဂိုးေပါက္တည့္မႈ (၇)ႀကိမ္အထိရွိခဲ့ပါတယ္။ဝက္ဖိုဒ့္ အသင္းကေတာ့ ဂိုးကန္သြင္းတာ (၁၈)ႀကိမ္အထိရွိခဲ့ၿပီး ဂိုးေပါက္တည့္မႈ (၃)ႀကိမ္သာရွိခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ပထမပိုင္းရလဒ္အတိုင္း မန္ခ်က္စတာယူနိုက္တက္ အသင္းက အနိုင္ရခဲ့ၿပီး အက္ဖ္ေအဖလား စတုတၱအဆင့္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။အနိုင္ဂိုးသြင္းခဲ့တဲ့ ေတာ္မီေနး ကေတာ့ ဒီပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ပါဝင္ခြင့္ရတာဟာ သူ႔အတြက္ ႀကီးမားတဲ့ ဂုဏ္ယူမႈျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။